အမေရိကန်တွင် စုံတွဲပေါင်း(၁၄၃၅)တွဲက mistletoe သစ်ပင်အောက်တွင် နမ်းခဲ့ကြပြီး ဂင်းနစ်စံချိန် ချိုးဖျက်ရန်ကြိုးပမ်း

 355

Pika (NP News) - ဇန်နဝါရီ ၁

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တွင် စုံတွဲပေါင်း(၁၄၃၅)တွဲသည် mistletoe သစ်ပင် အောက်တွင်နမ်းခဲ့ကြပြီး mistletoe သစ်ပင်အောက် တွင်နမ်းခဲ့ကြသည့်စုံတွဲအများဆုံး ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ရန်ကြိုးပမ်းခဲ့ကြောင်း သိရသည်။ ဝါရှင်တန် ဒီစီမြို့တွင်ကျင်းပခဲ့သောအခမ်းအနားသည် (၂၀၁၉)ခုနှစ်တွင် မစ်ဆူရီပြည်နယ် စိန့်လူးဝစ်မြို့တွင် ကျင်းပခဲ့သော စုံတွဲပေါင်း(၄၈၀)တွဲက mistletoe သစ်ပင် အောက်တွင်နမ်းခဲ့ကြသည့်စံချိန်ကို တရားဝင်ချိုးဖျက် နိုင်ခဲ့ကြောင်း ပွဲစီစဉ်သူများကပြောကြားခဲ့သည်။
ပွဲစီစဉ်သူတစ်ဦးက ‘ဒီလိုမျိုး ကမ္ဘာ့ဂင်းနစ် စံချိန်သစ်တစ်ခုကိုတင်နိုင်ခဲ့တာဟာ ဝါရှင်တန်ဒီစီမြို့အတွက် မယုံ နိုင်စရာအခိုက်အတန့်တစ်ခုပဲဖြစ်ပါတယ်။ အဲဒါထက်ပိုပြီးအဓိပ္ပာယ်ရှိတာက ကျွန်တော် တို့ရဲ့ လူ့အသိုင်းအဝိုင်းတွေက ဒီနေရာမှာစုဝေးကြပြီး အောင်ပွဲခံနေတာကိုမြင်တွေ့ရတာပဲဖြစ်ပါတယ်။ ဒီလိုပွဲတွေက လူတွေကို အမှတ်ရစရာ၊ ပျော်ရွှင်စရာ နည်းလမ်းတွေနဲ့စုစည်းစေပြီး ကျွန်တော်တို့ချစ်တဲ့မြို့တော်ရဲ့ စစ်မှန်တဲ့သက်ဝင်လှုပ်ရှားမှုနဲ့ စွမ်းအင်တွေ ကိုပြသပေးပါတယ်’ဟု ပြောဆိုခဲ့သည်။
အဆိုပါ စံချိန်တင်ရန်ကြိုးပမ်းမှုသည် ဝါရှင်တန်ဒီစီမြို့မှ အမျိုးသား mistletoe သစ်ပင်ကို စိုက်ပျိုးခဲ့သည့် ဒုတိယမြောက်နှစ်ကို အမှတ်အသား ပြုထားခြင်းဖြစ်ကြောင်းသိရသည်။ ပွဲစီစဉ်သူတစ်ဦး က ‘ဒီအမျိုးသား mistletoe သစ်ပင်ဟာ မြို့လယ် ကောင်မှာရှိတဲ့ စင်္ကြံလမ်းကို ပွဲတော်ဆန်တဲ့အချစ် ဇာတ်လမ်းနဲ့ ပျော်ရွှင်ဖို့ကောင်းတဲ့ ချိတ်ဆက်မှု တွေရဲ့ နိဗ္ဗာန်ဘုံအဖြစ်ပြောင်းလဲပေးပါတယ်’ ဟု ပြောခဲ့သည်။

Zawgyi Version:
အေမရိကန္တြင္ စုံတြဲေပါင္း(၁၄၃၅)တြဲက mistletoe သစ္ပင္ေအာက္တြင္ နမ္းခဲ့ၾကၿပီး ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ရန္ႀကိဳးပမ္း
Pika (NP News) - ဇန္နဝါရီ ၁
အေမရိကန္ႏိုင္ငံ ဝါရွင္တန္ဒီစီၿမိဳ႕တြင္ စုံတြဲေပါင္း(၁၄၃၅)တြဲသည္ mistletoe သစ္ပင္ ေအာက္တြင္နမ္းခဲ့ၾကၿပီး mistletoe သစ္ပင္ေအာက္ တြင္နမ္းခဲ့ၾကသည့္စုံတြဲအမ်ားဆုံး ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ရန္ႀကိဳးပမ္းခဲ့ေၾကာင္း သိရသည္။ ဝါရွင္တန္ ဒီစီၿမိဳ႕တြင္က်င္းပခဲ့ေသာအခမ္းအနားသည္ (၂၀၁၉)ခုႏွစ္တြင္ မစ္ဆူရီျပည္နယ္ စိန႔္လူးဝစ္ၿမိဳ႕တြင္ က်င္းပခဲ့ေသာ စုံတြဲေပါင္း(၄၈၀)တြဲက mistletoe သစ္ပင္ ေအာက္တြင္နမ္းခဲ့ၾကသည့္စံခ်ိန္ကို တရားဝင္ခ်ိဳးဖ်က္ ႏိုင္ခဲ့ေၾကာင္း ပြဲစီစဥ္သူမ်ားကေျပာၾကားခဲ့သည္။
ပြဲစီစဥ္သူတစ္ဦးက ‘ဒီလိုမ်ိဳး ကမာၻ႔ဂင္းနစ္ စံခ်ိန္သစ္တစ္ခုကိုတင္ႏိုင္ခဲ့တာဟာ ဝါရွင္တန္ဒီစီၿမိဳ႕အတြက္ မယုံ ႏိုင္စရာအခိုက္အတန႔္တစ္ခုပဲျဖစ္ပါတယ္။ အဲဒါထက္ပိုၿပီးအဓိပၸာယ္ရွိတာက ကြၽန္ေတာ္ တို႔ရဲ႕ လူ႔အသိုင္းအဝိုင္းေတြက ဒီေနရာမွာစုေဝးၾကၿပီး ေအာင္ပြဲခံေနတာကိုျမင္ေတြ႕ရတာပဲျဖစ္ပါတယ္။ ဒီလိုပြဲေတြက လူေတြကို အမွတ္ရစရာ၊ ေပ်ာ္႐ႊင္စရာ နည္းလမ္းေတြနဲ႔စုစည္းေစၿပီး ကြၽန္ေတာ္တို႔ခ်စ္တဲ့ၿမိဳ႕ေတာ္ရဲ႕ စစ္မွန္တဲ့သက္ဝင္လႈပ္ရွားမႈနဲ႔ စြမ္းအင္ေတြ ကိုျပသေပးပါတယ္’ဟု ေျပာဆိုခဲ့သည္။
အဆိုပါ စံခ်ိန္တင္ရန္ႀကိဳးပမ္းမႈသည္ ဝါရွင္တန္ဒီစီၿမိဳ႕မွ အမ်ိဳးသား mistletoe သစ္ပင္ကို စိုက္ပ်ိဳးခဲ့သည့္ ဒုတိယေျမာက္ႏွစ္ကို အမွတ္အသား ျပဳထားျခင္းျဖစ္ေၾကာင္းသိရသည္။ ပြဲစီစဥ္သူတစ္ဦး က ‘ဒီအမ်ိဳးသား mistletoe သစ္ပင္ဟာ ၿမိဳ႕လယ္ ေကာင္မွာရွိတဲ့ စႀကႍလမ္းကို ပြဲေတာ္ဆန္တဲ့အခ်စ္ ဇာတ္လမ္းနဲ႔ ေပ်ာ္႐ႊင္ဖို႔ေကာင္းတဲ့ ခ်ိတ္ဆက္မႈ ေတြရဲ႕ နိဗၺာန္ဘုံအျဖစ္ေျပာင္းလဲေပးပါတယ္’ ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.