ဗင်နီဇွဲလားက ကျွန်သဘောငြိမ်းချမ်းရေးကို မလိုချင်ဘူးလို့ သမ္မတနီကိုလက်စ်မာဒူရိုပြော

145

Pika (NP News) - ဒီဇင်ဘာ ၄
ဗင်နီဇွဲလားနိုင်ငံက ကျွန်သဘောငြိမ်းချမ်းရေးကို မလိုချင်ဘူးလို့ ဗင်နီဇွဲလားသမ္မတနီကိုလက်စ်မာဒူရိုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်ရဲ့စစ်ဘက်ဆိုင်ရာဖြန့်ကျက်ချထားမှုတွေက ဗင်နီဇွဲလားနိုင်ငံကို လပေါင်းများစွာကြာအောင် စမ်းသပ်နေတာမျိုးဖြစ်တယ်လို့ နီကိုလက်စ်မာဒူရိုကပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ကာရေဘီယံပင်လယ်ပြင်မှာ ရေတပ်အင်အားတည်ဆောက်မှုတွေကို အရှိန်မြှင့်တင်ခဲ့ပြီး မူးယစ်ဆေးဝါးသယ်ဆောင်ထားတယ်လို့ ယူဆရတဲ့သင်္ဘောတွေကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့မှုနဲ့အတူ နီကိုလက်စ်မာဒူရိုအပေါ် ဖိအားပေးမှုတွေကို ပိုမိုလုပ်ဆောင်လာခဲ့တယ်လို့လည်း သိရပါတယ်။
နီကိုလက်စ်မာဒူရိုက "ကျွန်တော်တို့ ငြိမ်းချမ်းရေးကို လိုချင်ပါတယ်။ဒါပေမယ့် အချုပ်အခြာအာဏာ၊တန်းတူညီမျှမှု၊ လွတ်လပ်မှုတွေရှိတဲ့ ငြိမ်းချမ်းရေးကိုပဲ လိုချင်တာပါ။ ကျွန်သဘောငြိမ်းချမ်းရေး ဒါမှမဟုတ် ကိုလိုနီငြိမ်းချမ်းရေးကို ကျွန်တော်တို့ မလိုချင်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံအကြောင်းဆွေးနွေးဖို့အတွက် ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံရဲ့ထိပ်တန်းအမျိုးသားလုံခြုံရေးအရာရှိတွေနဲ့တွေ့ဆုံဖို့စီစဉ်ထားချိန်မှာပဲ နီကိုလက်စ်မာဒူရိုက ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

Zawgyi Version:
ဗင္နီဇြဲလားက ကြၽန္သေဘာၿငိမ္းခ်မ္းေရးကို မလိုခ်င္ဘူးလို႔ သမၼတနီကိုလက္စ္မာဒူ႐ိုေျပာ
Pika (NP News) - ဒီဇင္ဘာ ၄
ဗင္နီဇြဲလားႏိုင္ငံက ကြၽန္သေဘာၿငိမ္းခ်မ္းေရးကို မလိုခ်င္ဘူးလို႔ ဗင္နီဇြဲလားသမၼတနီကိုလက္စ္မာဒူ႐ိုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္ရဲ႕စစ္ဘက္ဆိုင္ရာျဖန႔္က်က္ခ်ထားမႈေတြက ဗင္နီဇြဲလားႏိုင္ငံကို လေပါင္းမ်ားစြာၾကာေအာင္ စမ္းသပ္ေနတာမ်ိဳးျဖစ္တယ္လို႔ နီကိုလက္စ္မာဒူ႐ိုကေျပာၾကားခဲ့ပါတယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ ကာေရဘီယံပင္လယ္ျပင္မွာ ေရတပ္အင္အားတည္ေဆာက္မႈေတြကို အရွိန္ျမႇင့္တင္ခဲ့ၿပီး မူးယစ္ေဆးဝါးသယ္ေဆာင္ထားတယ္လို႔ ယူဆရတဲ့သေဘၤာေတြကို တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့မႈနဲ႔အတူ နီကိုလက္စ္မာဒူ႐ိုအေပၚ ဖိအားေပးမႈေတြကို ပိုမိုလုပ္ေဆာင္လာခဲ့တယ္လို႔လည္း သိရပါတယ္။
နီကိုလက္စ္မာဒူ႐ိုက "ကြၽန္ေတာ္တို႔ ၿငိမ္းခ်မ္းေရးကို လိုခ်င္ပါတယ္။ဒါေပမယ့္ အခ်ဳပ္အျခာအာဏာ၊တန္းတူညီမွ်မႈ၊ လြတ္လပ္မႈေတြရွိတဲ့ ၿငိမ္းခ်မ္းေရးကိုပဲ လိုခ်င္တာပါ။ ကြၽန္သေဘာၿငိမ္းခ်မ္းေရး ဒါမွမဟုတ္ ကိုလိုနီၿငိမ္းခ်မ္းေရးကို ကြၽန္ေတာ္တို႔ မလိုခ်င္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဗင္နီဇြဲလားႏိုင္ငံအေၾကာင္းေဆြးေႏြးဖို႔အတြက္ ေဒၚနယ္ထရမ့္က ဗင္နီဇြဲလားႏိုင္ငံရဲ႕ထိပ္တန္းအမ်ိဳးသားလုံၿခဳံေရးအရာရွိေတြနဲ႔ေတြ႕ဆုံဖို႔စီစဥ္ထားခ်ိန္မွာပဲ နီကိုလက္စ္မာဒူ႐ိုက ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။