၂၀၂၅ခုနှစ်အတွင်း YBS မတော်တဆမှုကြောင့် သေဆုံးသူ (၃၀)ကျော်နှင့် ထိခိုက်ဒဏ်ရာရသူ (၅၀)ကျော်ရှိ

 77

စော(NP New)- ဇန်နဝါရီ ၂၉
ပြီးခဲ့သည့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ YBS မတော်တဆမှုကြောင့် သေဆုံးသူ (၃၀)ကျော်နှင့် ထိခိုက်ဒဏ်ရာရသူ (၅၀)ကျော်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC)ထံမှသိရဿည်။
YBSယာဉ်တိုက်မှုပေါင်း (၆၄)ကြိမ်နှင့် အခြားမတော်တဆမှုပေါင်း (၈) ကြိမ်ရှိခဲ့၍ ယာဉ်မတော်တဆမှုစုစုပေါင်း (၇၂)ကြိမ်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၅၄)ဦးနှင့် သေဆုံးသူ (၃၂)ဦးရှိခဲ့ကြောင်း YRTC၏အချက်အလက်များအရ သိရသည်။
အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၁၇) ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် အမှတ် (၂)လမ်းထောင့်တွင် ဇန်နဝါရီ ၂၅ ရက် ၊ ည ၆ နာရီခန့်က YBS 59 ယာဉ်လိုင်းသည် ဂိတ်တွင်ရပ်ထားသော ဟိုက်ဂျက်ကို နောက်မှဝင်တိုက်ခဲ့ရာမှ ဟိုက်ဂျက်ယာဉ်ပေါ်ပါ အမျိုးသားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ ၁၅ ရက်အထိ YBS ယာဉ်မတော်တဆမှုအကြိမ်ရေ (၇၀)ခန့်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၃၆)ဦး နှင့် ဒဏ်ရာရရှိသူ (၁၃၆)ဦး ရှိခဲ့၍ အလားတူကာလနှင့်နှိုင်းယှဉ်ပါက သေဆုံးသူဦးရေ လျော့ကျသွားကြောင်း သိရသည်။
ထို့ပြင် ၂၀၂၃ ခုနှစ်၌ YBS ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ (၁၂၇) ဦးနှင့် ‌သေဆုံးသူ (၃၅) ဦးအထိရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတစ်တိုင်းလုံးတွင် ၂၀၂၅ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း (၈၀၁) မှု၊ ဒဏ်ရာရရှိသူ ( ၈၄၈ ) ဦး၊ သေဆုံးသူ (၃၈၇) ဦး ရှိခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

Zawgyi Version:
၂၀၂၅ခုႏွစ္အတြင္း YBS မေတာ္တဆမႈေၾကာင့္ ေသဆုံးသူ (၃၀)ေက်ာ္ႏွင့္ ထိခိုက္ဒဏ္ရာရသူ (၅၀)ေက်ာ္ရွိ
ေစာ(NP New)- ဇန္နဝါရီ ၂၉
ၿပီးခဲ့သည့္ ၂၀၂၅ခုႏွစ္၊ ဇန္နဝါရီလမွ ဒီဇင္ဘာလအထိ YBS မေတာ္တဆမႈေၾကာင့္ ေသဆုံးသူ (၃၀)ေက်ာ္ႏွင့္ ထိခိုက္ဒဏ္ရာရသူ (၅၀)ေက်ာ္ရွိ ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိက သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈ ေကာ္မတီ (YRTC)ထံမွသိရႆည္။
YBSယာဥ္တိုက္မႈေပါင္း (၆၄)ႀကိမ္ႏွင့္ အျခားမေတာ္တဆမႈေပါင္း (၈) ႀကိမ္ရွိခဲ့၍ ယာဥ္မေတာ္တဆမႈစုစုေပါင္း (၇၂)ႀကိမ္ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ယာဥ္မေတာ္တဆမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ (၅၄)ဦးႏွင့္ ေသဆုံးသူ (၃၂)ဦးရွိခဲ့ေၾကာင္း YRTC၏အခ်က္အလက္မ်ားအရ သိရသည္။
အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီး ၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္၊ အမွတ္ (၁၇) ရပ္ကြက္၊ က်န္စစ္သားလမ္းႏွင့္ အမွတ္ (၂)လမ္းေထာင့္တြင္ ဇန္နဝါရီ ၂၅ ရက္ ၊ ည ၆ နာရီခန႔္က YBS 59 ယာဥ္လိုင္းသည္ ဂိတ္တြင္ရပ္ထားေသာ ဟိုက္ဂ်က္ကို ေနာက္မွဝင္တိုက္ခဲ့ရာမွ ဟိုက္ဂ်က္ယာဥ္ေပၚပါ အမ်ိဳးသားေလးဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
၂၀၂၄ခုႏွစ္၊ ဇန္နဝါရီလမွ ဒီဇင္ဘာလ ၁၅ ရက္အထိ YBS ယာဥ္မေတာ္တဆမႈအႀကိမ္ေရ (၇၀)ခန႔္ျဖစ္ပြားခဲ့ၿပီး ေသဆုံးသူ(၃၆)ဦး ႏွင့္ ဒဏ္ရာရရွိသူ (၁၃၆)ဦး ရွိခဲ့၍ အလားတူကာလႏွင့္ႏႈိင္းယွဥ္ပါက ေသဆုံးသူဦးေရ ေလ်ာ့က်သြားေၾကာင္း သိရသည္။
ထို႔ျပင္ ၂၀၂၃ ခုႏွစ္၌ YBS ယာဥ္မေတာ္တဆမႈေၾကာင့္ ဒဏ္ရာရရွိသူ (၁၂၇) ဦးႏွင့္ ‌ေသဆုံးသူ (၃၅) ဦးအထိရွိခဲ့ေၾကာင္း သိရသည္။
ရန္ကုန္တိုင္းေဒသႀကီးတစ္တိုင္းလုံးတြင္ ၂၀၂၅ခုႏွစ္အတြင္း ယာဥ္တိုက္မႈေပါင္း (၈၀၁) မႈ၊ ဒဏ္ရာရရွိသူ ( ၈၄၈ ) ဦး၊ ေသဆုံးသူ (၃၈၇) ဦး ရွိခဲ့ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.