ယီမင်မှာ ကျန်ရှိနေတဲ့တပ်ဖွဲ့တွေကို ရုတ်သိမ်းတော့မယ်လို့ ယူအေအီးအစိုးရ သတင်းထုတ်ပြန်

 286

Pika (NP News) - ဇန်နဝါရီ ၂

ယီမင်နိုင်ငံမှာ ကျန်ရှိနေတဲ့တပ်ဖွဲ့တွေကို မကြာခင်အချိန်အတွင်း ရုတ်သိမ်းသွားမယ်လို့ ယူအေအီးအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဆော်ဒီအာရေးဗျဦးဆောင်တဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုက ယီမင်တောင်ပိုင်းဆိပ်ကမ်းတစ်ခုမှာရှိတဲ့ ယူအေအီးရဲ့ကုန်ပစ္စည်းပေးပို့မှုတစ်ခုကို ပစ်မှတ်ထားခဲ့ပြီးနောက် ယူအေအီးအစိုးရရဲ့ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ကုန်ပစ္စည်းပေးပို့မှုထဲမှာ ခွဲထွက်ရေးအဖွဲ့တစ်ခုအတွက် ရည်ရွယ်တဲ့လက်နက်တွေ ပါဝင်တယ်လို့ ဆော်ဒီအာရေးဗျအစိုးရက ပြောကြားခဲ့ပြီး ယူအေအီးဘက်ကတော့ အဲဒီပြောဆိုချက်ကို ငြင်းဆန် ပယ်ချခဲ့တယ်လို့ သိရပါတယ်။
ယူအေအီးဝန်ထမ်းတွေရဲ့ဘေးကင်းရေးအတွက် စိုးရိမ်ပူပန်မှုတွေကို ကိုးကားပြီး ယီမင်မှာရှိတဲ့ အကြမ်းဖက်မှု တုံ့ပြန်ရေးတပ်ဖွဲ့တွေကို ရုတ်သိမ်းသွားမယ်လို့ ယူအေအီးကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။ အဲဒီတပ်ဖွဲ့တွေဟာ (၂၀၁၉)ခုနှစ်မှာ လုပ်ဆောင်ခဲ့တဲ့ ကျယ်ပြန့်တဲ့စစ်ရေးရုတ်သိမ်းမှုအပြီးတည်းက ယီမင်မှာ ကျန်ရှိနေခဲ့တဲ့တစ်ခုတည်းသော ယူအေအီးတပ်ဖွဲ့ဖြစ်တယ်လို့လည်း သိရပါတယ်။
ဆော်ဒီအာရေးဗျဦးဆောင်တဲ့တိုက်ခိုက်မှုဟာ ယူအေအီးကရောက်ရှိလာတဲ့ သင်္ဘောတွေက ချထားတဲ့လက်နက် တွေနဲ့ တိုက်ခိုက်ရေးယာဉ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ယီမင္မွာ က်န္ရွိေနတဲ့တပ္ဖြဲ႕ေတြကို ႐ုတ္သိမ္းေတာ့မယ္လို႔ ယူေအအီးအစိုးရ သတင္းထုတ္ျပန္
Pika (NP News) - ဇန္နဝါရီ ၂
ယီမင္ႏိုင္ငံမွာ က်န္ရွိေနတဲ့တပ္ဖြဲ႕ေတြကို မၾကာခင္အခ်ိန္အတြင္း ႐ုတ္သိမ္းသြားမယ္လို႔ ယူေအအီးအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေဆာ္ဒီအာေရးဗ်ဦးေဆာင္တဲ့ေလေၾကာင္းတိုက္ခိုက္မႈတစ္ခုက ယီမင္ေတာင္ပိုင္းဆိပ္ကမ္းတစ္ခုမွာရွိတဲ့ ယူေအအီးရဲ႕ကုန္ပစၥည္းေပးပို႔မႈတစ္ခုကို ပစ္မွတ္ထားခဲ့ၿပီးေနာက္ ယူေအအီးအစိုးရရဲ႕ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ပစ္မွတ္ထားတိုက္ခိုက္ခဲ့တဲ့ကုန္ပစၥည္းေပးပို႔မႈထဲမွာ ခြဲထြက္ေရးအဖြဲ႕တစ္ခုအတြက္ ရည္႐ြယ္တဲ့လက္နက္ေတြ ပါဝင္တယ္လို႔ ေဆာ္ဒီအာေရးဗ်အစိုးရက ေျပာၾကားခဲ့ၿပီး ယူေအအီးဘက္ကေတာ့ အဲဒီေျပာဆိုခ်က္ကို ျငင္းဆန္ ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။
ယူေအအီးဝန္ထမ္းေတြရဲ႕ေဘးကင္းေရးအတြက္ စိုးရိမ္ပူပန္မႈေတြကို ကိုးကားၿပီး ယီမင္မွာရွိတဲ့ အၾကမ္းဖက္မႈ တုံ႔ျပန္ေရးတပ္ဖြဲ႕ေတြကို ႐ုတ္သိမ္းသြားမယ္လို႔ ယူေအအီးကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။ အဲဒီတပ္ဖြဲ႕ေတြဟာ (၂၀၁၉)ခုႏွစ္မွာ လုပ္ေဆာင္ခဲ့တဲ့ က်ယ္ျပန႔္တဲ့စစ္ေရး႐ုတ္သိမ္းမႈအၿပီးတည္းက ယီမင္မွာ က်န္ရွိေနခဲ့တဲ့တစ္ခုတည္းေသာ ယူေအအီးတပ္ဖြဲ႕ျဖစ္တယ္လို႔လည္း သိရပါတယ္။
ေဆာ္ဒီအာေရးဗ်ဦးေဆာင္တဲ့တိုက္ခိုက္မႈဟာ ယူေအအီးကေရာက္ရွိလာတဲ့ သေဘၤာေတြက ခ်ထားတဲ့လက္နက္ ေတြနဲ႔ တိုက္ခိုက္ေရးယာဥ္ေတြကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.