လေယာဉ်ပျက်ကျမှုကြောင့် လစ်ဗျားကာကွယ်ရေးဦးစီးချုပ် သေဆုံး

 2109

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၄

လစ်ဗျားကာကွယ်ရေးဦးစီးချုပ် မိုဟာမက် အလီအာမက် အယ်လ်-ဟက်ဒက်နှင့် အခြား(၄)ဦးသည် တူရကီနိုင်ငံတွင် လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားကြောင်း လစ်ဗျားဝန်ကြီးချုပ် အဗ္ဗဒူဟာမစ် ဒီဘီဘာ က ဒီဇင်ဘာ ၂၃ ရက်တွင် အတည်ပြုပြောသည်။
လေယာဉ်ပေါ်တွင် လိုက်ပါလာပြီး သေဆုံးခဲ့သည့် အခြားခရီးသည် ၄ ဦးသည် ကာကွယ်ရေးဦးစီးချုပ်၏ အကြံပေး မိုဟာမက် အယ်လ်-အာဆာဝီ ဒီယပ်ဘ်၊ ဗိုလ်ချုပ်ကြီး အယ်လ်-ဖီတိုရီ ဂရိုင်ဘီ၊ အကြံပေး မာမွတ် အယ်လ်-ကာတီဝီနှင့် ဓာတ်ပုံဆရာ မိုဟာမက် အိုမာ အာမက် မာဂျူဘ်တို့ဖြစ်ကြောင်း သိရသည်။လစ်ဗျားစစ်ဦးစီးချုပ်နှင့်အဖွဲ့သည် တူရကီနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်မှအပြန် စီးနင်းလာသည့် Falcon 50 အမျိုးအစား လေယာဉ်ပျက်ကျပြီး သေဆုံးသွားခြင်းဖြစ်သည်။
Dassault Falcon 50 အမျိုးအစား ဂျက်လေယာဉ်သည် ဒေသစံတော်ချိန် ည (၈ နာရီ ၁ဝ) မိနစ်တွင် တူရကီနိုင်ငံ၊ အန်ကာရာမြို့ရှိ အီဆန်ဘိုဂါလေဆိပ်မှ လေယာဉ်ထွက်ခွာပြီး မိနစ် ၄၀ အကြာတွင် လေကြောင်းထိန်းသိမ်းရေးစခန်းနှင့်အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီး အလီယာလီကာယာက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ အဆိုပါလေယာဉ်သည် လေကြောင်းထိန်းသိမ်းရေးစခန်းနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး အန်ကာရာမြို့တောင်ဘက် ၇၀ ကီလိုမီတာ (၄၃ ဒဿမ ၅ မိုင်) အကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

Zawgyi Version:
ေလယာဥ္ပ်က္က်မႈေၾကာင့္ လစ္ဗ်ားကာကြယ္ေရးဦးစီးခ်ဳပ္ ေသဆုံး
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၄
လစ္ဗ်ားကာကြယ္ေရးဦးစီးခ်ဳပ္ မိုဟာမက္ အလီအာမက္ အယ္လ္-ဟက္ဒက္ႏွင့္ အျခား(၄)ဦးသည္ တူရကီႏိုင္ငံတြင္ ေလယာဥ္ပ်က္က်မႈေၾကာင့္ ေသဆုံးသြားေၾကာင္း လစ္ဗ်ားဝန္ႀကီးခ်ဳပ္ အဗၺဒူဟာမစ္ ဒီဘီဘာ က ဒီဇင္ဘာ ၂၃ ရက္တြင္ အတည္ျပဳေျပာသည္။
ေလယာဥ္ေပၚတြင္ လိုက္ပါလာၿပီး ေသဆုံးခဲ့သည့္ အျခားခရီးသည္ ၄ ဦးသည္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ အႀကံေပး မိုဟာမက္ အယ္လ္-အာဆာဝီ ဒီယပ္ဘ္၊ ဗိုလ္ခ်ဳပ္ႀကီး အယ္လ္-ဖီတိုရီ ဂ႐ိုင္ဘီ၊ အႀကံေပး မာမြတ္ အယ္လ္-ကာတီဝီႏွင့္ ဓာတ္ပုံဆရာ မိုဟာမက္ အိုမာ အာမက္ မာဂ်ဴဘ္တို႔ျဖစ္ေၾကာင္း သိရသည္။လစ္ဗ်ားစစ္ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕သည္ တူရကီႏိုင္ငံသို႔ သြားေရာက္ခဲ့သည့္ခရီးစဥ္မွအျပန္ စီးနင္းလာသည့္ Falcon 50 အမ်ိဳးအစား ေလယာဥ္ပ်က္က်ၿပီး ေသဆုံးသြားျခင္းျဖစ္သည္။
Dassault Falcon 50 အမ်ိဳးအစား ဂ်က္ေလယာဥ္သည္ ေဒသစံေတာ္ခ်ိန္ ည (၈ နာရီ ၁ဝ) မိနစ္တြင္ တူရကီႏိုင္ငံ၊ အန္ကာရာၿမိဳ႕ရွိ အီဆန္ဘိုဂါေလဆိပ္မွ ေလယာဥ္ထြက္ခြာၿပီး မိနစ္ ၄၀ အၾကာတြင္ ေလေၾကာင္းထိန္းသိမ္းေရးစခန္းႏွင့္အဆက္အသြယ္ျပတ္ေတာက္သြားခဲ့ေၾကာင္း တူရကီျပည္ထဲေရးဝန္ႀကီး အလီယာလီကာယာက X လူမႈကြန္ရက္တြင္ ေရးသားခဲ့သည္။ အဆိုပါေလယာဥ္သည္ ေလေၾကာင္းထိန္းသိမ္းေရးစခန္းႏွင့္ အဆက္အသြယ္ ျပတ္ေတာက္သြားခဲ့ၿပီး အန္ကာရာၿမိဳ႕ေတာင္ဘက္ ၇၀ ကီလိုမီတာ (၄၃ ဒႆမ ၅ မိုင္) အကြာတြင္ ပ်က္က်ခဲ့ျခင္းျဖစ္သည္။

Picture

092133125

24/12/2025 21:07

သတင်း က နဲနဲကွာနေတယ် ၄၃ မိုင်ဆို ၁၀ ဘဲ မောင်းရမှာ

Related news

© 2021. All rights reserved.