ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးအကြောင်းတစ်စေ့တစ်စောင်း

 1976

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၅

ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံကြား နယ်စပ်ဒေသ ပိုင်နက်နယ်မြေအငြင်းပွားရာကနေ စစ်ပွဲဖြစ် နေတာ သီတင်းပတ်ကျော်လာပြီဖြစ်ပါတယ်။ ဒီဇင်ဘာ ၇ ရက်မှာ စတင်ခဲ့တဲ့စစ်ပွဲ အတွင်း ထိုင်းစစ်တပ် က အက်ဖ် ၁၆ တိုက်လေယာဉ်များအပါအဝင် ခေတ်မီလက်နက်များကို အသုံးပြုတိုက်ခိုက်နေသလို ကမ္ဘောဒီးယားနိုင်ငံကလည်း အကောင်းဆုံးပုံစံမျိုးနဲ့ ခုခံတိုက်ခိုက်လျက်ရှိနေပါတယ်။ စစ်ပွဲကာလ သီတင်းပတ် တစ်ပတ်ကျော်အတွင်း ကမ္ဘောဒီးယား စစ်သားများရဲ့ ခပ်မာမာ တုံ့ပြန်တိုက်ခိုက်မှုများ ကြောင့်ထိုင်းစစ်တပ်ဘက်မှာ အသေအပျောက်များရှိနေသလို ထိုင်းစစ်တပ်ရဲ့ တင့်ကားများကို တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထိုင်းစစ်တပ်ဟာ သံချပ်ကာကားများ၊ တင့်ကားများအသုံးပြုပြီး ကမ္ဘောဒီး ယား စစ်တပ်ကို မြေပြင်စစ်ပွဲမှာ အသာစီးရယူနိုင်အောင်ကြိုးပမ်းခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်ပွဲ အတွင်း ၎င်းတို့ရဲ့ သံချပ်ကာကားများ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ကမ္ဘောဒီးယား လွှတ်တော် ဥက္ကဌ ဟွန်ဆန် အပါအဝင် အစိုးရအဖွဲ့ထိပ်တန်းခေါင်းဆောင်များဟာ ကမ္ဘောဒီးယား ပိုင်နက်နယ်မြေများ ဆုံးရှုံးမှုမရှိအောင် ကြိုးပမ်းကြဖို့ ညွှန်ကြားထားပြီး ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးကိုယ်တိုင်က လည်း စစ်ပွဲမှာထိုင်းစစ်သားများကိုအနိုင်ရယူနိုင်အောင် အနီးကပ်ကြိုးပမ်းလျက်ရှိနေတယ်လို့ သိရပါ တယ်။ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တီးစီဟာဟာ ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်မယူခင် Siem Reap ဒေသမှာအုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ ၎င်းဟာ နိုင်ငံရေးသမား တစ် ဦးဖြစ်သလို ဗိုလ်ချုပ်တစ်ဦးလည်းဖြစ်ပြီး ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဟောင်း တီးဘန့်ရဲ့ သား ဖြစ်ပါတယ်။ တီးဘန့်ဟာကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးအဖြစ် နှစ်ပေါင်း (၃၆) နှစ်ကြာတာဝန် ယူခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံကို နှစ်ပေါင်းများစွာကြာအုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ရင်းနှီးသူဖြစ်ပြီး ၎င်းနဲ့ ဟွန်ဆန်တို့ အစိုးရအဖွဲ့မှာအနားယူချိန်မှာ တီးဘန့်ဟာ သားဖြစ်သူကို ကာကွယ် ရေးဝန်ကြီးအဖြစ် လွှဲပြောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။
တီးစီယာဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် (၂၀၂၃) ခုနှစ် သြဂုတ်လမှာ စတင်တာဝန်ယူခဲ့ပြီး ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူချိန်မှာ ပြည်ပစစ်ကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ၎င်းက လက်ရှိ အချိန်မှာ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တာဝန်အပြင် ကာကွယ်ရေးဦးစီးချုပ်နဲ့ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်တွေကို ပူးတွဲတာဝန်ယူထားသူဖြစ်ပါတယ်။ ဗိုလ်ချုပ် တီးစီယာဟာ ကာကွယ်ရေး ဝန်ကြီး နဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူထားပေမယ့် အသက်အားဖြင့် (၄၅) နှစ်အရွယ်သာ ရှိပါ တယ်။၎င်းဟာ ပြင်သစ်တက္ကသိုလ်ဖြစ်တဲ့ Passy Saint-Honoré (France) ကနေ Management (စီမံ ခန့်ခွဲမှု) ဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပြီး ပြင်သစ် စစ်က္ကသိုလ်မှာလည်း တက်ရောက်သင်ကြားခဲ့ဖူးသူဖြစ်ပါ တယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့စစ်တပ်တည်ဆောက်ပုံဟာ တိုက်ခိုက်ရေးအတွက် မဟုတ်ဘဲ လုံခြုံရေး အတွက်သာအဓိက ရည်ရွယ်ထားတဲ့ ပုံစံမျိုးရှိနေရာ ခေတ်မီတိုက်လေယာဉ်တစ်စင်းသာ ပိုင်ဆိုင်မှုမရှိပါ ဘူး၊ ဗိုလ်ချုပ် တီးစီယာဟာ စမတ်ကျတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သလို စည်းကမ်းတင်းကြပ်တဲ့ စစ်ခေါင်း ဆောင်ဖြစ်တယ်လို့ဆိုကြပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား ဇူလိုင်လအတွင်း စစ်ပွဲဖြစ်ပွားချိန် တုန်းကလည်း ဗိုလ်ချုပ် တီးစီယာဟာ ကမ္ဘောဒီးယားစစ်သားများကို နိုင်ငံပိုင်နက် ဆုံးရှုံးမခံရအောင် လှုံဆော်ပြီး စစ်သားများကို တိုက်ပွဲဝင်လိုစိတ်အပြည့်ရှိအောင် ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။ တီး စီဟာက ၎င်းဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူနေတဲ့အတွက် နိုင်ငံပိုင်နက်အဆုံးရှုံးမခံရအောင် လုပ်ကိုင်ရမယ့် တာဝန်အပြည့်ရှိသူအဖြစ် ခံယူလုပ်ကိုင်နေတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တီးစီယာက '' ကျွန်တော်တို့ ဝန်ကြီးဌာနဟာ နိုင်ငံ အချုပ် အခြာ၊ အာဏာပိုင်နက်များကို ကာကွယ်ဖို့ ကာကွယ်ရေးမဟာဗျူဟာရှိပါတယ်။ ကျွန်တော်တို့ဟာ လက်နက်ကိုင်အဖွဲ့စည်းဖြစ်တဲ့အတွက် နိုင်ငံပိုင်နက်ကို ကာကွယ်ရမယ်။ ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ဟာ ရန်သူ(ထိုင်း)နိုင်ငံကို ပစ်မှတ်ထားပြီး လုပ်ဆောင်မယ်။ ကျွန်တော်တို့ ကာကွယ်ရေး ဝန်ကြီးဌာနဟာ အိမ်နီချင်း နိုင်ငံတွေကိုကျူးကျော်ဖို့မဟုတ်ဘဲ နိုင်ငံကို ကာကွယ်ဖို့ဖြစ်ပါတယ်။'' လို့ ပြောပါတယ်။ ၎င်းဟာ နိုင်ငံရဲတိုက်စစ်‌လုံခြုံရေးနှင့် နယ်မြေဆိုင်ရာ တည်ငြိမ်ရေးအတွက်သာ အာရုံ စိုက်တတ်သူဖြစ်ပြီး ထိုင်းနဲ့ ဆက်ဆံရေးတွင် တင်းမာနေချိန်မှာ “စစ်ရေးကိစ္စ” ကို တပ်ဖွဲ့အဆင့်မှာ ဆွေး နွေးဖြေရှင်းဖို့ နဲ့ ပြည်သူများမှုထမ်းများ၊ စီးပွားရေးတွေကို ထိခိုက်စေချင်သေးဘူး” ဆိုတဲ့ သဘောထား ရှိတယ်လို့ ဆိုကြပါတယ်။ဒါပေမယ့် လက်ရှိအချိန်မှာ ထိုင်းစစ်တပ် နဲ့ ကမ္ဘောဒီး ယားစစ်တပ်ကြား ထိပ် တိုက်တွေ့ဆုံမှုများ ရင်ဆိုင်နေပါတယ်။ ကမ္ဘောဒီးယား မီဒီယာများက ဗိုလ်ချုပ် တီးစီယာဟာပဋိပက္ခကို ဖန်တီးခြင်းထက် ငြိမ်းချမ်းရေးဆွေးနွေးမှု၊ သံတမန်တစ်ဆက်ဆံရေးကို ပိုအလေးထားပြီးငြိမ်းချမ်းရေးနဲ့ နိုင်ငံတော်အကျိုးစီးပွားကို ဦးစားပေးလိုသူဖြစ်တယ်လို့ ဖော်ပြကြပါတယ်။၎င်းဟာ ကာကွယ်ရေးဝန်ကြီး အဖြစ်တာဝန်ယူပြီးနောက် ကမ္ဘောဒီးယားစစ်တပ်ကို “နိုင်ငံလုံခြုံရေးအတွက် အဆုံးတိုင်အထိ ပြင်ဆင် ထား” ဆိုပြီးစစ်တပ်ကိုလည်း ပြည်သူများရဲ့ ယုံကြည်မှုအပြည့်ရဖို့ ဦးစားပေးလုပ်ကိုင်သူဖြစ်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘောဒီးယားစစ်တပ်နဲ့ ထိုင်းစစ်တပ်ကြား ဇူလိုင်လ အတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားချိန်တုန်းက အပစ်ခတ်ရပ်စဲနိုင်အောင်ကြား ဝင်ကူညီခဲ့သလို
လက်ရှိအချိန်မှာလည်း အပစ်ခတ်ရပ်စဲဖို့ တိုက်တွန်းခဲ့ပေမယ့် နှစ်နိုင်ငံစလုံးက တိုက်ပွဲကို ရပ်တန့်ခြင်း မရှိဘဲ ဒီဇင်ဘာ (၁၆) ရက်အထိ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ကမ္ဘောဒီးယား စစ်တပ်က လည်း ထိုင်းစစ်တပ်ရဲ့တိုက်ခိုက်မှုများကို လက်တုံ့ပြန်လျက်ရှိနေပြီး BM 21 အမျိုးအစား အတွဲလိုက် ဒုံးကျည်များကိုအဓိကထားတိုက်ခိုက်လျက်ရှိနေဆဲဖြစ်ပါတယ်။ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် နယ်စပ်ဒေသ (၆) ခုရှိ စာသင်ကျောင်းပေါင်း ထောင်ချီကို ပိတ်ထားရတယ်လို့ သိရပါတယ်။ ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယားနိုင်ငံကို တိုက်လေယာဉ်များ အသုံး ပြုကာ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီးကမ္ဘောဒီးယား စစ်တပ်ကလည်း အသေခံဒရုန်းများ အသုံးပြု ကာ လက်တုံ့ပြန်လျက်ရှိနေပါတယ်။ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး စီယာက '' ကျွန်တော်တို့ စစ်သားများဟာရဲစွမ်းသတ္တိ အပြည့်နဲ့ နိုင်ငံနယ်စပ်များကို ကာကွယ်နေကြပါတယ်။
ကျွန်တော်တို့ ကမ္ဘောဒီးယားစစ်တပ်ဟာ အမိမြေပိုင်နက် နဲ့ ပြည်သူများကို ဘေးကင်းအောင် လုပ်ဖို့ အဆင့်သင့်ရှိနေပါတယ်။ ပြည်သူများအနေနဲ့လည်း ကမ္ဘောဒီးယား အစိုးရနဲ့ စစ်တပ်အပေါ်အပြည့် အဝယုံကြည်ပေးစေလိုပါတယ်။'' လို့ တိုက်တွန်းတောင်းဆိုထားပါတယ်။ ၎င်းဟာ ကာကွယ်ရေး ဝန်ကြီး အဖြစ်တာဝန်ယူပြီးနောက် ကာကွယ်ရေးနဲ့ဆိုင်တဲ့ နိုင်ငံတကာ အစည်းအဝေးများကို ကိုယ်တိုင်ဦး ဆောင်တက်ရောက်ပြီး စစ်တပ်အချင်းချင်းပိုမိုရင်းနှီးမှုရှိအောင် ကြိုးပမ်းလုပ်ကိုင်နေသူ လည်းဖြစ်ပါ တယ်။ တီးစီယာ ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူပြီးနောက် ကမ္ဘောဒီးယားစစ်တပ် ဟာတရုတ် နိုင်ငံနဲ့ ပိုမိုနီးစပ်ခဲ့ပြီး တရုတ်စစ်တပ်နဲ့ ကမ္ဘောဒီးယားစစ်တပ် ကြားပိုမိုရင်းနှီးလာခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်းထိုင်းနဲ့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲမှာကမ္ဘောဒီးယားစစ်တပ်က တရုတ်နိုင်ငံ ထုတ်လက် နက်များကို အဓိကထားသုံးနေတယ်လို့ သတင်းများလည်းထွက်ပေါ်နေပါတယ်။
ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး စီယာက '' တရုတ်နိုင်ငံဟာ ကမ္ဘောဒီးယားစစ်တပ်အတွက် အယုံကြည်ရဆုံး မိတ်ဖက်နိုင်ငံဖြစ်တယ်။ တရုတ်စစ်တပ်နဲ့ ကမ္ဘောဒီးယားစစ်တပ်ကြား ပိုမိုခင်မင်ရင်း နှီးမှုများ ဖြစ်အောင်လုပ်ဆောင်ရမယ်'' လို့ ပြောပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား စစ်အင်အား ချင်းနှိုင်းယှဉ်ရင် ထိုင်းစစ်တပ်က သာလွန်လျက်ရှိနေရာ ကမ္ဘောဒီးယားစစ်တပ်ဟာ ထိုင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုများကို ဘယ်လိုမျိုးခုခံတိုက်ခိုက်မလဲ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ အထူးသဖြင့် ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူထားတဲ့ စီယာဟာ ထိုင်းစစ်တပ်ရဲ့တိုက်ခိုက်မှုများကို ဘယ်လိုနည်းဗျူဟာတွေအသုံးပြုပြီး တုံ့ပြန်တိုက်ခိုက်မလဲ ဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ မည်သို့ပင်ဆိုနေစေကာမှုဟာစီယာ ဟာအသက် (၄၅) နှစ်အရွယ်သာရှိသေးတဲ့အတွက် စစ်သားများရဲ့ ချစ်ကြောက်ရိုသေမှုကို ရရှိထားသူဖြစ်တဲ့အတွက် ၎င်းရဲ့လက်အောက်ခံတပ်ဖွဲ့များကို အမိန့်နာခံမှု အပြည့်နဲ့ တိုက်ပွဲဝင်လိုစိတ်အပြည့်ရှိအောင်တွန်းအားပေးမှာ သေချာနေပါတယ်။

Zawgyi Version:
ကေမာၻဒီးယား ကာကြယ္ေရးဝန္ႀကီးအေၾကာင္းတစ္ေစ့တစ္ေစာင္း
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၅

ကေမာၻဒီးယားနဲ႔ ထိုင္းႏိုင္ငံၾကား နယ္စပ္ေဒသ ပိုင္နက္နယ္ေျမအျငင္းပြားရာကေန စစ္ပြဲျဖစ္ ေနတာ သီတင္းပတ္ေက်ာ္လာၿပီျဖစ္ပါတယ္။ ဒီဇင္ဘာ ၇ ရက္မွာ စတင္ခဲ့တဲ့စစ္ပြဲ အတြင္း ထိုင္းစစ္တပ္ က အက္ဖ္ ၁၆ တိုက္ေလယာဥ္မ်ားအပါအဝင္ ေခတ္မီလက္နက္မ်ားကို အသုံးျပဳတိုက္ခိုက္ေနသလို ကေမာၻဒီးယားႏိုင္ငံကလည္း အေကာင္းဆုံးပုံစံမ်ိဳးနဲ႔ ခုခံတိုက္ခိုက္လ်က္ရွိေနပါတယ္။ စစ္ပြဲကာလ သီတင္းပတ္ တစ္ပတ္ေက်ာ္အတြင္း ကေမာၻဒီးယား စစ္သားမ်ားရဲ႕ ခပ္မာမာ တုံ႔ျပန္တိုက္ခိုက္မႈမ်ား ေၾကာင့္ထိုင္းစစ္တပ္ဘက္မွာ အေသအေပ်ာက္မ်ားရွိေနသလို ထိုင္းစစ္တပ္ရဲ႕ တင့္ကားမ်ားကို တိုက္ ခိုက္သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ ထိုင္းစစ္တပ္ဟာ သံခ်ပ္ကာကားမ်ား၊ တင့္ကားမ်ားအသုံးျပဳၿပီး ကေမာၻဒီး ယား စစ္တပ္ကို ေျမျပင္စစ္ပြဲမွာ အသာစီးရယူႏိုင္ေအာင္ႀကိဳးပမ္းခဲ့ေပမယ့္ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ စစ္ပြဲ အတြင္း ၎တို႔ရဲ႕ သံခ်ပ္ကာကားမ်ား ဆုံးရႈံးခဲ့ရတယ္လို႔ သိရပါတယ္။ကေမာၻဒီးယား လႊတ္ေတာ္ ဥကၠဌ ဟြန္ဆန္ အပါအဝင္ အစိုးရအဖြဲ႕ထိပ္တန္းေခါင္းေဆာင္မ်ားဟာ ကေမာၻဒီးယား ပိုင္နက္နယ္ေျမမ်ား ဆုံးရႈံးမႈမရွိေအာင္ ႀကိဳးပမ္းၾကဖို႔ ၫႊန္ၾကားထားၿပီး ကေမာၻဒီးယား ကာကြယ္ေရးဝန္ႀကီးကိုယ္တိုင္က လည္း စစ္ပြဲမွာထိုင္းစစ္သားမ်ားကိုအႏိုင္ရယူႏိုင္ေအာင္ အနီးကပ္ႀကိဳးပမ္းလ်က္ရွိေနတယ္လို႔ သိရပါ တယ္။ကေမာၻဒီးယား ကာကြယ္ေရးဝန္ႀကီး တီးစီဟာဟာ ကာကြယ္ေရးဝန္ႀကီးအျဖစ္တာဝန္မယူခင္ Siem Reap ေဒသမွာအုပ္ခ်ဳပ္ေရးမႉးအျဖစ္တာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။ ၎ဟာ ႏိုင္ငံေရးသမား တစ္ ဦးျဖစ္သလို ဗိုလ္ခ်ဳပ္တစ္ဦးလည္းျဖစ္ၿပီး ကေမာၻဒီးယား ကာကြယ္ေရးဝန္ႀကီးေဟာင္း တီးဘန႔္ရဲ႕ သား ျဖစ္ပါတယ္။ တီးဘန႔္ဟာကေမာၻဒီးယား ကာကြယ္ေရးဝန္ႀကီးအျဖစ္ ႏွစ္ေပါင္း (၃၆) ႏွစ္ၾကာတာဝန္ ယူခဲ့ၿပီး ကေမာၻဒီးယားႏိုင္ငံကို ႏွစ္ေပါင္းမ်ားစြာၾကာအုပ္ခ်ဳပ္ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း ဟြန္ဆန္နဲ႔ ရင္းႏွီးသူျဖစ္ၿပီး ၎နဲ႔ ဟြန္ဆန္တို႔ အစိုးရအဖြဲ႕မွာအနားယူခ်ိန္မွာ တီးဘန႔္ဟာ သားျဖစ္သူကို ကာကြယ္ ေရးဝန္ႀကီးအျဖစ္ လႊဲေျပာင္းေပးခဲ့တာလည္းျဖစ္ပါတယ္။
တီးစီယာဟာ ကာကြယ္ေရးဝန္ႀကီးအျဖစ္ (၂၀၂၃) ခုႏွစ္ ၾသဂုတ္လမွာ စတင္တာဝန္ယူခဲ့ၿပီး ကာကြယ္ေရးဝန္ႀကီးအျဖစ္တာဝန္ယူခ်ိန္မွာ ျပည္ပစစ္ကို ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ ၎က လက္ရွိ အခ်ိန္မွာ ကေမာၻဒီးယား ကာကြယ္ေရးဝန္ႀကီး တာဝန္အျပင္ ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ကေမာၻဒီးယား ဒုတိယဝန္ႀကီးခ်ဳပ္ေတြကို ပူးတြဲတာဝန္ယူထားသူျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္ တီးစီယာဟာ ကာကြယ္ေရး ဝန္ႀကီး နဲ႔ ကာကြယ္ေရးဝန္ႀကီးအျဖစ္တာဝန္ယူထားေပမယ့္ အသက္အားျဖင့္ (၄၅) ႏွစ္အ႐ြယ္သာ ရွိပါ တယ္။၎ဟာ ျပင္သစ္တကၠသိုလ္ျဖစ္တဲ့ Passy Saint-Honoré (France) ကေန Management (စီမံ ခန႔္ခြဲမႈ) ဘာသာရပ္နဲ႔ ဘြဲ႕ရရွိခဲ့ၿပီး ျပင္သစ္ စစ္ကၠသိုလ္မွာလည္း တက္ေရာက္သင္ၾကားခဲ့ဖူးသူျဖစ္ပါ တယ္။ ကေမာၻဒီးယားႏိုင္ငံရဲ႕စစ္တပ္တည္ေဆာက္ပုံဟာ တိုက္ခိုက္ေရးအတြက္ မဟုတ္ဘဲ လုံၿခဳံေရး အတြက္သာအဓိက ရည္႐ြယ္ထားတဲ့ ပုံစံမ်ိဳးရွိေနရာ ေခတ္မီတိုက္ေလယာဥ္တစ္စင္းသာ ပိုင္ဆိုင္မႈမရွိပါ ဘူး၊ ဗိုလ္ခ်ဳပ္ တီးစီယာဟာ စမတ္က်တဲ့ ေခါင္းေဆာင္တစ္ဦးျဖစ္သလို စည္းကမ္းတင္းၾကပ္တဲ့ စစ္ေခါင္း ေဆာင္ျဖစ္တယ္လို႔ဆိုၾကပါတယ္။ ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကား ဇူလိုင္လအတြင္း စစ္ပြဲျဖစ္ပြားခ်ိန္ တုန္းကလည္း ဗိုလ္ခ်ဳပ္ တီးစီယာဟာ ကေမာၻဒီးယားစစ္သားမ်ားကို ႏိုင္ငံပိုင္နက္ ဆုံးရႈံးမခံရေအာင္ လႈံေဆာ္ၿပီး စစ္သားမ်ားကို တိုက္ပြဲဝင္လိုစိတ္အျပည့္ရွိေအာင္ ႀကိဳးပမ္းခဲ့သူျဖစ္ပါတယ္။ တီး စီဟာက ၎ဟာ ကာကြယ္ေရးဝန္ႀကီးအျဖစ္ တာဝန္ယူေနတဲ့အတြက္ ႏိုင္ငံပိုင္နက္အဆုံးရႈံးမခံရေအာင္ လုပ္ကိုင္ရမယ့္ တာဝန္အျပည့္ရွိသူအျဖစ္ ခံယူလုပ္ကိုင္ေနတဲ့ ေခါင္းေဆာင္တစ္ဦးျဖစ္ပါတယ္။
ကေမာၻဒီးယား ကာကြယ္ေရးဝန္ႀကီး တီးစီယာက '' ကြၽန္ေတာ္တို႔ ဝန္ႀကီးဌာနဟာ ႏိုင္ငံ အခ်ဳပ္ အျခာ၊ အာဏာပိုင္နက္မ်ားကို ကာကြယ္ဖို႔ ကာကြယ္ေရးမဟာဗ်ဴဟာရွိပါတယ္။ ကြၽန္ေတာ္တို႔ဟာ လက္နက္ကိုင္အဖြဲ႕စည္းျဖစ္တဲ့အတြက္ ႏိုင္ငံပိုင္နက္ကို ကာကြယ္ရမယ္။ ကြၽန္ေတာ္တို႔ရဲ႕ အဓိက ရည္မွန္းခ်က္ဟာ ရန္သူ(ထိုင္း)ႏိုင္ငံကို ပစ္မွတ္ထားၿပီး လုပ္ေဆာင္မယ္။ ကြၽန္ေတာ္တို႔ ကာကြယ္ေရး ဝန္ႀကီးဌာနဟာ အိမ္နီခ်င္း ႏိုင္ငံေတြကိုက်ဴးေက်ာ္ဖို႔မဟုတ္ဘဲ ႏိုင္ငံကို ကာကြယ္ဖို႔ျဖစ္ပါတယ္။'' လို႔ ေျပာပါတယ္။ ၎ဟာ ႏိုင္ငံရဲတိုက္စစ္‌လုံၿခဳံေရးႏွင့္ နယ္ေျမဆိုင္ရာ တည္ၿငိမ္ေရးအတြက္သာ အာ႐ုံ စိုက္တတ္သူျဖစ္ၿပီး ထိုင္းနဲ႔ ဆက္ဆံေရးတြင္ တင္းမာေနခ်ိန္မွာ “စစ္ေရးကိစၥ” ကို တပ္ဖြဲ႕အဆင့္မွာ ေဆြး ေႏြးေျဖရွင္းဖို႔ နဲ႔ ျပည္သူမ်ားမႈထမ္းမ်ား၊ စီးပြားေရးေတြကို ထိခိုက္ေစခ်င္ေသးဘူး” ဆိုတဲ့ သေဘာထား ရွိတယ္လို႔ ဆိုၾကပါတယ္။ဒါေပမယ့္ လက္ရွိအခ်ိန္မွာ ထိုင္းစစ္တပ္ နဲ႔ ကေမာၻဒီး ယားစစ္တပ္ၾကား ထိပ္ တိုက္ေတြ႕ဆုံမႈမ်ား ရင္ဆိုင္ေနပါတယ္။ ကေမာၻဒီးယား မီဒီယာမ်ားက ဗိုလ္ခ်ဳပ္ တီးစီယာဟာပဋိပကၡကို ဖန္တီးျခင္းထက္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ၊ သံတမန္တစ္ဆက္ဆံေရးကို ပိုအေလးထားၿပီးၿငိမ္းခ်မ္းေရးနဲ႔ ႏိုင္ငံေတာ္အက်ိဳးစီးပြားကို ဦးစားေပးလိုသူျဖစ္တယ္လို႔ ေဖာ္ျပၾကပါတယ္။၎ဟာ ကာကြယ္ေရးဝန္ႀကီး အျဖစ္တာဝန္ယူၿပီးေနာက္ ကေမာၻဒီးယားစစ္တပ္ကို “ႏိုင္ငံလုံၿခဳံေရးအတြက္ အဆုံးတိုင္အထိ ျပင္ဆင္ ထား” ဆိုၿပီးစစ္တပ္ကိုလည္း ျပည္သူမ်ားရဲ႕ ယုံၾကည္မႈအျပည့္ရဖို႔ ဦးစားေပးလုပ္ကိုင္သူျဖစ္ပါတယ္။
အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ဟာ ကေမာၻဒီးယားစစ္တပ္နဲ႔ ထိုင္းစစ္တပ္ၾကား ဇူလိုင္လ အတြင္း အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခ်ိန္တုန္းက အပစ္ခတ္ရပ္စဲႏိုင္ေအာင္ၾကား ဝင္ကူညီခဲ့သလို
လက္ရွိအခ်ိန္မွာလည္း အပစ္ခတ္ရပ္စဲဖို႔ တိုက္တြန္းခဲ့ေပမယ့္ ႏွစ္ႏိုင္ငံစလုံးက တိုက္ပြဲကို ရပ္တန႔္ျခင္း မရွိဘဲ ဒီဇင္ဘာ (၁၆) ရက္အထိ ဆက္လက္တိုက္ခိုက္ေနဆဲျဖစ္ပါတယ္။ ကေမာၻဒီးယား စစ္တပ္က လည္း ထိုင္းစစ္တပ္ရဲ႕တိုက္ခိုက္မႈမ်ားကို လက္တုံ႔ျပန္လ်က္ရွိေနၿပီး BM 21 အမ်ိဳးအစား အတြဲလိုက္ ဒုံးက်ည္မ်ားကိုအဓိကထားတိုက္ခိုက္လ်က္ရွိေနဆဲျဖစ္ပါတယ္။ထိုင္းနဲ႔ ကေမာၻဒီးယား စစ္တပ္ၾကား တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနတဲ့အတြက္ နယ္စပ္ေဒသ (၆) ခုရွိ စာသင္ေက်ာင္းေပါင္း ေထာင္ခ်ီကို ပိတ္ထားရတယ္လို႔ သိရပါတယ္။ ထိုင္းစစ္တပ္ဟာ ကေမာၻဒီးယားႏိုင္ငံကို တိုက္ေလယာဥ္မ်ား အသုံး ျပဳကာ ဆက္လက္တိုက္ခိုက္ေနဆဲျဖစ္ၿပီးကေမာၻဒီးယား စစ္တပ္ကလည္း အေသခံဒ႐ုန္းမ်ား အသုံးျပဳ ကာ လက္တုံ႔ျပန္လ်က္ရွိေနပါတယ္။ ကေမာၻဒီးယား ကာကြယ္ေရးဝန္ႀကီး စီယာက '' ကြၽန္ေတာ္တို႔ စစ္သားမ်ားဟာရဲစြမ္းသတၱိ အျပည့္နဲ႔ ႏိုင္ငံနယ္စပ္မ်ားကို ကာကြယ္ေနၾကပါတယ္။
ကြၽန္ေတာ္တို႔ ကေမာၻဒီးယားစစ္တပ္ဟာ အမိေျမပိုင္နက္ နဲ႔ ျပည္သူမ်ားကို ေဘးကင္းေအာင္ လုပ္ဖို႔ အဆင့္သင့္ရွိေနပါတယ္။ ျပည္သူမ်ားအေနနဲ႔လည္း ကေမာၻဒီးယား အစိုးရနဲ႔ စစ္တပ္အေပၚအျပည့္ အဝယုံၾကည္ေပးေစလိုပါတယ္။'' လို႔ တိုက္တြန္းေတာင္းဆိုထားပါတယ္။ ၎ဟာ ကာကြယ္ေရး ဝန္ႀကီး အျဖစ္တာဝန္ယူၿပီးေနာက္ ကာကြယ္ေရးနဲ႔ဆိုင္တဲ့ ႏိုင္ငံတကာ အစည္းအေဝးမ်ားကို ကိုယ္တိုင္ဦး ေဆာင္တက္ေရာက္ၿပီး စစ္တပ္အခ်င္းခ်င္းပိုမိုရင္းႏွီးမႈရွိေအာင္ ႀကိဳးပမ္းလုပ္ကိုင္ေနသူ လည္းျဖစ္ပါ တယ္။ တီးစီယာ ကာကြယ္ေရးဝန္ႀကီးအျဖစ္တာဝန္ယူၿပီးေနာက္ ကေမာၻဒီးယားစစ္တပ္ ဟာတ႐ုတ္ ႏိုင္ငံနဲ႔ ပိုမိုနီးစပ္ခဲ့ၿပီး တ႐ုတ္စစ္တပ္နဲ႔ ကေမာၻဒီးယားစစ္တပ္ ၾကားပိုမိုရင္းႏွီးလာခဲ့တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္လည္းထိုင္းနဲ႔ လက္ရွိျဖစ္ပြားေနတဲ့ စစ္ပြဲမွာကေမာၻဒီးယားစစ္တပ္က တ႐ုတ္ႏိုင္ငံ ထုတ္လက္ နက္မ်ားကို အဓိကထားသုံးေနတယ္လို႔ သတင္းမ်ားလည္းထြက္ေပၚေနပါတယ္။
ကေမာၻဒီးယား ကာကြယ္ေရးဝန္ႀကီး စီယာက '' တ႐ုတ္ႏိုင္ငံဟာ ကေမာၻဒီးယားစစ္တပ္အတြက္ အယုံၾကည္ရဆုံး မိတ္ဖက္ႏိုင္ငံျဖစ္တယ္။ တ႐ုတ္စစ္တပ္နဲ႔ ကေမာၻဒီးယားစစ္တပ္ၾကား ပိုမိုခင္မင္ရင္း ႏွီးမႈမ်ား ျဖစ္ေအာင္လုပ္ေဆာင္ရမယ္'' လို႔ ေျပာပါတယ္။ ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကား စစ္အင္အား ခ်င္းႏႈိင္းယွဥ္ရင္ ထိုင္းစစ္တပ္က သာလြန္လ်က္ရွိေနရာ ကေမာၻဒီးယားစစ္တပ္ဟာ ထိုင္း စစ္တပ္ရဲ႕ တိုက္ခိုက္မႈမ်ားကို ဘယ္လိုမ်ိဳးခုခံတိုက္ခိုက္မလဲ စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။ အထူးသျဖင့္ ကေမာၻဒီးယားကာကြယ္ေရးဝန္ႀကီးအျဖစ္တာဝန္ယူထားတဲ့ စီယာဟာ ထိုင္းစစ္တပ္ရဲ႕တိုက္ခိုက္မႈမ်ားကို ဘယ္လိုနည္းဗ်ဴဟာေတြအသုံးျပဳၿပီး တုံ႔ျပန္တိုက္ခိုက္မလဲ ဆိုတာ ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။ မည္သို႔ပင္ဆိုေနေစကာမႈဟာစီယာ ဟာအသက္ (၄၅) ႏွစ္အ႐ြယ္သာရွိေသးတဲ့အတြက္ စစ္သားမ်ားရဲ႕ ခ်စ္ေၾကာက္႐ိုေသမႈကို ရရွိထားသူျဖစ္တဲ့အတြက္ ၎ရဲ႕လက္ေအာက္ခံတပ္ဖြဲ႕မ်ားကို အမိန႔္နာခံမႈ အျပည့္နဲ႔ တိုက္ပြဲဝင္လိုစိတ္အျပည့္ရွိေအာင္တြန္းအားေပးမွာ ေသခ်ာေနပါတယ္။

Related news

© 2021. All rights reserved.