သဘာဝရွက်ဖျန်းမြေဩဇာစက်ရုံကို တစ်နှစ်အတွင်း ပြီးစီးရန် မျှော်မှန်းဆောင်ရွက်နေ

 2440

Pearl - (NP News) - ဇန်နဝါရီ ၂

ရုရှားနည်းပညာဖြင့် သဘာဝမြေဩဇာ ရွက်ဖျန်းအားဆေးရည်ထုတ်လုပ်မည့် ရုရှား - မြန်မာ သဘာဝရွက်ဖျန်းမြေဩဇာစက်ရုံကို တစ်နှစ်အတွင်း ပြီးစီးရန် မျှော်မှန်းဆောင်ရွက်နေကြောင်း သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမ ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်က NP News သို့ပြောသည်။
လက်ရှိတွင် ရုရှား - မြန်မာ သဘာဝရွက် ဖျန်းမြေဩဇာစက်ရုံကို နေပြည်တော်ကောင်စီ နယ် မြေ၊ ဇမ္ဗူသီရိ မြို့နယ်၌ စတင်တည်ဆောက်နေပြီ ဖြစ်ပြီး လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများရရှိမှုပေါ်မူတည်၍ (၆) လမှ (၁) နှစ် အ တွင်း ပြီးစီးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဆောက်လုပ်ရေးအတွက် ပစ္စည်းတွေ စုံ ရင်၊ လုပ်ငန်းသုံးပစ္စည်းတွေ စုံရင်တော့ အမြန်အ ကောင်အထည်ဖော်မှာပါ။ သက်ဆိုင်ရာ MIC က လည်း ခွင့်ပြုမိန့်ကျပြီးသားပါ။ ကျွန်တော်တို့ကတော့ ပန္နက်တင်ပြီးရင် လိုအပ်တဲ့ဖောင်ဒေးရှင်း။ ပြီးရင် အ ဆင့်ဆင့်ပေါ့နော်။ အရင်လည်းလုပ်ဖို့ တိုင်ပင်နေတာ ကြာပြီ။ (၆) လ သို့မဟုတ် (၁) နှစ်အတွင်း ပြီးသွား မှာပါ” ဟု ညွှန်ကြားရေးမှူး ဦးမျိုးအောင်က NP News သို့ပြောသည်။
အဆိုပါ စက်ရုံတွင် ရုရှားနိုင်ငံဘက်မှ နည်း ပညာ၊ ကုန်ကြမ်းအချို့နှင့် မြန်မာပြည်တွင်းရှိ ကြက် ချေးကဲ့သို့ ကုန်ကြမ်းများဖြင့် ပေါင်းစပ်၍ သဘာဝမြေ ဩဇာရွက်ဖျန်းအားဆေးရည် ထုတ်လုပ်သွားမည် ဖြစ်ပြီး လက်ရှိတွင် စပါး ၊ ဆီထွက်သီးနှံနှင့် စီမံကိန်း သီးနှံများအတွက် ကနဦးထုတ်လုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
ကုန်ကြမ်းရရှိမှုများနှင့် သုံးစွဲမှုများပေါ် မူ တည်၍ သဘာဝမြေဩဇာရွက်ဖျန်းအားဆေးရည် ထုတ်လုပ်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြား သီးနှံများအတွက်ပါ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ် ကြောင်းလည်း သိရသည်။
“အခု လက်ရှိကတော့ နေကြာရှိမယ်။ စပါးရှိမယ်။ တချို့ နှမ်းတို့ ဘာတို့လည်းရှိတယ်။ ဆီ ထွက်သီးနှံနဲ့စပါးပေါ့။ ပြီးတော့ စီမံကိန်း သီးနှံပေါ့။ ဆောင်းမြေပဲတို့။ ဒါတွေအတွက် နမူနာထုတ်ပြီး သုံး စွဲမှုမှာ အထွက်နှုန်းတိုးတဲ့အနေအထားပေါ့။ ထိခိုက် မှုလည်း နည်းတဲ့အနေအထားပေါ့။ အမျိုးအစား တွေ ခွဲပြီးတော့ထုတ်သွားမှာပါ။ တစ်ရက်ကို ဘယ် လောက်ထုတ်မလဲ၊ တစ်လကို ဘယ်လောက် ထုတ် မလဲဆိုတာတော့ Demand ပေါ်မူတည်ပြီးတော့၊ ရရှိတဲ့ကုန်ကြမ်းပေါ်မှာ မူတည်ပြီးတော့တဖြည်းဖြည်း ထုတ်လုပ်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
သဘာဝရွက်ဖျန်းမြေဩဇာစက်ရုံကို တည် ဆောက်ပြီးစီးပါက ဒေသတွင်းအလုပ်အကိုင်များစွာ ကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး တောင်သူများအတွက် မြေဩဇာကို ဈေးနှုန်းသက်သာစွာဖြင့် ရရှိခြင်း၊ သွင်း ကုန်အစားထိုးဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် ပြည်ပမှမြေဩဇာတင်သွင်းမှု အထိုက်အလျောက် လျော့ကျသွားမည်ဖြစ်သည့်အပြင် စားသုံးသူများ အ တွက်ပါ အကျိုးရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သဘာဝရွက်ဖျန်းမြေဩဇာ စက်ရုံ ကို နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် နိုင်ငံတကာပူး ပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အထောက်အပံ့အဖြစ် ရုရှားနိုင်ငံ RUMA Organic ကုမ္ပဏီ နှင့် အောင်သန်းထိုက် Agriculture Deve- lopment ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်နေခြင်းဖြစ်သည်။

Zawgyi Version:
သဘာဝ႐ြက္ဖ်န္းေျမဩဇာစက္႐ုံကို တစ္ႏွစ္အတြင္း ၿပီးစီးရန္ ေမွ်ာ္မွန္းေဆာင္႐ြက္ေန
Pearl - (NP News) - ဇန္နဝါရီ ၂
႐ုရွားနည္းပညာျဖင့္ သဘာဝေျမဩဇာ ႐ြက္ဖ်န္းအားေဆးရည္ထုတ္လုပ္မည့္ ႐ုရွား - ျမန္မာ သဘာဝ႐ြက္ဖ်န္းေျမဩဇာစက္႐ုံကို တစ္ႏွစ္အတြင္း ၿပီးစီးရန္ ေမွ်ာ္မွန္းေဆာင္႐ြက္ေနေၾကာင္း သမဝါယမ ႏွင့္ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန၊ သမဝါယမ ဦးစီး ဌာနမွ ၫႊန္ၾကားေရးမႉး ဦးမ်ိဳးေအာင္က NP News သို႔ေျပာသည္။
လက္ရွိတြင္ ႐ုရွား - ျမန္မာ သဘာဝ႐ြက္ ဖ်န္းေျမဩဇာစက္႐ုံကို ေနျပည္ေတာ္ေကာင္စီ နယ္ ေျမ၊ ဇမၺဴသီရိ ၿမိဳ႕နယ္၌ စတင္တည္ေဆာက္ေနၿပီ ျဖစ္ၿပီး လုပ္ငန္းသုံးပစၥည္းမ်ား၊ ေဆာက္လုပ္ေရးသုံး ပစၥည္းမ်ားရရွိမႈေပၚမူတည္၍ (၆) လမွ (၁) ႏွစ္ အ တြင္း ၿပီးစီးႏိုင္ရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ေဆာက္လုပ္ေရးအတြက္ ပစၥည္းေတြ စုံ ရင္၊ လုပ္ငန္းသုံးပစၥည္းေတြ စုံရင္ေတာ့ အျမန္အ ေကာင္အထည္ေဖာ္မွာပါ။ သက္ဆိုင္ရာ MIC က လည္း ခြင့္ျပဳမိန႔္က်ၿပီးသားပါ။ ကြၽန္ေတာ္တို႔ကေတာ့ ပႏၷက္တင္ၿပီးရင္ လိုအပ္တဲ့ေဖာင္ေဒးရွင္း။ ၿပီးရင္ အ ဆင့္ဆင့္ေပါ့ေနာ္။ အရင္လည္းလုပ္ဖို႔ တိုင္ပင္ေနတာ ၾကာၿပီ။ (၆) လ သို႔မဟုတ္ (၁) ႏွစ္အတြင္း ၿပီးသြား မွာပါ” ဟု ၫႊန္ၾကားေရးမႉး ဦးမ်ိဳးေအာင္က NP News သို႔ေျပာသည္။
အဆိုပါ စက္႐ုံတြင္ ႐ုရွားႏိုင္ငံဘက္မွ နည္း ပညာ၊ ကုန္ၾကမ္းအခ်ိဳ႕ႏွင့္ ျမန္မာျပည္တြင္းရွိ ၾကက္ ေခ်းကဲ့သို႔ ကုန္ၾကမ္းမ်ားျဖင့္ ေပါင္းစပ္၍ သဘာဝေျမ ဩဇာ႐ြက္ဖ်န္းအားေဆးရည္ ထုတ္လုပ္သြားမည္ ျဖစ္ၿပီး လက္ရွိတြင္ စပါး ၊ ဆီထြက္သီးႏွံႏွင့္ စီမံကိန္း သီးႏွံမ်ားအတြက္ ကနဦးထုတ္လုပ္သြားမည္ျဖစ္ ေၾကာင္း သိရသည္။
ကုန္ၾကမ္းရရွိမႈမ်ားႏွင့္ သုံးစြဲမႈမ်ားေပၚ မူ တည္၍ သဘာဝေျမဩဇာ႐ြက္ဖ်န္းအားေဆးရည္ ထုတ္လုပ္သြားမည္ျဖစ္ၿပီး ေနာက္ပိုင္းတြင္ အျခား သီးႏွံမ်ားအတြက္ပါ တိုးျမႇင့္ထုတ္လုပ္သြားမည္ျဖစ္ ေၾကာင္းလည္း သိရသည္။
“အခု လက္ရွိကေတာ့ ေနၾကာရွိမယ္။ စပါးရွိမယ္။ တခ်ိဳ႕ ႏွမ္းတို႔ ဘာတို႔လည္းရွိတယ္။ ဆီ ထြက္သီးႏွံနဲ႔စပါးေပါ့။ ၿပီးေတာ့ စီမံကိန္း သီးႏွံေပါ့။ ေဆာင္းေျမပဲတို႔။ ဒါေတြအတြက္ နမူနာထုတ္ၿပီး သုံး စြဲမႈမွာ အထြက္ႏႈန္းတိုးတဲ့အေနအထားေပါ့။ ထိခိုက္ မႈလည္း နည္းတဲ့အေနအထားေပါ့။ အမ်ိဳးအစား ေတြ ခြဲၿပီးေတာ့ထုတ္သြားမွာပါ။ တစ္ရက္ကို ဘယ္ ေလာက္ထုတ္မလဲ၊ တစ္လကို ဘယ္ေလာက္ ထုတ္ မလဲဆိုတာေတာ့ Demand ေပၚမူတည္ၿပီးေတာ့၊ ရရွိတဲ့ကုန္ၾကမ္းေပၚမွာ မူတည္ၿပီးေတာ့တျဖည္းျဖည္း ထုတ္လုပ္သြားမွာျဖစ္ပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။
သဘာဝ႐ြက္ဖ်န္းေျမဩဇာစက္႐ုံကို တည္ ေဆာက္ၿပီးစီးပါက ေဒသတြင္းအလုပ္အကိုင္မ်ားစြာ ကို ဖန္တီးေပးႏိုင္မည္ျဖစ္ၿပီး ေတာင္သူမ်ားအတြက္ ေျမဩဇာကို ေဈးႏႈန္းသက္သာစြာျဖင့္ ရရွိျခင္း၊ သြင္း ကုန္အစားထိုးျဖစ္သည့္အတြက္ ႏိုင္ငံေတာ္အေနျဖင့္ ျပည္ပမွေျမဩဇာတင္သြင္းမႈ အထိုက္အေလ်ာက္ ေလ်ာ့က်သြားမည္ျဖစ္သည့္အျပင္ စားသုံးသူမ်ား အ တြက္ပါ အက်ိဳးရွိလာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ သဘာဝ႐ြက္ဖ်န္းေျမဩဇာ စက္႐ုံ ကို ႏိုင္ငံေတာ္၏ စိုက္ပ်ိဳးေရးက႑ဖြံ႕ၿဖိဳးတိုးတက္ေရး ႏွင့္ ႏိုင္ငံတကာပူး ေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ေရး အေထာက္အပံ့အျဖစ္ ႐ုရွားႏိုင္ငံ RUMA Organic ကုမၸဏီ ႏွင့္ ေအာင္သန္းထိုက္ Agriculture Deve- lopment ကုမၸဏီတို႔ ပူးေပါင္းတည္ေဆာက္ေနျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.