သပိတ်ကျင်းမြို့နယ်တွင် အင်အား ၄.၁ ရစ်(ခ်)တာစကေးရှိ မြေငလျင်လှုပ်ခတ်ခဲ့

849
Pearl (NP News) - ဇန်နဝါရီ ၂
သပိတ်ကျင်းမြို့နယ်တွင် အင်အား ၄.၁ ရစ်(ခ်)တာစကေး ရှိ မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ (ဇန်နဝါရီလ ၁ရက်)၊ ည (၈) နာရီ၊ (၃၃) မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး ၊ သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်းမြို့၏ တောင် - အနောက်တောင်ဘက် (၉)မိုင်ခန့်အကွာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အင်အား ပမာဏ မှာ ၄.၁ ရစ်(ခ်)တာစကေး ရှိပြီး အနက်မှာ ၁ဝ ကီလိုမီတာဖြစ်ကြောင်းလည်း မိုးဇလက အသိပေးထုတ်ပြန်ထားသည်။
အလားတူ ယမန်နေ့ ၊ ည (၇) နာရီ၊ (၅ဝ)မိနစ်ခန့်ကလည်း အင်အားပမာဏ - ၄.၉ ရစ်(ခ်)တာစကေး ၊ အနက် - ၁၃ ကီလိုမီတာ ရှိသော မြေငလျင်တစ်ခု သပိတ်ကျင်းမြို့၏ တောင်ဘက် (၉) မိုင်ခန့်တွင် လှုပ်ခတ်သွားခဲ့ကြောင်းလည်း သိရသည်။
Zawgyi Version:
သပိတ္က်င္းၿမိဳ႕နယ္တြင္ အင္အား ၄.၁ ရစ္(ခ္)တာစေကးရွိ ေျမငလ်င္လႈပ္ခတ္ခဲ့
Pearl (NP News) - ဇန္နဝါရီ ၂
သပိတ္က်င္းၿမိဳ႕နယ္တြင္ အင္အား ၄.၁ ရစ္(ခ္)တာစေကး ရွိ ေျမငလ်င္လႈပ္ခတ္ခဲ့ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္ထားသည္။
ယမန္ေန႔ (ဇန္နဝါရီလ ၁ရက္)၊ ည (၈) နာရီ၊ (၃၃) မိနစ္ခန႔္က မႏၲေလးတိုင္းေဒသႀကီး ၊ သပိတ္က်င္းၿမိဳ႕နယ္၊ သပိတ္က်င္းၿမိဳ႕၏ ေတာင္ - အေနာက္ေတာင္ဘက္ (၉)မိုင္ခန႔္အကြာတြင္ လႈပ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အင္အား ပမာဏ မွာ ၄.၁ ရစ္(ခ္)တာစေကး ရွိၿပီး အနက္မွာ ၁ဝ ကီလိုမီတာျဖစ္ေၾကာင္းလည္း မိုးဇလက အသိေပးထုတ္ျပန္ထားသည္။
အလားတူ ယမန္ေန႔ ၊ ည (၇) နာရီ၊ (၅ဝ)မိနစ္ခန႔္ကလည္း အင္အားပမာဏ - ၄.၉ ရစ္(ခ္)တာစေကး ၊ အနက္ - ၁၃ ကီလိုမီတာ ရွိေသာ ေျမငလ်င္တစ္ခု သပိတ္က်င္းၿမိဳ႕၏ ေတာင္ဘက္ (၉) မိုင္ခန႔္တြင္ လႈပ္ခတ္သြားခဲ့ေၾကာင္းလည္း သိရသည္။