ဂျာမနီဆီကနေရရှိခဲ့တဲ့ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်အသစ်နှစ်ခုကို ဖြန့်ကျက်ချထားပြီးပြီလို့ ယူကရိန်းပြော

 334

Pika (NP News) - ဇန်နဝါရီ ၃

ဂျာမနီဆီကနေ လက်ခံရရှိခဲ့တဲ့ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်အသစ်နှစ်ခုကို လိုအပ်တဲ့နေရာ တွေမှာ ဖြန့်ကျက်ချထားပြီးပြီဖြစ်တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်အသစ်နှစ်ခုက ဂျာမနီကအရင်က ထုတ်ပြန်ကြေညာခဲ့တဲ့ ယူကရိန်းအတွက် စစ်ရေးအကူအညီထောက်ပံ့မှုတွေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။
ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက “ယူကရိန်းမြို့တွေနဲ့ အရေးကြီးတဲ့အခြေခံအဆောက်အဦးတွေကို ကာကွယ်ဖို့အတွက် ဂျာမနီဆီကနေ လက်ခံရရှိခဲ့တဲ့ ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်နှစ်ခုကို ဖြန့်ကျက်ချထားပြီးပါပြီ” လို့ ပြောခဲ့ပါတယ်။
နောက်ဆုံးပေါ်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို လက်ခံရရှိလိမ့်မယ်ဆိုတဲ့သဘောတူညီချက်တစ်ခုကို အမေရိကန်နဲ့ဂျာမနီတို့ကြားမှာ ရရှိခဲ့ပြီးနောက် ယူကရိန်းကို ပက်ထရီယော့လေကြောင်းရန် ကာကွယ်ရေးစနစ် နှစ်ခုပေးပို့ပေးမယ်လို့ ဂျာမနီက ပြီးခဲ့တဲ့ဩဂုတ်လမှာ ထုတ်ပြန်ပြောကြားခဲ့တာပဲဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ရုရှားနဲ့ယူကရိန်းတို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အကြိမ်ကြိမ်လုပ်ဆောင်နေပေမယ့် လည်း သိသာထင်ရှားတဲ့ရလဒ်တွေ ထွက်ပေါ်လာတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version:
ဂ်ာမနီဆီကေနရရွိခဲ့တဲ့ပက္ထရီေယာ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္အသစ္ႏွစ္ခုကို ျဖန႔္က်က္ခ်ထားၿပီးၿပီလို႔ ယူကရိန္းေျပာ
Pika (NP News) - ဇန္နဝါရီ ၃

ဂ်ာမနီဆီကေန လက္ခံရရွိခဲ့တဲ့ပက္ထရီေယာ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္အသစ္ႏွစ္ခုကို လိုအပ္တဲ့ေနရာ ေတြမွာ ျဖန႔္က်က္ခ်ထားၿပီးၿပီျဖစ္တယ္လို႔ ယူကရိန္းကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီပက္ထရီေယာ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္အသစ္ႏွစ္ခုက ဂ်ာမနီကအရင္က ထုတ္ျပန္ေၾကညာခဲ့တဲ့ ယူကရိန္းအတြက္ စစ္ေရးအကူအညီေထာက္ပံ့မႈေတြရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။
ယူကရိန္းကာကြယ္ေရးဝန္ႀကီးဌာနက “ယူကရိန္းၿမိဳ႕ေတြနဲ႔ အေရးႀကီးတဲ့အေျခခံအေဆာက္အဦးေတြကို ကာကြယ္ဖို႔အတြက္ ဂ်ာမနီဆီကေန လက္ခံရရွိခဲ့တဲ့ ပက္ထရီေယာ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ႏွစ္ခုကို ျဖန႔္က်က္ခ်ထားၿပီးပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
ေနာက္ဆုံးေပၚေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြကို လက္ခံရရွိလိမ့္မယ္ဆိုတဲ့သေဘာတူညီခ်က္တစ္ခုကို အေမရိကန္နဲ႔ဂ်ာမနီတို႔ၾကားမွာ ရရွိခဲ့ၿပီးေနာက္ ယူကရိန္းကို ပက္ထရီေယာ့ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ ႏွစ္ခုေပးပို႔ေပးမယ္လို႔ ဂ်ာမနီက ၿပီးခဲ့တဲ့ဩဂုတ္လမွာ ထုတ္ျပန္ေျပာၾကားခဲ့တာပဲျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို အႀကိမ္ႀကိမ္လုပ္ေဆာင္ေနေပမယ့္လည္း သိသာထင္ရွားတဲ့ရလဒ္ေတြ ထြက္ေပၚလာတာမ်ိဳးေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.