ဆယ်စုနှစ်(၁)ခုအတွင်း မြန်မာ့ဘိန်းစိုက်ပျိုးမှု အမြင့်ဆုံးရောက်ရှိလာကြောင်း UNODC ဖော်ပြ

303

ALynn (NP news)- ဒီဇင်ဘာ ၃
မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုသည် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ပြီး စစ်ပွဲများနှင့် စီးပွားရေးအခက်အခဲများကြောင့် တောင်သူများသည် တရားမဝင်ရောင်းဝယ်မှုဘက်သို့ ဦးတည်လာခဲ့ကြရာ ပြီးခဲ့သည့်နှစ်က ဘိန်းစိုက်ပျိုးမှုသည် (၁၇) ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ဒီဇင်ဘာလ (၃) ရက်နေ့တွင် ဖော်ပြခဲ့သည်။
UNODC က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဘိန်းစိုက်ပျိုးမှုသည် (၂၀၂၄) ခုနှစ်တွင် (၄၅,၂၀၀) ဟက်တာမှ (၂၀၂၅) ခုနှစ်တွင် (၅၃,၁၀၀) ဟက်တာသို့ တိုးလာခဲ့ကြောင်း ဖော်ပြထားပြီး အာဖဂန်နစ္စတန်၌ ဘိန်းထုတ်လုပ်မှု ကျဆင်းနေချိန်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဓိက တရားမဝင်ဘိန်းစိုက်ပျိုးရာ နေရာဖြစ်လာကြောင်း အလေးပေးဖော်ပြထားသည်။
အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ UNODC ကိုယ်စားလှယ် Delphine Schantz က "ဘိန်းစိုက်ပျိုးမှု အကြီးအကျယ် တိုးချဲ့လာခြင်းက ဘိန်းစီးပွားရေးဟာ မကြာသေးမီနှစ်တွေအတွင်း ဘယ်လောက်အထိ ပြန်လည် အမြစ်တွယ် ခိုင်မာလာကြောင်း ပြသနေပါတယ်။ နောင်အနာဂတ်မှာ ပိုမိုတိုးတက်လာနိုင်တဲ့ အလားအလာရှိနေပါတယ်" ဟု ပြောကြားခဲ့သည်။
နှစ်အတော်ကြာ ကျဆင်းခဲ့ပြီးနောက် ဘိန်းဈေးနှုန်းကြောင့် (၂၀၂၀) ပြည့်နှစ်မှစ၍ ဘိန်းစိုက်ပျိုးမှု တဖြည်းဖြည်း တိုးလာခဲ့သည်ကို UNODC ၏ နောက်ဆုံးတွေ့ရှိချက်များက အတည်ပြုခဲ့ကြောင်း၊ ဘိန်းဈေးနှုန်းမှာလည်း အဆိုပါကာလအတွင်း နှစ်ဆ တိုးလာခဲ့ကြောင်း UNODC က ဖော်ပြခဲ့သည်။
စိုက်ပျိုးမှု အများဆုံး တိုးလာခဲ့သည့် ဒေသများမှာ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် (၃၂) ရာခိုင်နှုန်းနှင့် ချင်းပြည်နယ်တွင် (၂၆) ရာခိုင်နှုန်း အသီးသီးရှိခဲ့ပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းသည် (၄၄) ရာခိုင်နှုန်းဖြင့် အဓိကစိုက်ပျိုးရာဒေသအဖြစ် ဆက်လက်တည်ရှိနေကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်း၊ အိန္ဒိယနယ်စပ်အနီးတွင်လည်း ဘိန်းစိုက်ပျိုးမှု (၅၅၂) ဟက်တာ ရှိကြောင်းကိုလည်း ဖော်ထုတ်ထားသည်။ ဤတွေ့ရှိချက်သည် ထိုဒေသတွင် ဘိန်းစိုက်ပျိုးမှု တွေ့ရှိရသည့် ပထမဆုံးအကြိမ် ဖြစ်ပြီး ဘိန်းစိုက်ပျိုးမှုသည် ပိုမိုကျယ်ပြန့်စွာ ပျံ့နှံ့လာနေကြောင်း အချက်ပြနေသည်။

Zawgyi Version:
ဆယ္စုႏွစ္(၁)ခုအတြင္း ျမန္မာ့ဘိန္းစိုက္ပ်ိဳးမႈ အျမင့္ဆုံးေရာက္ရွိလာေၾကာင္း UNODC ေဖာ္ျပ
ALynn (NP news)- ဒီဇင္ဘာ ၃
ျမန္မာႏိုင္ငံတြင္ ဘိန္းစိုက္ပ်ိဳးမႈသည္ ဆယ္စုႏွစ္အတြင္း အျမင့္ဆုံးအေျခအေနသို႔ ေရာက္ရွိခဲ့ၿပီး စစ္ပြဲမ်ားႏွင့္ စီးပြားေရးအခက္အခဲမ်ားေၾကာင့္ ေတာင္သူမ်ားသည္ တရားမဝင္ေရာင္းဝယ္မႈဘက္သို႔ ဦးတည္လာခဲ့ၾကရာ ၿပီးခဲ့သည့္ႏွစ္က ဘိန္းစိုက္ပ်ိဳးမႈသည္ (၁၇) ရာခိုင္ႏႈန္းအထိ တိုးလာခဲ့ေၾကာင္း ကုလသမဂၢ မူးယစ္ေဆးဝါးႏွင့္ ရာဇဝတ္မႈဆိုင္ရာ႐ုံး (UNODC) က ဒီဇင္ဘာလ (၃) ရက္ေန႔တြင္ ေဖာ္ျပခဲ့သည္။
UNODC က ထုတ္ျပန္သည့္ အစီရင္ခံစာတြင္ ဘိန္းစိုက္ပ်ိဳးမႈသည္ (၂၀၂၄) ခုႏွစ္တြင္ (၄၅,၂၀၀) ဟက္တာမွ (၂၀၂၅) ခုႏွစ္တြင္ (၅၃,၁၀၀) ဟက္တာသို႔ တိုးလာခဲ့ေၾကာင္း ေဖာ္ျပထားၿပီး အာဖဂန္နစၥတန္၌ ဘိန္းထုတ္လုပ္မႈ က်ဆင္းေနခ်ိန္တြင္ ျမန္မာႏိုင္ငံသည္ ကမာၻ႔အဓိက တရားမဝင္ဘိန္းစိုက္ပ်ိဳးရာ ေနရာျဖစ္လာေၾကာင္း အေလးေပးေဖာ္ျပထားသည္။
အေရွ႕ေတာင္အာရွႏွင့္ ပစိဖိတ္ေဒသဆိုင္ရာ UNODC ကိုယ္စားလွယ္ Delphine Schantz က "ဘိန္းစိုက္ပ်ိဳးမႈ အႀကီးအက်ယ္ တိုးခ်ဲ႕လာျခင္းက ဘိန္းစီးပြားေရးဟာ မၾကာေသးမီႏွစ္ေတြအတြင္း ဘယ္ေလာက္အထိ ျပန္လည္ အျမစ္တြယ္ ခိုင္မာလာေၾကာင္း ျပသေနပါတယ္။ ေနာင္အနာဂတ္မွာ ပိုမိုတိုးတက္လာႏိုင္တဲ့ အလားအလာရွိေနပါတယ္" ဟု ေျပာၾကားခဲ့သည္။
ႏွစ္အေတာ္ၾကာ က်ဆင္းခဲ့ၿပီးေနာက္ ဘိန္းေဈးႏႈန္းေၾကာင့္ (၂၀၂၀) ျပည့္ႏွစ္မွစ၍ ဘိန္းစိုက္ပ်ိဳးမႈ တျဖည္းျဖည္း တိုးလာခဲ့သည္ကို UNODC ၏ ေနာက္ဆုံးေတြ႕ရွိခ်က္မ်ားက အတည္ျပဳခဲ့ေၾကာင္း၊ ဘိန္းေဈးႏႈန္းမွာလည္း အဆိုပါကာလအတြင္း ႏွစ္ဆ တိုးလာခဲ့ေၾကာင္း UNODC က ေဖာ္ျပခဲ့သည္။
စိုက္ပ်ိဳးမႈ အမ်ားဆုံး တိုးလာခဲ့သည့္ ေဒသမ်ားမွာ ရွမ္းျပည္နယ္ အေရွ႕ပိုင္းတြင္ (၃၂) ရာခိုင္ႏႈန္းႏွင့္ ခ်င္းျပည္နယ္တြင္ (၂၆) ရာခိုင္ႏႈန္း အသီးသီးရွိခဲ့ၿပီး၊ ရွမ္းျပည္နယ္ေတာင္ပိုင္းသည္ (၄၄) ရာခိုင္ႏႈန္းျဖင့္ အဓိကစိုက္ပ်ိဳးရာေဒသအျဖစ္ ဆက္လက္တည္ရွိေနေၾကာင္း အစီရင္ခံစာက ေဖာ္ျပထားသည္။
ထို႔ျပင္ စစ္ကိုင္းတိုင္းေဒသႀကီး ေျမာက္ပိုင္း၊ အိႏၵိယနယ္စပ္အနီးတြင္လည္း ဘိန္းစိုက္ပ်ိဳးမႈ (၅၅၂) ဟက္တာ ရွိေၾကာင္းကိုလည္း ေဖာ္ထုတ္ထားသည္။ ဤေတြ႕ရွိခ်က္သည္ ထိုေဒသတြင္ ဘိန္းစိုက္ပ်ိဳးမႈ ေတြ႕ရွိရသည့္ ပထမဆုံးအႀကိမ္ ျဖစ္ၿပီး ဘိန္းစိုက္ပ်ိဳးမႈသည္ ပိုမိုက်ယ္ျပန႔္စြာ ပ်ံ႕ႏွံ႔လာေနေၾကာင္း အခ်က္ျပေနသည္။