လှည်းကူးတွင် အလုပ်ကြို၊ ပို့ယာဉ် နှင့် မီနီဘတ်စ်တို့ တိုက်မိရာ လူ (၄) ဦး သေဆုံးပြီး (၃၂) ဦး ဒဏ်ရာရ

 430

သန့်မင်းအိမ် (NP News) - ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ် (၂) လမ်းမကြီးပေါ်ရှိ အင်းတိုင်ကျေးရွာအနီးတွင် ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်) နံနက်ပိုင်းက အလုပ်ကြို၊ ပို့ယာဉ် နှင့် မီနီဘတ်စ်တို့ တိုက်မိရာ လူ (၄) ဦး သေဆုံးပြီး (၃၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ နံနက်ပိုင်း (၇) နာရီ (၁၅) မိနစ် အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကြို/ပို့ယာဉ်မှ ထိခိုက်ဒဏ်ရာ သူများပြားခဲ့ကြောင်း သိရသည်။
“သေဆုံးသူကတော့ လေးယောက်မှာ ယောကျာ်းလေးက တစ်ယောက်၊ မိန်းကလေးက သုံးယောက်ပါ။ ကျန်တဲ့ သူကတော့ မြောက်ဥက္ကလာ ဆေးရုံကြီးကို ထပ်လွှဲရတာပေါ့။ ဖြစ်စဉ် စုစုပေါင်းကတော့ ဒဏ်ရာရတာ ၃၂ ယောက် ပါ” ဟု အခင်းဖြစ်ချိန်တွင် သွားရောက် ကူညီပေးခဲ့သည့် ဂရုဏာရှင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသူ ၄ ဦး အနက် ၂ ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကာ ၂ ဦးမှာ ဆေးရုံတွင် သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
လွည္းကူးတြင္ အလုပ္ႀကိဳ၊ ပို႔ယာဥ္ ႏွင့္ မီနီဘတ္စ္တို႔ တိုက္မိရာ လူ (၄) ဦး ေသဆုံးၿပီး (၃၂) ဦး ဒဏ္ရာရ
သန႔္မင္းအိမ္ (NP News) - ေဖေဖာ္ဝါရီ ၃
ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္၊ အမွတ္ (၂) လမ္းမႀကီးေပၚရွိ အင္းတိုင္ေက်း႐ြာအနီးတြင္ ယေန႔ (ေဖေဖာ္ဝါရီလ ၃ ရက္) နံနက္ပိုင္းက အလုပ္ႀကိဳ၊ ပို႔ယာဥ္ ႏွင့္ မီနီဘတ္စ္တို႔ တိုက္မိရာ လူ (၄) ဦး ေသဆုံးၿပီး (၃၂) ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္မွာ နံနက္ပိုင္း (၇) နာရီ (၁၅) မိနစ္ အခ်ိန္ခန႔္က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ႀကိဳ/ပို႔ယာဥ္မွ ထိခိုက္ဒဏ္ရာ သူမ်ားျပားခဲ့ေၾကာင္း သိရသည္။
“ေသဆုံးသူကေတာ့ ေလးေယာက္မွာ ေယာက်ာ္းေလးက တစ္ေယာက္၊ မိန္းကေလးက သုံးေယာက္ပါ။ က်န္တဲ့ သူကေတာ့ ေျမာက္ဥကၠလာ ေဆး႐ုံႀကီးကို ထပ္လႊဲရတာေပါ့။ ျဖစ္စဥ္ စုစုေပါင္းကေတာ့ ဒဏ္ရာရတာ ၃၂ ေယာက္ ပါ” ဟု အခင္းျဖစ္ခ်ိန္တြင္ သြားေရာက္ ကူညီေပးခဲ့သည့္ ဂ႐ုဏာရွင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ေသဆုံးသူ ၄ ဦး အနက္ ၂ ဦးမွာ ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးခဲ့ျခင္းျဖစ္ကာ ၂ ဦးမွာ ေဆး႐ုံတြင္ ေသဆုံးျခင္း ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.