မြန်မာနိုင်ငံတွင် တစ်ဦးတည်းက အိမ်ခြံမြေကုမ္ပဏီ (၅၀) အထိ ပိုင်ဆိုင် ဖောင်းပွနေခြင်းကို ကန့်သတ်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌဆို

 572

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၅
မြန်မာနိုင်ငံတွင် တစ်ဦးတည်းက အိမ်ခြံမြေကုမ္ပဏီ (၅၀) အထိ ပိုင်ဆိုင် ဖောင်းပွနေခြင်းကို ကန့်သတ်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ယနေ့( ဖေဖော်ဝါရီ ၅ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင်ပြုလုပ်သော အသိပညာမြှင့်တင်ရေးရှင်းလင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် အိမ်ငှားခများမှာ အလွန်အမင်း ဈေးကြီးနေသဖြင့် ပိုင်ဆိုင်မှုနှင့် အခွန်အခဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်ကိုင်တွယ်ရန် လိုအပ်နေပြီး လူတစ်ဦးတည်းက မြေကွက်အများအပြား ပိုင်ဆိုင်ထားခြင်းများကိုလည်း စိစစ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“အိမ်ငှားခတွေတအားဈေးကြီးတာ။ အခွန်အခပိုင်းကော ပိုင်ဆိုင်မှုအပိုင်းမှာပါ ပြန်ပြီးတော့ကိုင်ဖို့တော့လိုတာပေါ့နော်။ တချို့ဆိုရင် လူတစ်ယောက်တည်း မြေကွက်တွေအများကြီးပိုင်တာပေါ့နော်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီနေရာမှာတိုင်တာတွေ ရှိတယ်လေ။ အဲဒီမှာ Black Lists တွေလည်းမလုပ်ချင်ပေမယ့်လည်းလုပ်လိုက်ရတယ်။ ဘာလို့လည်းဆိုတော့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုအားနည်း တာနဲ့တူပါတယ်”ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။
ထို့ပြင် လူတစ်ဦးတည်းအိမ်ခြံမြေ ကုမ္ပဏီပေါင်း (၃၀) မှ (၅၀) အထိ ထောင်ထားသည့် အခြေအနေများ ရှိနေကြောင်း တိုင်စာများအရပြီး အလွန်အမင်း များပြားလှသော ကုမ္ပဏီအရေအတွက်များကို ကန့်သတ်ရန် ပေါ်လစီများ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဗဟိုဘဏ်ဥက္ကဋ္ဌက ဆိုသည်။
“နောက်တစ်ခုက ကျတော့ ဒီနေရာမှာ ကုမ္ပဏီတစ်ခုက ကုမ္ပဏီဘယ်နှခုထောင်ထားတယ်ထင်လဲ။ တစ်ဦးတစ်ယောက်တည်းကို။ အဲဒီဟာမှာ ကျွန်မက တိုင်စာနဲ့ညှိပြီးတော့ ကျွန်မအစည်း အဝေးမှာ ပေါ်လစီပြောထားတာရှိတယ်။ အဲဒီမှာ ကျွန်မတို့သိထားတာ ကုမ္ပဏီအခု (၃၀) ရှိတယ်။ တစ်ခါတလေကျ (၅၀)တောင်ရှိတယ်။ အံ့ဩစရာပဲ။ အဲဒီလောက်အထိတောင် မြန်မာနိုင်ငံမှာ ကုမ္ပဏီတွေထောင်ပြီးတော့ ဘာတွေလုပ်မလဲနော်။ ဒီဟာတွေ ကန့်သက်ဖို့တော့လိုနေပြီ”ဟု ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ထို့ကြောင့် အိမ်ခြံမြေဈေးနှုန်းများ ကန့်သတ်နိုင်ရေးအတွက် FIU (ငွေကြေးဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့) နှင့် ညှိနှိုင်းကာ ဥပဒေတစ်ရပ် ရေးဆွဲနေပြီ ဖြစ်ကြောင်းလည်း ဗဟိုဘဏ်ဥက္ကဋ္ဌက ဆိုသည်။
“နောက်တစ်ခုက အိမ်ခြံမြေဈေးနှုန်း ကန့်သက်ဖို့ ကျွန်မအကြံလည်းပြုပါတယ်။ နောက်တစ်ခုက ဒါနဲ့ပတ်သက်ပြီး ဥပဒေဆွဲနေတယ်။ ကျွန်မ FIU ကိုမေးလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဥပဒေဆွဲနေပါတယ်နော်။ အချိန်တန်ရင်တော့ ကျွန်မတို့နိုင်ငံက စည်းကမ်းပြည့်ဝတဲ့ စည်းမျည်း စည်းကမ်းနဲ့ဖြစ်တဲ့ ဈေးကွက်လေးတစ်ခုတော့ ငွေကြေးဈေးကွက်ပဲဖြစ်ဖြစ် အစိုးရရဲ့ ထိန်းကြောင်းမဲ့ လွှတ်တော်ပေါ်လာရင် ပိုပြီးတော့မှ ဒီမေးခွန်းတွေပိုပြီးတော့ ဖြေနိုင်မယ်လို့ယူဆပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။

Zawgyi Version:
ျမန္မာႏိုင္ငံတြင္ တစ္ဦးတည္းက အိမ္ၿခံေျမကုမၸဏီ (၅၀) အထိ ပိုင္ဆိုင္ ေဖာင္းပြေနျခင္းကို ကန႔္သတ္ရန္ ဗဟိုဘဏ္ဥကၠ႒ဆို
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၅
ျမန္မာႏိုင္ငံတြင္ တစ္ဦးတည္းက အိမ္ၿခံေျမကုမၸဏီ (၅၀) အထိ ပိုင္ဆိုင္ ေဖာင္းပြေနျခင္းကို ကန႔္သတ္ရန္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥကၠ႒ ေဒၚသန္းသန္းေဆြက ယေန႔( ေဖေဖာ္ဝါရီ ၅ ရက္) နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္႐ုံးတြင္ျပဳလုပ္ေသာ အသိပညာျမႇင့္တင္ေရးရွင္းလင္းေဆြးေႏြးပြဲတြင္ ေျပာၾကားခဲ့သည္။
လက္ရွိတြင္ အိမ္ငွားခမ်ားမွာ အလြန္အမင္း ေဈးႀကီးေနသျဖင့္ ပိုင္ဆိုင္မႈႏွင့္ အခြန္အခဆိုင္ရာ ကိစၥရပ္မ်ားကို ျပန္လည္ကိုင္တြယ္ရန္ လိုအပ္ေနၿပီး လူတစ္ဦးတည္းက ေျမကြက္အမ်ားအျပား ပိုင္ဆိုင္ထားျခင္းမ်ားကိုလည္း စိစစ္သြားမည္ျဖစ္ေၾကာင္း ၎က ေျပာသည္။
“အိမ္ငွားခေတြတအားေဈးႀကီးတာ။ အခြန္အခပိုင္းေကာ ပိုင္ဆိုင္မႈအပိုင္းမွာပါ ျပန္ၿပီးေတာ့ကိုင္ဖို႔ေတာ့လိုတာေပါ့ေနာ္။ တခ်ိဳ႕ဆိုရင္ လူတစ္ေယာက္တည္း ေျမကြက္ေတြအမ်ားႀကီးပိုင္တာေပါ့ေနာ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ဒီေနရာမွာတိုင္တာေတြ ရွိတယ္ေလ။ အဲဒီမွာ Black Lists ေတြလည္းမလုပ္ခ်င္ေပမယ့္လည္းလုပ္လိုက္ရတယ္။ ဘာလို႔လည္းဆိုေတာ့ ျပည္သူလူထုရဲ႕ ပူးေပါင္းပါဝင္မႈအားနည္း တာနဲ႔တူပါတယ္”ဟု ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥကၠ႒ ေဒၚသန္းသန္းေဆြက ေျပာၾကားခဲ့သည္။
ထို႔ျပင္ လူတစ္ဦးတည္းအိမ္ၿခံေျမ ကုမၸဏီေပါင္း (၃၀) မွ (၅၀) အထိ ေထာင္ထားသည့္ အေျခအေနမ်ား ရွိေနေၾကာင္း တိုင္စာမ်ားအရၿပီး အလြန္အမင္း မ်ားျပားလွေသာ ကုမၸဏီအေရအတြက္မ်ားကို ကန႔္သတ္ရန္ ေပၚလစီမ်ား ခ်မွတ္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းလည္း ဗဟိုဘဏ္ဥကၠ႒က ဆိုသည္။
“ေနာက္တစ္ခုက က်ေတာ့ ဒီေနရာမွာ ကုမၸဏီတစ္ခုက ကုမၸဏီဘယ္ႏွခုေထာင္ထားတယ္ထင္လဲ။ တစ္ဦးတစ္ေယာက္တည္းကို။ အဲဒီဟာမွာ ကြၽန္မက တိုင္စာနဲ႔ညႇိၿပီးေတာ့ ကြၽန္မအစည္း အေဝးမွာ ေပၚလစီေျပာထားတာရွိတယ္။ အဲဒီမွာ ကြၽန္မတို႔သိထားတာ ကုမၸဏီအခု (၃၀) ရွိတယ္။ တစ္ခါတေလက် (၅၀)ေတာင္ရွိတယ္။ အံ့ဩစရာပဲ။ အဲဒီေလာက္အထိေတာင္ ျမန္မာႏိုင္ငံမွာ ကုမၸဏီေတြေထာင္ၿပီးေတာ့ ဘာေတြလုပ္မလဲေနာ္။ ဒီဟာေတြ ကန႔္သက္ဖို႔ေတာ့လိုေနၿပီ”ဟု ဗဟိုဘဏ္ဥကၠ႒က ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ အိမ္ၿခံေျမေဈးႏႈန္းမ်ား ကန႔္သတ္ႏိုင္ေရးအတြက္ FIU (ေငြေၾကးဆိုင္ရာစုံစမ္းစစ္ေဆးေရးအဖြဲ႕) ႏွင့္ ညႇိႏႈိင္းကာ ဥပေဒတစ္ရပ္ ေရးဆြဲေနၿပီ ျဖစ္ေၾကာင္းလည္း ဗဟိုဘဏ္ဥကၠ႒က ဆိုသည္။
“ေနာက္တစ္ခုက အိမ္ၿခံေျမေဈးႏႈန္း ကန႔္သက္ဖို႔ ကြၽန္မအႀကံလည္းျပဳပါတယ္။ ေနာက္တစ္ခုက ဒါနဲ႔ပတ္သက္ၿပီး ဥပေဒဆြဲေနတယ္။ ကြၽန္မ FIU ကိုေမးလိုက္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ဥပေဒဆြဲေနပါတယ္ေနာ္။ အခ်ိန္တန္ရင္ေတာ့ ကြၽန္မတို႔ႏိုင္ငံက စည္းကမ္းျပည့္ဝတဲ့ စည္းမ်ည္း စည္းကမ္းနဲ႔ျဖစ္တဲ့ ေဈးကြက္ေလးတစ္ခုေတာ့ ေငြေၾကးေဈးကြက္ပဲျဖစ္ျဖစ္ အစိုးရရဲ႕ ထိန္းေၾကာင္းမဲ့ လႊတ္ေတာ္ေပၚလာရင္ ပိုၿပီးေတာ့မွ ဒီေမးခြန္းေတြပိုၿပီးေတာ့ ေျဖႏိုင္မယ္လို႔ယူဆပါတယ္”ဟု ၎ကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.