ငလျင်ကြောင့်ထိခိုက်သွားသော ဘုရားများရှိ ဌာပနာများကို ခွဲခြားစိတ်ဖြာရန်အတွက် ထိုင်းပညာရှင်အဖွဲ့လည်း ကူညီနေ

269

စော (NP News) - ဇန်နဝါရီ ၃
မန္တလေး ငလျင်ကြီးကြောင့်ထိခိုက်သွားသော ဘုရားများရှိ ဌာပနာများကို ခွဲခြားစိတ်ဖြာရန်အတွက် ထိုင်းပညာရှင် အဖွဲ့လည်း ကူညီနေကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက NP News ကို ပြောသည်။
ငလျင်ကြောင့် ရှေးဟောင်းအဆောက်အအုံ၊ ဘုရား၊ စေတီ၊ ဘုန်းကြီးကျောင်း၊ သိမ်ဇရပ်နှင့်မြို့ရိုး၊ ပြအိုးပြဿာဒ် စသည်ဖြင့် (၁၇၈၁)လုံးနှင့် ဘုရား ၊ စေတီ၊ သာသနိက အဆောက်အအုံ (၄၉၉၈)လုံး စုစုပေါင်း (၆၇၇၉)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
“သူတို့က ဒီငလျင်လှုပ်ပြီးတော့ ပျက်စီးသွားတဲ့ဘုရားအချို့ကို သူတို့က Assessment လာလုပ်ပေးတာ။ အထူးသဖြင့်ကတော့ HRF ပေါ့။ HRFဆိုတာ ဌာပနထွက်လာတဲ့ဘုရားတွေ တစ်ချို့ဘုရားတွေက ကြေးဘုရားတွေ က ကြေးဘယ်နှစ်စ၊ ရွှေဘယ်နှစ်စ ဆိုပြီး သုတေသနလာလုပ်ပေးတဲ့အဖွဲ့တွေပေါ့” ဟု ၎င်းက ပြောသည်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော မန္တလေး၊ အမရပူရနှင့်စစ်ကိုင်းတို့ရှိ ဘုရားများသို့ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိုင်းနိုင်ငံ Institute of Nuclear Technology ဌာန နှင့် ပူးပေါင်း၍ လေးရက်ခန့်သာ သုတေသနဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တစ်ချို့ကျတော့ အမရပူရ ရွှေဂူကြီးတွေရောက်တယ်။ ဒီ ဌာပနကထွက်လာတဲ့ဘုရားတွေရှိတယ်။ ဒါပေမဲ့ ဂေါပကအနေနဲ့ကတော့ ဒါရွှေဘုရားလား။ ကြေးဘုရားလား။ ငွေဘုရားလား။ သူတို့က သိပ်ပြီးတော့ မလုပ်တတ် ဘူး။ သူတို့ပါလာတဲ့စက်နဲ့ HRF လို့ ခေါ်တယ်။ အဲဒီစက်နဲ့ စစ်တဲ့အခါကျတော့ ဒီအတိုင်းထားထားတဲ့ဘုရားတွေက ရွှေဘုရားတွေဖြစ်နေတာပေါ့။ သေချာထိန်းသိမ်းဖို့လိုတယ်။ အဲဒါမျိုး စစ်ဆေးပေးတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ငလျင်ကြောင့် ပျက်စီးမှုနည်းပါးသော ရှေးဟောင်းအဆောက်အအုံများ၊ ရွှေဆေးသုတ်ထားသည့် စေတီပုထိုးများ ကို အလှူရှင်များ၊ ဂေါပကများ၊ အဖွဲ့အစည်းများက ပြုပြင်ထိန်းသိမ်းရာတွင် ဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုချက်တင် ကာ ပြင်ဆင်ခွင့်ပြုထားကြောင်း သိရသည်။
“ပြုပြင်စရာတွေက အများကြီးတွေရှိသေးတယ်။ တစ်ချို့ ပြန်ပြင်တဲ့အခါမှာ ဘက်ဂျက်နည်းနည်းသုံးရတဲ့ ဘုရားတွေကတော့ အသင့်အတင့်သုံးရတဲ့ဘုရားတွေကတော့ ပြီးတာပေါ့။ ဆရာတော်ကြီးတွေ ဦးစီးတဲ့ဘုရား ကလည်း ပြီးတယ်။ တစ်ချို့ဘုရားတွေကျတော့ အလှူရှင်မရှိသေးတဲ့ဘုရားတွေကလည်း အများကြီးရှိသေးတယ်။ အဲဒါတွေကျတော့လည်း ရှေးဟောင်းသုတေသနအနေနဲ့ အလှူရှင်တွေရအောင်ဆောင်ရွက်နေတယ်။ အလှူရှင် ရတာနဲ့တစ်ပြိုင်နက် မူလပုံစံကနေ ပြောင်းလဲမသွားအောင်ထိန်းပြီးတော့ ပြုပြင်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ထိခိုက္သြားေသာ ဘုရားမ်ားရွိ ဌာပနာမ်ားကို ခြဲျခားစိတ္ျဖာရန္အတြက္ ထိုင္းပညာရွင္အဖြဲ႕လည္း ကူညီေန
ေစာ (NP News) - ဇန္နဝါရီ ၃
မႏၲေလး ငလ်င္ႀကီးေၾကာင့္ထိခိုက္သြားေသာ ဘုရားမ်ားရွိ ဌာပနာမ်ားကို ခြဲျခားစိတ္ျဖာရန္အတြက္ ထိုင္းပညာရွင္ အဖြဲ႕လည္း ကူညီေနေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသန ႏွင့္ အမ်ိဳးသား ျပတိုက္ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးေက်ာ္မ်ိဳးဝင္းက NP News ကို ေျပာသည္။
ငလ်င္ေၾကာင့္ ေရွးေဟာင္းအေဆာက္အအုံ၊ ဘုရား၊ ေစတီ၊ ဘုန္းႀကီးေက်ာင္း၊ သိမ္ဇရပ္ႏွင့္ၿမိဳ႕႐ိုး၊ ျပအိုးျပႆာဒ္ စသည္ျဖင့္ (၁၇၈၁)လုံးႏွင့္ ဘုရား ၊ ေစတီ၊ သာသနိက အေဆာက္အအုံ (၄၉၉၈)လုံး စုစုေပါင္း (၆၇၇၉)လုံး ထိခိုက္ပ်က္စီးခဲ့ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
“သူတို႔က ဒီငလ်င္လႈပ္ၿပီးေတာ့ ပ်က္စီးသြားတဲ့ဘုရားအခ်ိဳ႕ကို သူတို႔က Assessment လာလုပ္ေပးတာ။ အထူးသျဖင့္ကေတာ့ HRF ေပါ့။ HRFဆိုတာ ဌာပနထြက္လာတဲ့ဘုရားေတြ တစ္ခ်ိဳ႕ဘုရားေတြက ေၾကးဘုရားေတြ က ေၾကးဘယ္ႏွစ္စ၊ ေ႐ႊဘယ္ႏွစ္စ ဆိုၿပီး သုေတသနလာလုပ္ေပးတဲ့အဖြဲ႕ေတြေပါ့” ဟု ၎က ေျပာသည္။
ငလ်င္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ေသာ မႏၲေလး၊ အမရပူရႏွင့္စစ္ကိုင္းတို႔ရွိ ဘုရားမ်ားသို႔ ေရွးေဟာင္းသုေတသန ႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက ထိုင္းႏိုင္ငံ Institute of Nuclear Technology ဌာန ႏွင့္ ပူးေပါင္း၍ ေလးရက္ခန႔္သာ သုေတသနေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“တစ္ခ်ိဳ႕က်ေတာ့ အမရပူရ ေ႐ႊဂူႀကီးေတြေရာက္တယ္။ ဒီ ဌာပနကထြက္လာတဲ့ဘုရားေတြရွိတယ္။ ဒါေပမဲ့ ေဂါပကအေနနဲ႔ကေတာ့ ဒါေ႐ႊဘုရားလား။ ေၾကးဘုရားလား။ ေငြဘုရားလား။ သူတို႔က သိပ္ၿပီးေတာ့ မလုပ္တတ္ ဘူး။ သူတို႔ပါလာတဲ့စက္နဲ႔ HRF လို႔ ေခၚတယ္။ အဲဒီစက္နဲ႔ စစ္တဲ့အခါက်ေတာ့ ဒီအတိုင္းထားထားတဲ့ဘုရားေတြက ေ႐ႊဘုရားေတြျဖစ္ေနတာေပါ့။ ေသခ်ာထိန္းသိမ္းဖို႔လိုတယ္။ အဲဒါမ်ိဳး စစ္ေဆးေပးတာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။
ငလ်င္ေၾကာင့္ ပ်က္စီးမႈနည္းပါးေသာ ေရွးေဟာင္းအေဆာက္အအုံမ်ား၊ ေ႐ႊေဆးသုတ္ထားသည့္ ေစတီပုထိုးမ်ား ကို အလႉရွင္မ်ား၊ ေဂါပကမ်ား၊ အဖြဲ႕အစည္းမ်ားက ျပဳျပင္ထိန္းသိမ္းရာတြင္ ဦးစီးဌာနသို႔ ႀကိဳတင္ခြင့္ျပဳခ်က္တင္ ကာ ျပင္ဆင္ခြင့္ျပဳထားေၾကာင္း သိရသည္။
“ျပဳျပင္စရာေတြက အမ်ားႀကီးေတြရွိေသးတယ္။ တစ္ခ်ိဳ႕ ျပန္ျပင္တဲ့အခါမွာ ဘက္ဂ်က္နည္းနည္းသုံးရတဲ့ ဘုရားေတြကေတာ့ အသင့္အတင့္သုံးရတဲ့ဘုရားေတြကေတာ့ ၿပီးတာေပါ့။ ဆရာေတာ္ႀကီးေတြ ဦးစီးတဲ့ဘုရား ကလည္း ၿပီးတယ္။ တစ္ခ်ိဳ႕ဘုရားေတြက်ေတာ့ အလႉရွင္မရွိေသးတဲ့ဘုရားေတြကလည္း အမ်ားႀကီးရွိေသးတယ္။ အဲဒါေတြက်ေတာ့လည္း ေရွးေဟာင္းသုေတသနအေနနဲ႔ အလႉရွင္ေတြရေအာင္ေဆာင္႐ြက္ေနတယ္။ အလႉရွင္ ရတာနဲ႔တစ္ၿပိဳင္နက္ မူလပုံစံကေန ေျပာင္းလဲမသြားေအာင္ထိန္းၿပီးေတာ့ ျပဳျပင္ရမွာေပါ့” ဟု ၎က ဆိုသည္။