အီရန်အနီးမှာ ကြီးမားတဲ့ရေတပ်သင်္ဘောအုပ်စုတစ်ခုရှိတယ်လို့ ဒေါ်နယ်ထရမ့်ပြော

459
Pika (NP News) - ဇန်နဝါရီ ၂၈
အီရန်အနီးမှာ စစ်သင်္ဘောတွေနဲ့ အခြားစစ်ဘက်ဆိုင်ရာပိုင်ဆိုင်မှုတွေပါဝင်တဲ့ ကြီးမားတဲ့ရေတပ်သင်္ဘောအုပ်စုကို ဖြန့်ကျက်ချထားခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အီရန်အတွက် သံတမန်ရေးနည်းလမ်းက ရွေးချယ်စရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ(၂၈)ရက်က စတင်ပြီး အီရန်နိုင်ငံတွင်းမှာ ဆန္ဒပြပွဲ တွေဖြစ်ပွားလာခဲ့ပြီးနောက် ဆန္ဒပြသူတွေကို ကိုင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်ပြီး အီရန်နဲ့အမေရိကန်ကြား တင်းမာမှုတွေစတင်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ပြင် အီရန်က နောက်ထပ်ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့မယ်ဆိုရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မှုတွေလုပ်ဆောင် သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “အီရန်အနီးမှာ ကျွန်တော်တို့ရဲ့ကြီးမားတဲ့ရေတပ်အုပ်စုကြီးရှိပါတယ်။ အီရန်အနီးက ရေတပ်အုပ်စုက ဗင်နီဇွဲလားမှာတုန်းက ရှိခဲ့တဲ့ ရေတပ်အုပ်စုထက်တောင် ပိုပြီးကြီးမားပါတယ်။ ဒါပေမယ့်လည်း အီရန်အတွက် ရွေးချယ်စရာတွေက စားပွဲဝိုင်းပေါ်မှာ ရှိနေဆဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
အီရန္အနီးမွာ ႀကီးမားတဲ့ေရတပ္သေဘၤာအုပ္စုတစ္ခုရွိတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇန္နဝါရီ ၂၈
အီရန္အနီးမွာ စစ္သေဘၤာေတြနဲ႔ အျခားစစ္ဘက္ဆိုင္ရာပိုင္ဆိုင္မႈေတြပါဝင္တဲ့ ႀကီးမားတဲ့ေရတပ္သေဘၤာအုပ္စုကို ျဖန႔္က်က္ခ်ထားခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း အီရန္အတြက္ သံတမန္ေရးနည္းလမ္းက ေ႐ြးခ်ယ္စရာတစ္ခုအျဖစ္ ဆက္လက္တည္ရွိေနဆဲျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာလ(၂၈)ရက္က စတင္ၿပီး အီရန္ႏိုင္ငံတြင္းမွာ ဆႏၵျပပြဲ ေတြျဖစ္ပြားလာခဲ့ၿပီးေနာက္ ဆႏၵျပသူေတြကို ကိုင္တြယ္ေျဖရွင္းပုံနဲ႔ပတ္သက္ၿပီး အီရန္နဲ႔အေမရိကန္ၾကား တင္းမာမႈေတြစတင္ျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။
ဒါ့ျပင္ အီရန္က ေနာက္ထပ္ဆႏၵျပသူေတြကို သတ္ျဖတ္ခဲ့မယ္ဆိုရင္ ျပင္းျပင္းထန္ထန္ တုံ႔ျပန္မႈေတြလုပ္ေဆာင္ သြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “အီရန္အနီးမွာ ကြၽန္ေတာ္တို႔ရဲ႕ႀကီးမားတဲ့ေရတပ္အုပ္စုႀကီးရွိပါတယ္။ အီရန္အနီးက ေရတပ္အုပ္စုက ဗင္နီဇြဲလားမွာတုန္းက ရွိခဲ့တဲ့ ေရတပ္အုပ္စုထက္ေတာင္ ပိုၿပီးႀကီးမားပါတယ္။ ဒါေပမယ့္လည္း အီရန္အတြက္ ေ႐ြးခ်ယ္စရာေတြက စားပြဲဝိုင္းေပၚမွာ ရွိေနဆဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။