နိုင်ငံအတွင်းကနေ အီရန်အပေါ် ပစ်ခတ်တိုက်ခိုက်မှုတွေကို ခွင့်ပြုသွားမှာမဟုတ်ဘူးလို့ ယူအေအီးပြော

 400

Pika (NP News) - ဇန်နဝါရီ ၂၈

ယူအေအီးနိုင်ငံတွင်းကနေ အီရန်အပေါ် ပစ်ခတ်တိုက်ခိုက်မှုတွေကို ခွင့်ပြုသွားမှာမဟုတ်ဘူးလို့ ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အမေရိကန်စစ်တပ်ဟာ ပင်လယ်ကွေ့ကို ဦးတည်နေပြီး အီရန်ရဲ့လုပ်ရပ်တွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် ယခုလိုဖြစ်ရပ်တွေ ဖြစ်ပွားလာတာလည်းဖြစ်ပါတယ်။
အီရန်အပေါ်လုပ်ဆောင်မယ့်စစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီး ၎င်းရဲ့လေပိုင်နက်၊နယ်မြေ ဒါမှမဟုတ် ရေပိုင်နက်တွေကို အသုံးပြုခွင့်ပေးမှာမဟုတ်ဘူးဆိုတဲ့ ယူအေအီးနိုင်ငံရဲ့ ကတိဝတ်တွေကို ယူအေအီးနိုင်ငံခြားရေး ဝန်ကြီးဌာနက ထပ်မံအတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။
ယူအေအီးနိုင်ငံဟာ ပင်လယ်ကွေ့မှာရှိတဲ့အမေရိကန်စစ်အခြေစိုက်စခန်းတွေထဲကတစ်ခုဖြစ်ပြီး အမေရိကန် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာရှိတဲ့ အယ်လ်ဒါဖရာလေတပ်စခန်းကို အဘူဒါဘီမြို့အနီးမှာ လက်ခံထားရှိထားတာ လည်းဖြစ်ပါတယ်။ ဒါ့ပြင် အီရန်အပေါ်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ထောက်ပံ့ပို့ဆောင်ရေးတွေ လုပ်ဖို့ကိုလည်း ယူအေအီးက ငြင်းဆိုခဲ့ပြီး နိုင်ငံတကာဥပဒေကို လိုက်နာတာ၊ တင်းမာမှုတွေကို လျှော့ချတာနဲ့ နိုင်ငံတော် အချုပ်အခြာအာဏာကိုလေးစားတာက လက်ရှိအကျပ်အတည်းတွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ ယူအေအီးနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ႏိုင္ငံအတြင္းကေန အီရန္အေပၚ ပစ္ခတ္တိုက္ခိုက္မႈေတြကို ခြင့္ျပဳသြားမွာမဟုတ္ဘူးလို႔ ယူေအအီးေျပာ
Pika (NP News) - ဇန္နဝါရီ ၂၈
ယူေအအီးႏိုင္ငံတြင္းကေန အီရန္အေပၚ ပစ္ခတ္တိုက္ခိုက္မႈေတြကို ခြင့္ျပဳသြားမွာမဟုတ္ဘူးလို႔ ယူေအအီး ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အေမရိကန္စစ္တပ္ဟာ ပင္လယ္ေကြ႕ကို ဦးတည္ေနၿပီး အီရန္ရဲ႕လုပ္ရပ္ေတြကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့သီတင္းပတ္မွာ ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ ယခုလိုျဖစ္ရပ္ေတြ ျဖစ္ပြားလာတာလည္းျဖစ္ပါတယ္။
အီရန္အေပၚလုပ္ေဆာင္မယ့္စစ္ဆင္ေရးေတြနဲ႔ပတ္သက္ၿပီး ၎ရဲ႕ေလပိုင္နက္၊နယ္ေျမ ဒါမွမဟုတ္ ေရပိုင္နက္ေတြကို အသုံးျပဳခြင့္ေပးမွာမဟုတ္ဘူးဆိုတဲ့ ယူေအအီးႏိုင္ငံရဲ႕ ကတိဝတ္ေတြကို ယူေအအီးႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ထပ္မံအတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။
ယူေအအီးႏိုင္ငံဟာ ပင္လယ္ေကြ႕မွာရွိတဲ့အေမရိကန္စစ္အေျခစိုက္စခန္းေတြထဲကတစ္ခုျဖစ္ၿပီး အေမရိကန္ တပ္ဖြဲ႕ဝင္ေထာင္ေပါင္းမ်ားစြာရွိတဲ့ အယ္လ္ဒါဖရာေလတပ္စခန္းကို အဘူဒါဘီၿမိဳ႕အနီးမွာ လက္ခံထားရွိထားတာ လည္းျဖစ္ပါတယ္။ ဒါ့ျပင္ အီရန္အေပၚတိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး ေထာက္ပံ့ပို႔ေဆာင္ေရးေတြ လုပ္ဖို႔ကိုလည္း ယူေအအီးက ျငင္းဆိုခဲ့ၿပီး ႏိုင္ငံတကာဥပေဒကို လိုက္နာတာ၊ တင္းမာမႈေတြကို ေလွ်ာ့ခ်တာနဲ႔ ႏိုင္ငံေတာ္ အခ်ဳပ္အျခာအာဏာကိုေလးစားတာက လက္ရွိအက်ပ္အတည္းေတြကို ေျဖရွင္းဖို႔ အေကာင္းဆုံးနည္းလမ္း ျဖစ္တယ္လို႔ ယူေအအီးႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.