အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း အလွှာစုံမှ လူငယ်များ ပါဝင်မည့် လူငယ်ငြိမ်းချမ်းရေး ဖိုရမ် ကျင်းပမည်

 8233

Pearl (NP News) - ဒီဇင်ဘာ ၂၃
အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်းအလွှာစုံမှ လူငယ်များ ပါဝင်မည့် Youth Peace Forum (၂၀၂၆) ကို ကျင်းပပြုလုပ်ရန် စီစဉ်နေကြောင်း NP News က စုံစမ်းသိရှိရသည်။
အဆိုပါ ဖိုရမ်ကို လာမည့်နှစ် ဇန်နဝါရီလ (၁၃) ရက်မှ (၁၅) ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကာ ဆွေးနွေးပွဲ ကဏ္ဍအတွက် သီးခြားရွေးချယ် ထားသည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ် များ၊ မသန်စွမ်းလူငယ်များ၊ လူထုအခြေပြုအဖွဲ့ အစည်းများမှ စေတနာ့ဝန်ထမ်းလူငယ်များ၊ ပရဟိတ အသင်းအဖွဲ့များနှင့် NGO လူငယ်ကွန်ရက် အဖွဲ့ များမှ လူငယ်များ၊ တိုင်းရင်းသားယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုအမျိုးမျိုးမှ လူငယ်များမှ ကိုယ်စားလှယ်များနှင့် နယ်စပ်ဒေသ များမှ တိုင်းရင်းသားလူငယ်များနှင့် IDP စခန်းများမှ လူငယ်များ ပါဝင်မည် ဖြစ်ကြောင်း ကနဦး သိရသည်။
လက်ရှိတွင် NSPNC အနေဖြင့် Youth Peace Forum (၂၀၂၆) ကို ကျင်းပရန် လိုအပ်သည့် ပြင်ဆင်မှုများကို စတင်ပြင်ဆင်ဆောင်ရွက်နေပြီး ဆောင်ပုဒ်များ၊ Theme များ၊ ရည်ရွယ်ချက်များ၊ ဆွေးနွေးပွဲ၏ Design နှင့် Structure ၊ Methodology များ၊ အခမ်းအနားတွင် ဖိတ်ကြားမည့်သူများ ၊ ဆွေးနွေးပွဲများ၌ ပါဝင်တက်ရောက်ကြ မည့်လူငယ်များ ၊ ဆွေး နွေးပွဲနှင့်ပတ်သက်၍ ဆွေးနွေးကြမည့် ခေါင်းစဉ်များနှင့် ပတ်သက်၍လည်း အသေးစိတ်ပြင်ဆင်ရေးဆွဲနေကြောင်းသိရသည်။
နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့်အခြေ အနေများ ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စိန်ခေါ်မှု များ၊ နိုင်ငံတကာမှ ဖိအားပေးမှုများ ရင်ဆိုင်နေရသည့် အခြေအနေတွင် နိုင်ငံတော်တစ်ဝန်းလုံးတွင်ရှိ သည့် အလွှာအသီးသီးမှ လူငယ်များအပေါ် သက်ရောက်မှု များရှိနေပြီး ゞင်းတို့၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ခံစားမှု၊ ပညာရေးအလုပ် အကိုင်အခွင့်အလမ်းများနှင့် အနာဂတ်အတွက်မျှော်လင့်ချက်များအပေါ်တွင် အတား အဆီး အဟန့်အတားအချို့ဖြစ်ပေါ်စေလျက်ရှိ ကြောင်းလည်း သိရသည်။
ထို့ကြောင့် လူငယ်များအတွက် ငြိမ်းချမ်း ရေးနှင့် ပတ်သက်၍ ၎င်းတို့၏အမြင်များကို မျှဝေရန် ၊ အပြန်အလှန် ယုံကြည်မှုများကို ခိုင်မြဲရန်နှင့် လူမှု သဟဇာတ မြှင့်တင်ခြင်းတွင် ၎င်းတို့၏အခန်း ကဏ္ဍ ကို ရှာဖွေရန်အတွက် ဖြစ်ပေါ်လာစေမည့် ဘက်ညီသော အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်လာ စေရန် ရည်ရွယ်၍ Youth Peace Forum (2026) ဖိုရမ်ကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်တည်ငြိမ်ရေးနှင့် အနာဂတ်ကာလတွင် လူငယ်များ တစ်ဖက်တစ်လမ်းမှ အ ထောက်အကူပြု ပူးပေါင်းပါဝင်လာစေရန် လမ်း ကြောင်းများ ဖော်ထုတ်ပေးရန်လိုအပ်ပြီး မတူကွဲပြား သည့် တိုင်းရင်းသားမျိုးနွယ်စုများ၊ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုအသီးသီးမှ လူငယ်များ၊ နေရာ ဒေသ လူမှုစီးပွားနောက်ခံအမျိုးမျိုးမှ လူငယ်များ သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအနာဂတ်ကို ပုံဖော်သည့်နေရာတွင် အဓိပ္ပာယ်ပြည့်ဝသည့် အခန်းကဏ္ဍကနေ ပါဝင်လာစေရန် အလွန်အရေးကြီး ကြောင်းလည်း သိရသည်။

Zawgyi Version:
အသက္ (၁၈) ႏွစ္မွ (၃၅) ႏွစ္အတြင္း အလႊာစုံမွ လူငယ္မ်ား ပါဝင္မည့္ လူငယ္ၿငိမ္းခ်မ္းေရး ဖိုရမ္ က်င္းပမည္
Pearl (NP News) - ဒီဇင္ဘာ ၂၃
အသက္ (၁၈) ႏွစ္မွ (၃၅) ႏွစ္အတြင္းအလႊာစုံမွ လူငယ္မ်ား ပါဝင္မည့္ Youth Peace Forum (၂၀၂၆) ကို က်င္းပျပဳလုပ္ရန္ စီစဥ္ေနေၾကာင္း NP News က စုံစမ္းသိရွိရသည္။
အဆိုပါ ဖိုရမ္ကို လာမည့္ႏွစ္ ဇန္နဝါရီလ (၁၃) ရက္မွ (၁၅) ရက္အထိ က်င္းပျပဳလုပ္သြားမည္ ျဖစ္ကာ ေဆြးေႏြးပြဲ က႑အတြက္ သီးျခားေ႐ြးခ်ယ္ ထားသည့္ ဝန္ႀကီးဌာနမ်ားမွ ကိုယ္စားလွယ္မ်ားႏွင့္ နယ္ပယ္အသီးသီးမွ ကြၽမ္းက်င္ပညာရွင္မ်ား၊ တိုင္း ေဒသႀကီးႏွင့္ ျပည္နယ္မ်ားမွ လူငယ္ကိုယ္စားလွယ္ မ်ား၊ မသန္စြမ္းလူငယ္မ်ား၊ လူထုအေျချပဳအဖြဲ႕ အစည္းမ်ားမွ ေစတနာ့ဝန္ထမ္းလူငယ္မ်ား၊ ပရဟိတ အသင္းအဖြဲ႕မ်ားႏွင့္ NGO လူငယ္ကြန္ရက္ အဖြဲ႕ မ်ားမွ လူငယ္မ်ား၊ တိုင္းရင္းသားယဥ္ေက်းမႈႏွင့္ ဘာသာေရးဆိုင္ရာ ယုံၾကည္ကိုးကြယ္မႈအမ်ိဳးမ်ိဳးမွ လူငယ္မ်ားမွ ကိုယ္စားလွယ္မ်ားႏွင့္ နယ္စပ္ေဒသ မ်ားမွ တိုင္းရင္းသားလူငယ္မ်ားႏွင့္ IDP စခန္းမ်ားမွ လူငယ္မ်ား ပါဝင္မည္ ျဖစ္ေၾကာင္း ကနဦး သိရသည္။
လက္ရွိတြင္ NSPNC အေနျဖင့္ Youth Peace Forum (၂၀၂၆) ကို က်င္းပရန္ လိုအပ္သည့္ ျပင္ဆင္မႈမ်ားကို စတင္ျပင္ဆင္ေဆာင္႐ြက္ေနၿပီး ေဆာင္ပုဒ္မ်ား၊ Theme မ်ား၊ ရည္႐ြယ္ခ်က္မ်ား၊ ေဆြးေႏြးပြဲ၏ Design ႏွင့္ Structure ၊ Methodology မ်ား၊ အခမ္းအနားတြင္ ဖိတ္ၾကားမည့္သူမ်ား ၊ ေဆြးေႏြးပြဲမ်ား၌ ပါဝင္တက္ေရာက္ၾက မည့္လူငယ္မ်ား ၊ ေဆြး ေႏြးပြဲႏွင့္ပတ္သက္၍ ေဆြးေႏြးၾကမည့္ ေခါင္းစဥ္မ်ားႏွင့္ ပတ္သက္၍လည္း အေသးစိတ္ျပင္ဆင္ေရးဆြဲေနေၾကာင္းသိရသည္။
ႏိုင္ငံေတာ္တြင္ ျဖစ္ေပၚေနသည့္အေျခ အေနမ်ား ၊ လူမႈေရး၊ စီးပြားေရး၊ ႏိုင္ငံေရး စိန္ေခၚမႈ မ်ား၊ ႏိုင္ငံတကာမွ ဖိအားေပးမႈမ်ား ရင္ဆိုင္ေနရသည့္ အေျခအေနတြင္ ႏိုင္ငံေတာ္တစ္ဝန္းလုံးတြင္ရွိ သည့္ အလႊာအသီးသီးမွ လူငယ္မ်ားအေပၚ သက္ေရာက္မႈ မ်ားရွိေနၿပီး ゞင္းတို႔၏ စိတ္ပိုင္းဆိုင္ရာလုံၿခဳံမႈ၊ ခံစားမႈ၊ ပညာေရးအလုပ္ အကိုင္အခြင့္အလမ္းမ်ားႏွင့္ အနာဂတ္အတြက္ေမွ်ာ္လင့္ခ်က္မ်ားအေပၚတြင္ အတား အဆီး အဟန႔္အတားအခ်ိဳ႕ျဖစ္ေပၚေစလ်က္ရွိ ေၾကာင္းလည္း သိရသည္။
ထို႔ေၾကာင့္ လူငယ္မ်ားအတြက္ ၿငိမ္းခ်မ္း ေရးႏွင့္ ပတ္သက္၍ ၎တို႔၏အျမင္မ်ားကို မွ်ေဝရန္ ၊ အျပန္အလွန္ ယုံၾကည္မႈမ်ားကို ခိုင္ၿမဲရန္ႏွင့္ လူမႈ သဟဇာတ ျမႇင့္တင္ျခင္းတြင္ ၎တို႔၏အခန္း က႑ ကို ရွာေဖြရန္အတြက္ ျဖစ္ေပၚလာေစမည့္ ဘက္ညီေသာ အခင္းအက်င္းတစ္ရပ္ ေပၚေပါက္လာ ေစရန္ ရည္႐ြယ္၍ Youth Peace Forum (2026) ဖိုရမ္ကို ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံေတာ္တည္ၿငိမ္ေရးႏွင့္ အနာဂတ္ကာလတြင္ လူငယ္မ်ား တစ္ဖက္တစ္လမ္းမွ အ ေထာက္အကူျပဳ ပူးေပါင္းပါဝင္လာေစရန္ လမ္း ေၾကာင္းမ်ား ေဖာ္ထုတ္ေပးရန္လိုအပ္ၿပီး မတူကြဲျပား သည့္ တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား၊ ဘာသာေရးဆိုင္ရာ ယုံၾကည္ကိုးကြယ္မႈအသီးသီးမွ လူငယ္မ်ား၊ ေနရာ ေဒသ လူမႈစီးပြားေနာက္ခံအမ်ိဳးမ်ိဳးမွ လူငယ္မ်ား သည္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးအနာဂတ္ကို ပုံေဖာ္သည့္ေနရာတြင္ အဓိပၸာယ္ျပည့္ဝသည့္ အခန္းက႑ကေန ပါဝင္လာေစရန္ အလြန္အေရးႀကီး ေၾကာင္းလည္း သိရသည္။

Picture

Aung Aung

24/12/2025 08:47

စကားလုံးလေးတွေ လှလိုက်တာ 😆

Related news

© 2021. All rights reserved.