ယူကရိန်းက စစ်မြေပြင်တွင် ရှုံးနိမ့်မှုများကို မကြာခင်အချိန်အတွင်း ကြုံတွေ့ရနိုင်ကြောင်း အမေရိကန်စစ်ဘက် သတိပေး

 2133

Pika (NP News) - နိုဝင်ဘာ ၃ဝ

ယူကရိန်းသည် စစ်မြေပြင်တွင် ရှုံးနိမ့်မှုများကို မကြာခင်အချိန်အတွင်းကြုံတွေ့ရနိုင်ကြောင်း အမေရိကန်စစ် ဘက်အရာရှိတစ်ဦးက သတိပေးပြောဆိုခဲ့ပြီး နောက်ထပ်နယ်မြေများကိုမဆုံးရှုံးမီ အမေရိကန်အဆိုပြုထားသော ငြိမ်းချမ်းရေးသဘောတူညီ ချက်ကိုလက်ခံရန် ယူကရိန်းကိုတိုက်တွန်းခဲ့ကြောင်း သတင်းရင်းမြစ်များကိုကိုးကားပြီး NBC သတင်းဌာန က ရေးသားဖော်ပြခဲ့သည်။
အချက်(၂၈)ချက်ပါရှိသော မူကြမ်းအစီအ စဉ်၏ အစောပိုင်းဗားရှင်းတွင် ယူကရိန်းသည် ၎င်း၏ထိန်း ချုပ်မှု အောက်တွင်ရှိနေဆဲဖြစ်သော ဒွန်းဘတ်စ်ဒေသရှိ ရုရှားဒေသအသစ်များ၏အစိတ်အပိုင်းများကို စွန့်လွှတ်ရန်၊ ခါဆွန်နှင့် ဇာပိုရိုဇီမြို့တို့ရှိ ရှေ့တန်းစစ် မြေမျက်နှာပြင်များမှဆုတ်ခွာရန်နှင့် ယူကရိန်းစစ်တပ် ၏အရွယ်အစားကို ထက်ဝက် လျှော့ချပစ်ရန်လိုအပ် မည်ဖြစ်ကြောင်းသတင်းများလည်းထွက်ပေါ်နေသည်။
ယူကရိန်းတပ်ဖွဲ့များသည် စစ်မြေပြင်တွင် ဆိုးရွားသောအခြေအနေများနှင့်ရင်ဆိုင်ခဲ့ရပြီး ရုရှားတပ်ဖွဲ့များကို ဆန့်ကျင်တိုက်ခိုက်နိုင်ခြင်းမျိုးမရှိဘဲ ရှုံးနိမ့်လိမ့်မည်ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် အမေရိကန်စစ်ဘက်အရာရှိ တစ်ဦးက ယူကရိန်းအရာရှိများ နှင့်တွေ့ဆုံစဉ်အချိန်အတွင်း ပြောကြားခဲ့ကြောင်း NBC ကရေးသားဖော်ပြခဲ့သည်။ ပြီးခဲ့ သည့်လများအတွင်း ရုရှားတပ်ဖွဲ့များက ဒွန်းဘတ်စ်ဒေသနှင့်အခြား နေရာများတွင် ထိုးစစ်ဆင်မှုများလုပ်ဆောင်နေချိန် တွင် ယူကရိန်းအရာရှိများက လူအင်အားမလုံလောက် မှုကိုညည်းတွားနေခဲ့ကြကြောင်း NBC က ထပ်မံ ရေးသား ဖော်ပြခဲ့သည်။
ထို့ပြင် ရုရှားသည် ၎င်း၏လေကြောင်း တိုက်ခိုက်မှုများ၏အတိုင်းအတာနှင့် အရှိန်အဟုန်ကို တိုးမြှင့်နေပြီး အကန့်အသတ်မရှိတိုက်ခိုက်နိုင်စွမ်းရှိကြောင်း အမေရိကန်စစ်ဘက်အရာရှိတစ်ဦးကပြော ကြားခဲ့သည်။

Zawgyi Version:
ယူကရိန္းက စစ္ေျမျပင္တြင္ ရႈံးနိမ့္မႈမ်ားကို မၾကာခင္အခ်ိန္အတြင္း ႀကဳံေတြ႕ရႏိုင္ေၾကာင္း အေမရိကန္စစ္ဘက္ သတိေပး
Pika (NP News) - ႏိုဝင္ဘာ ၃ဝ
ယူကရိန္းသည္ စစ္ေျမျပင္တြင္ ရႈံးနိမ့္မႈမ်ားကို မၾကာခင္အခ်ိန္အတြင္းႀကဳံေတြ႕ရႏိုင္ေၾကာင္း အေမရိကန္စစ္ ဘက္အရာရွိတစ္ဦးက သတိေပးေျပာဆိုခဲ့ၿပီး ေနာက္ထပ္နယ္ေျမမ်ားကိုမဆုံးရႈံးမီ အေမရိကန္အဆိုျပဳထားေသာ ၿငိမ္းခ်မ္းေရးသေဘာတူညီ ခ်က္ကိုလက္ခံရန္ ယူကရိန္းကိုတိုက္တြန္းခဲ့ေၾကာင္း သတင္းရင္းျမစ္မ်ားကိုကိုးကားၿပီး NBC သတင္းဌာန က ေရးသားေဖာ္ျပခဲ့သည္။
အခ်က္(၂၈)ခ်က္ပါရွိေသာ မူၾကမ္းအစီအ စဥ္၏ အေစာပိုင္းဗားရွင္းတြင္ ယူကရိန္းသည္ ၎၏ထိန္း ခ်ဳပ္မႈ ေအာက္တြင္ရွိေနဆဲျဖစ္ေသာ ဒြန္းဘတ္စ္ေဒသရွိ ႐ုရွားေဒသအသစ္မ်ား၏အစိတ္အပိုင္းမ်ားကို စြန႔္လႊတ္ရန္၊ ခါဆြန္ႏွင့္ ဇာပို႐ိုဇီၿမိဳ႕တို႔ရွိ ေရွ႕တန္းစစ္ ေျမမ်က္ႏွာျပင္မ်ားမွဆုတ္ခြာရန္ႏွင့္ ယူကရိန္းစစ္တပ္ ၏အ႐ြယ္အစားကို ထက္ဝက္ ေလွ်ာ့ခ်ပစ္ရန္လိုအပ္ မည္ျဖစ္ေၾကာင္းသတင္းမ်ားလည္းထြက္ေပၚေနသည္။
ယူကရိန္းတပ္ဖြဲ႕မ်ားသည္ စစ္ေျမျပင္တြင္ ဆိုး႐ြားေသာအေျခအေနမ်ားႏွင့္ရင္ဆိုင္ခဲ့ရၿပီး ႐ုရွားတပ္ဖြဲ႕မ်ားကို ဆန႔္က်င္တိုက္ခိုက္ႏိုင္ျခင္းမ်ိဳးမရွိဘဲ ရႈံးနိမ့္လိမ့္မည္ဟု ၿပီးခဲ့သည့္သီတင္းပတ္တြင္ အေမရိကန္စစ္ဘက္အရာရွိ တစ္ဦးက ယူကရိန္းအရာရွိမ်ား ႏွင့္ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ေျပာၾကားခဲ့ေၾကာင္း NBC ကေရးသားေဖာ္ျပခဲ့သည္။ ၿပီးခဲ့ သည့္လမ်ားအတြင္း ႐ုရွားတပ္ဖြဲ႕မ်ားက ဒြန္းဘတ္စ္ေဒသႏွင့္အျခား ေနရာမ်ားတြင္ ထိုးစစ္ဆင္မႈမ်ားလုပ္ေဆာင္ေနခ်ိန္ တြင္ ယူကရိန္းအရာရွိမ်ားက လူအင္အားမလုံေလာက္ မႈကိုညည္းတြားေနခဲ့ၾကေၾကာင္း NBC က ထပ္မံ ေရးသား ေဖာ္ျပခဲ့သည္။
ထို႔ျပင္ ႐ုရွားသည္ ၎၏ေလေၾကာင္း တိုက္ခိုက္မႈမ်ား၏အတိုင္းအတာႏွင့္ အရွိန္အဟုန္ကို တိုးျမႇင့္ေနၿပီး အကန႔္အသတ္မရွိတိုက္ခိုက္ႏိုင္စြမ္းရွိေၾကာင္း အေမရိကန္စစ္ဘက္အရာရွိတစ္ဦးကေျပာ ၾကားခဲ့သည္။

Related news

© 2021. All rights reserved.