ရုရှားနိုင်ငံ မော်စကိုမြို့က တည်းခိုခန်းတစ်ခုမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၄)ဦးသေဆုံး

 55

Pika (NP News)- ဇန်နဝါရီ ၂၉
ရုရှားနိုင်ငံ မော်စကိုမြို့ အရှေ့ဘက်ဆင်ခြေဖုံးရပ်ကွက်က လိုင်စင်မဲ့ရွှေ့ပြောင်းနေထိုင်သူတည်းခိုခန်းတစ်ခုမှာ မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ရာ ကျူးဘားနိုင်ငံသားတွေလို့ယူဆရတဲ့လူ(၄)ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။အာဏာပိုင်တွေက”မော်စကိုမြို့ အရှေ့ဘက်ဆင်ခြေဖုံးရပ်ကွက်က အဆောက်အဦးတစ်ခုမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းကို လက်ခံရရှိပြီးပြီးချင်းမှာပဲ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းသွားရောက်ခဲ့ပါတယ်။မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်မှုတွေလုပ်ဆောင်ပြီးနောက် အမျိုးသား(၂)ဦးနဲ့ အမျိုးသမီး(၂)ဦးတို့ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် မီးခိုးမွှန်သွားတဲ့ လက္ခဏာတွေရှိတဲ့ အသက်(၁၅)နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးကိုလည်း ဆေးရုံတင်ထားရတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။လူအသေအပျောက်များတဲ့ မီးလောင်ကျွမ်းမှုတွေဟာ ရုရှားမှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး မီးအချက်ပေးစနစ်မရှိ၊ခေတ်မီဗိသုကာစံနှုန်းတွေနဲ့ မတည်ဆောက်ထားတဲ့ အဆောက်အဦးအဟောင်းတွေမှာ အဖြစ်များလေ့ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕က တည္းခိုခန္းတစ္ခုမွာ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၄)ဦးေသဆုံး
Pika (NP News)- ဇန္နဝါရီ ၂၉
႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ အေရွ႕ဘက္ဆင္ေျခဖုံးရပ္ကြက္က လိုင္စင္မဲ့ေ႐ႊ႕ေျပာင္းေနထိုင္သူတည္းခိုခန္းတစ္ခုမွာ မီးေလာင္ကြၽမ္းမႈတစ္ခုျဖစ္ပြားခဲ့ရာ က်ဴးဘားႏိုင္ငံသားေတြလို႔ယူဆရတဲ့လူ(၄)ဦးေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။အာဏာပိုင္ေတြက”ေမာ္စကိုၿမိဳ႕ အေရွ႕ဘက္ဆင္ေျခဖုံးရပ္ကြက္က အေဆာက္အဦးတစ္ခုမွာ မီးေလာင္ကြၽမ္းမႈျဖစ္ပြားေနတယ္ဆိုတဲ့ သတင္းကို လက္ခံရရွိၿပီးၿပီးခ်င္းမွာပဲ အေရးေပၚတုံ႔ျပန္ေရးအဖြဲ႕ေတြက အခင္းျဖစ္ပြားရာေနရာကို ခ်က္ခ်င္းသြားေရာက္ခဲ့ပါတယ္။မီးသတ္တပ္ဖြဲ႕က မီးၿငိမ္းသတ္မႈေတြလုပ္ေဆာင္ၿပီးေနာက္ အမ်ိဳးသား(၂)ဦးနဲ႔ အမ်ိဳးသမီး(၂)ဦးတို႔ရဲ႕ ႐ုပ္အေလာင္းေတြကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ မီးခိုးမႊန္သြားတဲ့ လကၡဏာေတြရွိတဲ့ အသက္(၁၅)ႏွစ္အ႐ြယ္ ဆယ္ေက်ာ္သက္တစ္ဦးကိုလည္း ေဆး႐ုံတင္ထားရတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။လူအေသအေပ်ာက္မ်ားတဲ့ မီးေလာင္ကြၽမ္းမႈေတြဟာ ႐ုရွားမွာ မၾကာခဏျဖစ္ပြားေလ့ရွိၿပီး မီးအခ်က္ေပးစနစ္မရွိ၊ေခတ္မီဗိသုကာစံႏႈန္းေတြနဲ႔ မတည္ေဆာက္ထားတဲ့ အေဆာက္အဦးအေဟာင္းေတြမွာ အျဖစ္မ်ားေလ့ရွိတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.