ပြင်ဦးလွင်ကော်ဖီစီမံကိန်းမြေများအတွက် အခွန်ပေးဆောင်ရန် ကျန်ရှိသူ (၅၀)ကျော်ကို နာမည်ပျက်စာရင်းသွင်းသွားမည်

3837

စိမ့် (NP News)-ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်ဒေသ ကော်ဖီစီမံကိန်းမြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းမြေနှင့် သစ်တောမြေများအတွက် အခွန်ပေးဆောင်ရန် ကျန်ရှိသူ (၅၀)ကျော်ကို နာမည်ပျက်စာရင်းသွင်းသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက နိုင်ငံပိုင်ထုတ်သတင်းစာတွင် ယခုရက်ပိုင်းအတွင်း ကြေညာထားခြင်းဖြစ်သည်။
အဆိုပါ ကော်ဖီစီမံကိန်းမြေ မြေလွတ်၊ မြေလပ်၊ မြေရိုင်းမြေနှင့် သစ်တောမြေများအတွင်း ကော်ဖီစိုက်ပျိုးလုပ်ကိုင်ခွင့်ကို စာချုပ်ပါ စည်းကမ်းနှင့်အညီစာချုပ်ချုပ်ဆို၍ ခွင့်ပြုပေးခဲ့ရာ အချို့သော လုပ်ငန်းရှင်များသည် ၎င်းတို့၏ သဘောဆန္ဒအလျောက် ရောင်းချ၊ ဝယ်ယူခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်း အရှိန်အဟုန်မပျက်စေရေး ရည်ရွယ်ကာ ရောင်းခွန်၊ ဝယ်ခွန်ပေးဆောင်ခြင်းအား ခွင့်ပြုသည်ကို ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် စိစစ်ချက်များအရ လုပ်ငန်းရှင် (၅၆)ဦးသည် ယခုအချိန်တိုင်အောင် သတ်မှတ်အခွန်အခများအား ပေးဆောင်မှုမရှိကြောင်းနှင့် ကျန်ရှိသူများအနေဖြင့် လာမည့် ဇန်နဝါရီ (၁၅) ရက် နောက်ဆုံးထား၍ ရောင်းခွန်၊ ဝယ်ခွန်ပေးဆောင်ကြပါရန်နှင့် ပျက်ကွက်ပါက ဝန်ကြီးဌာန စီမံခန့်ခွဲရေးနည်းလမ်းအရ နာမည်ပျက် စီးပွားရေးလုပ်ငန်းရှင်စာရင်း ရေးသွင်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့ပြင် ရောင်းခွန်၊ ဝယ်ခွန်ပေးဆောင်ရန် ကျန်ရှိသော လုပ်ငန်းရှင်စာရင်းများကိုလည်း ဆက်လက်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျပင္ဦးလြင္ေကာ္ဖီစီမံကိန္းေျမမ်ားအတြက္ အခြန္ေပးေဆာင္ရန္ က်န္ရွိသူ (၅၀)ေက်ာ္ကို နာမည္ပ်က္စာရင္းသြင္းသြားမည္
စိမ့္ (NP News)-ဇန္နဝါရီ ၂
မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ခ႐ိုင္၊ ျပင္ဦးလြင္ေဒသ ေကာ္ဖီစီမံကိန္းေျမ၊ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းေျမႏွင့္ သစ္ေတာေျမမ်ားအတြက္ အခြန္ေပးေဆာင္ရန္ က်န္ရွိသူ (၅၀)ေက်ာ္ကို နာမည္ပ်က္စာရင္းသြင္းသြားမည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရးဦးစီးဌာနက ႏိုင္ငံပိုင္ထုတ္သတင္းစာတြင္ ယခုရက္ပိုင္းအတြင္း ေၾကညာထားျခင္းျဖစ္သည္။
အဆိုပါ ေကာ္ဖီစီမံကိန္းေျမ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းေျမႏွင့္ သစ္ေတာေျမမ်ားအတြင္း ေကာ္ဖီစိုက္ပ်ိဳးလုပ္ကိုင္ခြင့္ကို စာခ်ဳပ္ပါ စည္းကမ္းႏွင့္အညီစာခ်ဳပ္ခ်ဳပ္ဆို၍ ခြင့္ျပဳေပးခဲ့ရာ အခ်ိဳ႕ေသာ လုပ္ငန္းရွင္မ်ားသည္ ၎တို႔၏ သေဘာဆႏၵအေလ်ာက္ ေရာင္းခ်၊ ဝယ္ယူျခင္းမ်ား ျပဳလုပ္ခဲ့ၾကသျဖင့္ ေကာ္ဖီစိုက္ပ်ိဳးေရးလုပ္ငန္း အရွိန္အဟုန္မပ်က္ေစေရး ရည္႐ြယ္ကာ ေရာင္းခြန္၊ ဝယ္ခြန္ေပးေဆာင္ျခင္းအား ခြင့္ျပဳသည္ကို ေၾကညာခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ စိစစ္ခ်က္မ်ားအရ လုပ္ငန္းရွင္ (၅၆)ဦးသည္ ယခုအခ်ိန္တိုင္ေအာင္ သတ္မွတ္အခြန္အခမ်ားအား ေပးေဆာင္မႈမရွိေၾကာင္းႏွင့္ က်န္ရွိသူမ်ားအေနျဖင့္ လာမည့္ ဇန္နဝါရီ (၁၅) ရက္ ေနာက္ဆုံးထား၍ ေရာင္းခြန္၊ ဝယ္ခြန္ေပးေဆာင္ၾကပါရန္ႏွင့္ ပ်က္ကြက္ပါက ဝန္ႀကီးဌာန စီမံခန႔္ခြဲေရးနည္းလမ္းအရ နာမည္ပ်က္ စီးပြားေရးလုပ္ငန္းရွင္စာရင္း ေရးသြင္းသြားမည္ျဖစ္ေၾကာင္း အသိေပးထားသည္။
ထို႔ျပင္ ေရာင္းခြန္၊ ဝယ္ခြန္ေပးေဆာင္ရန္ က်န္ရွိေသာ လုပ္ငန္းရွင္စာရင္းမ်ားကိုလည္း ဆက္လက္ထုတ္ျပန္ေၾကညာသြားမည္ျဖစ္ေၾကာင္း သိရသည္။