မွန်ပြည်နယ်၏ နှစ်စဉ်ဝင်ငွေသည် ကျပ်ငွေ(၂၄)ဘီလျံခန့်သာရှိသဖြင့် ပြည်ထောင်စုထံမှ ဘီလျံ (၉ဝ)ကျော် ရယူနေရ

 2400

Pearl (NP News) - ဇန်နဝါရီ ၂

မွန်ပြည်နယ်အစိုးရ၏နှစ်စဉ်ဝင်ငွေသည် ကျပ်ငွေ (၂၄)ဘီလျံခန့်သာရှိပြီး သုံးငွေမှာ (၁၁၆)ဘီလျံကျော်ရှိသည့်အတွက် ပြည်ထောင်စုမှ (၉၂) ဘီလျံပြန်ပေးနေရကြောင်း ဘီလူးကျွန်းတွင်ပြုလုပ် သည့်လူထုတွေ့ဆုံပွဲ၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းပြောကြားခဲ့သည့် အချက်အလက်များအရသည်။
" တချို့ကိစ္စရပ်တွေသည် ကျွန်တော်တို့ ဝင်ငွေတွေနဲ့ လုံလောက်မှုမရှိဘူး။ ကျွန်တော်တို့ရတဲ့ ဘတ်ဂျက်ဆိုရင် ဥပမာဆိုရင် ပြည်နယ်ဘတ်ဂျက်က ပြည်နယ်အစိုးရကစီမံခန့်ခွဲတာ။ ပြည်ထောင်စုဘတ် ဂျက်ဆိုတာရှိသေးတယ်။ ဒါကို ကျွန်တော်တို့ကို ထောက်ပံ့ပေးရတာရှိတယ်။ ပြည်နယ်ဘတ်ဂျက်ဆို တာတောင် ကျွန်တော်တို့ဆီမှာ အားလုံးပြောရရင် ရ တဲ့ဘီလျံသည် (၂၄)ဘီလျံပဲရှိတယ် တစ်နှစ်တစ် နှစ်ကို။ ပြည်ထောင်စုကနေပြန်ပေးလိုက်တာ (၉၂) ဘီလျံရှိတယ်။ အားလုံးသိအောင်ပြောပြတာ"ဟု ဦးအောင်ကြည်သိန်းကပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ်ဂျက်များ အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ က စီမံခန့်ခွဲရခြင်းဖြစ်ပြီး မွန်ပြည်နယ်အနေဖြင့် ရရှိ သည့်ဝင်ငွေဖြင့် လုံလောက်မှုမရှိကြောင်းနှင့် ပြည် ထောင်စုဘတ်ဂျက်အပေါ် အားကိုးအားထားပြုနေရ ကြောင်းလည်း မွန်ပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။
" အဲဒီတော့ ကျွန်တော်တို့သည် လော လောဆယ် ပြည်ထောင်စုနဲ့ကျွန်တော်တို့သည် မှီပြီး တော့မှ ကျွန်တော်တို့လုပ်နေကြတာ။ ကျွန်တော်တို့ ပြည်သူတွေအားလုံး တချို့ ရေတံခါးလုပ်တာလည်း ပြည်ထောင်စုပိုက်ဆံနဲ့။ တချို့ကျတော့မှသာ ပြည် နယ်ပိုက်ဆံတွေရှိတယ်။ ကျွန်တော်တို့လိုအပ်ချက်ရှိ တယ်။ တင်ပြတယ်။ တင်ပြတော့လုပ်ပေးတယ်။ အခု လည်းဒီလိုပဲ အများကြီးပဲ တင်ပြတဲ့အထဲမှာ။ ပြီးခဲ့တဲ့ ရက်ကလည်း ကျွန်တော်တို့ဆီကို နိုင်ငံတော်အကြီး အကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာတယ်။ လာပြီးတော့ လိုအပ်ချက်တွေကြည့်တယ်။ မေးတယ်။ ရေလိုအပ်ချက်တွေရှိတယ်။ ရေလိုအပ်ချက်ဆိုတာက ကျွန်တော်တို့ ဆောင်းသီးနှံစိုက်ရင် ရေမရှိတော့ဘူး။ ရေငန်ပဲရှိတယ်။ အဲဒါကို သူလုပ်ပေးပါမယ်ဆိုပြီး ကတိပေးသွားတယ်။ အခုလည်း စီမံကိန်းတွေ အ ကောင်အထည်ဖော်တယ်။ ဒီလိုပဲ မှီပြီးတော့နေရ တယ် ပြည်ထောင်စုနဲ့}}ဟုပြောသည်။
လက်ရှိတွင်လည်း မွန်ပြည်နယ် ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြည်ထောင်စုဘတ်ဂျက်ဖြင့်ဆောင် ရွက်နေသည့်စီမံကိန်းများရှိသကဲ့သို့ ‌ဆောင်ရွက်ရန် ကျန်နေသေးသည့်စီမံကိန်းများလည်းရှိကြောင်း လည်းသိရသည်။
" တချို့ အော်နေကြတယ်မလား။ ဖက်ဒ ရယ်ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ မရသေးဘူး။ အသာလေးနေ။ ကိုယ့်ဘာသာနေဦး။ အိမ်ခွဲမသွားနဲ့ ဦး။ မိဘဆီမှာကပ်နေ။ အိမ်တွေရအောင်လုပ်။ ပိုက် ဆံစု။ မိဘအိမ်မှာကပ်စား။ ကပ်နေ။ ပြီးရင် အရင်း အနှီးလေးဘာလေးရရင် မြေကွက်ဝယ်ထားလိုက်။ အဆင်မပြေဘူးလား။ အဲဒီတော့ ကိုယ့်ရဲ့ အခြေခံအ ဆောက်အအုံတွေ၊ Infrastructureတွေ အကုန်လုံး ကိုလုပ်ရဦးမှာ။ အခု လျှပ်စစ်မီးလုံလောက်တယ် ထင်လို့လား။ အချိန်နဲ့ခွဲပေးတာ။ အဲဒီမှာ လျှပ်စစ် မီးရဖို့လုပ်ရဦးမှာ"ဟုပြောသည်။
(၂၀ဝ၈)ခုနှစ် ‌ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ဇယား(၁)၊ ဇယား(၂) ဟူ၍ ပြည်ထောင်စုအ စိုးရနှင့် တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရဆိုင်ရာ လုပ်ပိုင်ခွင့်စည်းမျဉ်းများ ပြဋ္ဌာန်းထားရာ ပြည် ထောင်စုအဆင့် အစိုးရအဖွဲ့ လုပ်ပိုင်ခွင့်နှင့် တာဝန် များကို ဇယား (၁) တွင် အခန်း (၁၁) ခန်းဖြင့် ဖော်ပြ ထားပြီး တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ဇယား (၂)တွင် အခန်း (၈) ခန်းဖြင့် ဖော်ပြထားကြောင်း သိရသည်။

Zawgyi Version:
မြန္ျပည္နယ္၏ ႏွစ္စဥ္ဝင္ေငြသည္ က်ပ္ေငြ(၂၄)ဘီလ်ံခန႔္သာရွိသျဖင့္ ျပည္ေထာင္စုထံမွ ဘီလ်ံ (၉ဝ)ေက်ာ္ ရယူေနရ
Pearl (NP News) - ဇန္နဝါရီ ၂

မြန္ျပည္နယ္အစိုးရ၏ႏွစ္စဥ္ဝင္ေငြသည္ က်ပ္ေငြ (၂၄)ဘီလ်ံခန႔္သာရွိၿပီး သုံးေငြမွာ (၁၁၆)ဘီလ်ံေက်ာ္ရွိသည့္အတြက္ ျပည္ေထာင္စုမွ (၉၂) ဘီလ်ံျပန္ေပးေနရေၾကာင္း ဘီလူးကြၽန္းတြင္ျပဳလုပ္ သည့္လူထုေတြ႕ဆုံပြဲ၌ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေအာင္ၾကည္သိန္းေျပာၾကားခဲ့သည့္ အခ်က္အလက္မ်ားအရသည္။
" တခ်ိဳ႕ကိစၥရပ္ေတြသည္ ကြၽန္ေတာ္တို႔ ဝင္ေငြေတြနဲ႔ လုံေလာက္မႈမရွိဘူး။ ကြၽန္ေတာ္တို႔ရတဲ့ ဘတ္ဂ်က္ဆိုရင္ ဥပမာဆိုရင္ ျပည္နယ္ဘတ္ဂ်က္က ျပည္နယ္အစိုးရကစီမံခန႔္ခြဲတာ။ ျပည္ေထာင္စုဘတ္ ဂ်က္ဆိုတာရွိေသးတယ္။ ဒါကို ကြၽန္ေတာ္တို႔ကို ေထာက္ပံ့ေပးရတာရွိတယ္။ ျပည္နယ္ဘတ္ဂ်က္ဆို တာေတာင္ ကြၽန္ေတာ္တို႔ဆီမွာ အားလုံးေျပာရရင္ ရ တဲ့ဘီလ်ံသည္ (၂၄)ဘီလ်ံပဲရွိတယ္ တစ္ႏွစ္တစ္ ႏွစ္ကို။ ျပည္ေထာင္စုကေနျပန္ေပးလိုက္တာ (၉၂) ဘီလ်ံရွိတယ္။ အားလုံးသိေအာင္ေျပာျပတာ"ဟု ဦးေအာင္ၾကည္သိန္းကေျပာသည္။
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဘတ္ဂ်က္မ်ား အတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲ႕မ်ား က စီမံခန႔္ခြဲရျခင္းျဖစ္ၿပီး မြန္ျပည္နယ္အေနျဖင့္ ရရွိ သည့္ဝင္ေငြျဖင့္ လုံေလာက္မႈမရွိေၾကာင္းႏွင့္ ျပည္ ေထာင္စုဘတ္ဂ်က္အေပၚ အားကိုးအားထားျပဳေနရ ေၾကာင္းလည္း မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ကေျပာသည္။
" အဲဒီေတာ့ ကြၽန္ေတာ္တို႔သည္ ေလာ ေလာဆယ္ ျပည္ေထာင္စုနဲ႔ကြၽန္ေတာ္တို႔သည္ မွီၿပီး ေတာ့မွ ကြၽန္ေတာ္တို႔လုပ္ေနၾကတာ။ ကြၽန္ေတာ္တို႔ ျပည္သူေတြအားလုံး တခ်ိဳ႕ ေရတံခါးလုပ္တာလည္း ျပည္ေထာင္စုပိုက္ဆံနဲ႔။ တခ်ိဳ႕က်ေတာ့မွသာ ျပည္ နယ္ပိုက္ဆံေတြရွိတယ္။ ကြၽန္ေတာ္တို႔လိုအပ္ခ်က္ရွိ တယ္။ တင္ျပတယ္။ တင္ျပေတာ့လုပ္ေပးတယ္။ အခု လည္းဒီလိုပဲ အမ်ားႀကီးပဲ တင္ျပတဲ့အထဲမွာ။ ၿပီးခဲ့တဲ့ ရက္ကလည္း ကြၽန္ေတာ္တို႔ဆီကို ႏိုင္ငံေတာ္အႀကီး အကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ လာတယ္။ လာၿပီးေတာ့ လိုအပ္ခ်က္ေတြၾကည့္တယ္။ ေမးတယ္။ ေရလိုအပ္ခ်က္ေတြရွိတယ္။ ေရလိုအပ္ခ်က္ဆိုတာက ကြၽန္ေတာ္တို႔ ေဆာင္းသီးႏွံစိုက္ရင္ ေရမရွိေတာ့ဘူး။ ေရငန္ပဲရွိတယ္။ အဲဒါကို သူလုပ္ေပးပါမယ္ဆိုၿပီး ကတိေပးသြားတယ္။ အခုလည္း စီမံကိန္းေတြ အ ေကာင္အထည္ေဖာ္တယ္။ ဒီလိုပဲ မွီၿပီးေတာ့ေနရ တယ္ ျပည္ေထာင္စုနဲ႔}}ဟုေျပာသည္။
လက္ရွိတြင္လည္း မြန္ျပည္နယ္ ဖြံ႕ၿဖိဳးတိုး တက္ေရးအတြက္ ျပည္ေထာင္စုဘတ္ဂ်က္ျဖင့္ေဆာင္ ႐ြက္ေနသည့္စီမံကိန္းမ်ားရွိသကဲ့သို႔ ‌ေဆာင္႐ြက္ရန္ က်န္ေနေသးသည့္စီမံကိန္းမ်ားလည္းရွိေၾကာင္း လည္းသိရသည္။
" တခ်ိဳ႕ ေအာ္ေနၾကတယ္မလား။ ဖက္ဒ ရယ္ဘာျဖစ္တယ္၊ ညာျဖစ္တယ္။ မရေသးဘူး။ အသာေလးေန။ ကိုယ့္ဘာသာေနဦး။ အိမ္ခြဲမသြားနဲ႔ ဦး။ မိဘဆီမွာကပ္ေန။ အိမ္ေတြရေအာင္လုပ္။ ပိုက္ ဆံစု။ မိဘအိမ္မွာကပ္စား။ ကပ္ေန။ ၿပီးရင္ အရင္း အႏွီးေလးဘာေလးရရင္ ေျမကြက္ဝယ္ထားလိုက္။ အဆင္မေျပဘူးလား။ အဲဒီေတာ့ ကိုယ့္ရဲ႕ အေျခခံအ ေဆာက္အအုံေတြ၊ Infrastructureေတြ အကုန္လုံး ကိုလုပ္ရဦးမွာ။ အခု လွ်ပ္စစ္မီးလုံေလာက္တယ္ ထင္လို႔လား။ အခ်ိန္နဲ႔ခြဲေပးတာ။ အဲဒီမွာ လွ်ပ္စစ္ မီးရဖို႔လုပ္ရဦးမွာ"ဟုေျပာသည္။
(၂၀ဝ၈)ခုႏွစ္ ‌ဖြဲ႕စည္းပုံအေျခခံဥပေဒ အရ ဇယား(၁)၊ ဇယား(၂) ဟူ၍ ျပည္ေထာင္စုအ စိုးရႏွင့္ တိုင္းေဒသႀကီး (သို႔) ျပည္နယ္အစိုးရဆိုင္ရာ လုပ္ပိုင္ခြင့္စည္းမ်ဥ္းမ်ား ျပ႒ာန္းထားရာ ျပည္ ေထာင္စုအဆင့္ အစိုးရအဖြဲ႕ လုပ္ပိုင္ခြင့္ႏွင့္ တာဝန္ မ်ားကို ဇယား (၁) တြင္ အခန္း (၁၁) ခန္းျဖင့္ ေဖာ္ျပ ထားၿပီး တိုင္းေဒသႀကီး (သို႔) ျပည္နယ္အစိုးရမ်ား၏ လုပ္ပိုင္ခြင့္ႏွင့္ တာဝန္မ်ားကို ဇယား (၂)တြင္ အခန္း (၈) ခန္းျဖင့္ ေဖာ္ျပထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.