လူမှုကွန်ယက်တွင်လှုံ့ဆော်ရေးသားသော အရှင်စန္ဒဇောတိကို ၅၀၅-က ဖြင့် လူဝတ်လဲ အမှုဖွင့်ထား

3495

သန့်ဇင်(NP News)-ဒီဇင်ဘာ ၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင်ကိစ္စနှင့်ပတ်သက်၍လူမှုကွန်ယက်တွင်လှုံ့ဆော်ရေးသားသော သာသနာနွယ်ဖောင် ဒေးရှင်း ဆရာတော် အရှင်စန္ဒဇောတိကို ၅၀၅-ကဖြင့် လူဝတ်လဲ အမှုဖွင့်ထားကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ နီးစပ်သူများထံမှ သိရသည်။
တောင်ဝိုင်းတောင်ကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာပေါ်တွင်ရေးသားခဲ့သော် မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ တောင် ဝိုင်း ရပ်၊ ဇေတဝန်ကျောင်းတိုက်ဆရာတော် အရှင်စန္ဒဇောတိအား ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်တွင် ဗုပ္ပန်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကအရ အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အရှင်စန္ဒဇောတိ၏ Facebook အကောင့်မှ နိုင်ငံတော်အကြည်ညိုပျက်စေမည့် Post (၃)ကြိမ်တင်ခြင်း၊ ဖြန့်ဝေခြင်းများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
တောင်ဝိုင်းကိစ္စနှင့်ပတ်သက်သော ဖြစ်စဉ်အမှန်မှာ မြေတူးနေသည့်နေရာသည် တောင်ဝိုင်းတောင်နှင့် သက်ဆိုင်ခြင်းမရှိပဲ မီတာ (၂၀၀၀) နီး ပါးခန့် ကွာဝေးပြီး တောင်ကိုဖြိုဖျက်ခြင်း မဟုတ်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ မြေကြီးများကို တူးဖော်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် တူးဖော်ရရှိသည့် မြေများကို အတ္တရံမြစ်အနီး မြေနိမ့်သောနေရာများတွင် ရေစီးကမ်းပြိုမှုမဖြစ်စေရန် မြေဖို့ရန် ဆောင်ရွက် ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
လူမႈကြန္ယက္တြင္လႈံ႕ေဆာ္ေရးသားေသာ အရွင္စႏၵေဇာတိကို ၅၀၅-က ျဖင့္ လူဝတ္လဲ အမႈဖြင့္ထား
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၁
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ရွိ ေတာင္ဝိုင္းေတာင္ကိစၥႏွင့္ပတ္သက္၍လူမႈကြန္ယက္တြင္လႈံ႕ေဆာ္ေရးသားေသာ သာသနာႏြယ္ေဖာင္ ေဒးရွင္း ဆရာေတာ္ အရွင္စႏၵေဇာတိကို ၅၀၅-ကျဖင့္ လူဝတ္လဲ အမႈဖြင့္ထားေၾကာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ နီးစပ္သူမ်ားထံမွ သိရသည္။
ေတာင္ဝိုင္းေတာင္ကိစၥႏွင့္ပတ္သက္၍ လူမႈကြန္ယက္စာမ်က္ႏွာေပၚတြင္ေရးသားခဲ့ေသာ္ ေမာ္လၿမိဳင္ၿမိဳ႕၊ ေဈးႀကိဳရပ္ကြက္၊ ေတာင္ ဝိုင္း ရပ္၊ ေဇတဝန္ေက်ာင္းတိုက္ဆရာေတာ္ အရွင္စႏၵေဇာတိအား ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၂၇ ရက္တြင္ ဗုပၸန္နယ္ေျမရဲစခန္းက ရာဇသတ္ႀကီး ပုဒ္မ ၅၀၅-ကအရ အမႈဖြင့္အေရးယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ အရွင္စႏၵေဇာတိ၏ Facebook အေကာင့္မွ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမည့္ Post (၃)ႀကိမ္တင္ျခင္း၊ ျဖန႔္ေဝျခင္းမ်ား ျပဳလုပ္ ခဲ့ေၾကာင္း သိရသည္။
ေတာင္ဝိုင္းကိစၥႏွင့္ပတ္သက္ေသာ ျဖစ္စဥ္အမွန္မွာ ေျမတူးေနသည့္ေနရာသည္ ေတာင္ဝိုင္းေတာင္ႏွင့္ သက္ဆိုင္ျခင္းမရွိပဲ မီတာ (၂၀၀၀) နီး ပါးခန႔္ ကြာေဝးၿပီး ေတာင္ကိုၿဖိဳဖ်က္ျခင္း မဟုတ္သည့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ေျမႀကီးမ်ားကို တူးေဖာ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ တူးေဖာ္ရရွိသည့္ ေျမမ်ားကို အတၱရံျမစ္အနီး ေျမနိမ့္ေသာေနရာမ်ားတြင္ ေရစီးကမ္းၿပိဳမႈမျဖစ္ေစရန္ ေျမဖို႔ရန္ ေဆာင္႐ြက္ ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။