ဆူဒန်နိုင်ငံက ဈေးတစ်ခုမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးလူ(၁၀)ဦးသေဆုံး

414

Pika (NP News) - ဒီဇင်ဘာ ၂၃
ဆူဒန်နိုင်ငံ North Darfur ပြည်နယ်က လူစည်းကားတဲ့ဈေးတစ်ခုမှာ ဒရုန်းနဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၁၀)ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းမှာ တာဝန်ရှိတယ်ဆိုတဲ့ အသေးစိတ်အချက်အလက် တွေကိုတော့ အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
ဆူဒန်နိုင်ငံတွင်းက နေရာအများအပြားမှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားလာနေချိန်မှာပဲ ယခုလိုဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ (၂၀၂၃)ခုနှစ် ဧပြီလကနေစတင်ပြီး ဆူဒန်စစ်တပ်နဲ့ လက်နက်ကိုင် တပ်ဖွဲ့တို့ကြားမှာ ပဋိပက္ခတွေစတင်ဖြစ်ပွားလာခဲ့တာဖြစ်ပြီး လူထောင်ပေါင်းများစွာသေဆုံးခဲ့ပြီးတော့ လူ(၁၂)သန်း နီးပါးလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
North Darfur ပြည်နယ်က ဈေးတစ်ခုမှာ ဒရုန်းနဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တာကို တာဝန်ရှိသူတွေက အတည်ပြုခဲ့ ပေမယ့်လည်း ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ်ဆိုတာကို အတိအကျမပြောနိုင်သေးဘူးလို့ ထုတ်ပြန်ပြောကြားခဲ့ ပါတယ်။ ဒါ့ပြင် အဲဒီဖြစ်ရပ်အတွင်း ဈေးဆိုင်တွေ မီးလောင်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများစွာရှိခဲ့တယ်လို့ တာဝန်ရှိသူ တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ဆူဒန္ႏိုင္ငံက ေဈးတစ္ခုမွာ ဒ႐ုန္းနဲ႔တိုက္ခိုက္ခံရမႈေၾကာင့္ အနည္းဆုံးလူ(၁၀)ဦးေသဆုံး
Pika (NP News) - ဒီဇင္ဘာ ၂၃
ဆူဒန္ႏိုင္ငံ North Darfur ျပည္နယ္က လူစည္းကားတဲ့ေဈးတစ္ခုမွာ ဒ႐ုန္းနဲ႔တိုက္ခိုက္မႈတစ္ခုျဖစ္ပြားခဲ့ရာ အနည္းဆုံး လူ(၁၀)ဦး ေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ဘယ္အဖြဲ႕အစည္းမွာ တာဝန္ရွိတယ္ဆိုတဲ့ အေသးစိတ္အခ်က္အလက္ ေတြကိုေတာ့ အာဏာပိုင္ေတြက ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။
ဆူဒန္ႏိုင္ငံတြင္းက ေနရာအမ်ားအျပားမွာ တိုက္ပြဲေတြျပင္းျပင္းထန္ထန္ျဖစ္ပြားလာေနခ်ိန္မွာပဲ ယခုလိုဒ႐ုန္းနဲ႔ တိုက္ခိုက္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ (၂၀၂၃)ခုႏွစ္ ဧၿပီလကေနစတင္ၿပီး ဆူဒန္စစ္တပ္နဲ႔ လက္နက္ကိုင္ တပ္ဖြဲ႕တို႔ၾကားမွာ ပဋိပကၡေတြစတင္ျဖစ္ပြားလာခဲ့တာျဖစ္ၿပီး လူေထာင္ေပါင္းမ်ားစြာေသဆုံးခဲ့ၿပီးေတာ့ လူ(၁၂)သန္း နီးပါးေလာက္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရတယ္လို႔ သိရပါတယ္။
North Darfur ျပည္နယ္က ေဈးတစ္ခုမွာ ဒ႐ုန္းနဲ႔တိုက္ခိုက္မႈျဖစ္ပြားခဲ့တာကို တာဝန္ရွိသူေတြက အတည္ျပဳခဲ့ ေပမယ့္လည္း ဘယ္အဖြဲ႕အစည္းက လုပ္ခဲ့တယ္ဆိုတာကို အတိအက်မေျပာႏိုင္ေသးဘူးလို႔ ထုတ္ျပန္ေျပာၾကားခဲ့ ပါတယ္။ ဒါ့ျပင္ အဲဒီျဖစ္ရပ္အတြင္း ေဈးဆိုင္ေတြ မီးေလာင္ခဲ့ၿပီး ထိခိုက္ပ်က္စီးမႈမ်ားစြာရွိခဲ့တယ္လို႔ တာဝန္ရွိသူ ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။