တရုတ်တိုင်ပေကျွန်းနှင့် ပြန်လည်ပေါင်းစည်းရေးက ရပ်တန့်၍မရသည့်အရာတစ်ခုဖြစ်ကြောင်း တရုတ်သမ္မတပြော

 178

Pika (NP News) - ဇန်နဝါရီ ၃

တရုတ်တိုင်ပေကျွန်းနှင့် ပြန်လည်ပေါင်း စည်းရေးကို မည်သည့်အရာကမှ ရပ်တန့်နိုင်မည်မဟုတ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က နှစ်သစ်ကူးညတွင် ကတိပြုပြောဆိုခဲ့ကြောင်းသိရသည်။ တ ရုတ်တိုင်ပေကျွန်းနှင့် ပြန်လည် ပေါင်းစည်းခြင်းက မလွဲမသွေဖြစ်ရမည့်အရာတစ်ခုဖြစ်သည်ဟု ရှီကျင့်ဖျင်က အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ဖူးကြောင်းလည်း သိရသည်။
(၁၉၄၉)ခုနှစ်တွင် ပြည်တွင်းစစ်ရှုံးနိမ့်ပြီး ဆုတ်ခွာသွားခဲ့သည့်အချိန်မှစတင်ကာ တရုတ်တိုင်ပေကျွန်းကို တရုတ်အမျိုးသားရေးဝါဒီတပ်ဖွဲ့များက အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း တရုတ်က တရုတ်တိုင်ပေကျွန်းကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ်ရှုမြင်ထားပြီး နိုင်ငံတကာအသိုင်းအဝိုင်းအများစု ကလည်း ယင်းအချက်ကို လက်ခံကြ ကြောင်းသိရသည်။
ရှီကျင့်ဖျင်က “ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဖက်စလုံးမှာရှိတဲ့လူတွေအားလုံးက တရုတ်လူမျိုး တွေပဲဖြစ်ပါ တယ်။ တရုတ်တိုင်ပေကျွန်းနဲ့ တရုတ် ပြည်မကြီး ပြန်လည်ပေါင်းစည်းရေးက ရပ်တန့်လို့မရ တဲ့အရာတစ်ခုပဲဖြစ်ပါ တယ်”ဟုပြောဆိုခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ၏ အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုတွင် ပိုမိုကောင်းမွန်စွာ ပေါင်းစည်းနိုင်စေရန်၊ ရေရှည်ကြွယ်ဝ ချမ်းသာမှုနှင့် တည်ငြိမ်မှုကိုထိန်းသိမ်း ရန်ဟောင်ကောင်နှင့်မကာအိုတို့ကိုလည်း ထောက်ခံသွားမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်ကပြောကြားခဲ့သည်။ တရုတ်တိုင်ပေနှင့် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်း ရန်လိုအပ်သည့်အရာအားလုံးကို လုပ်ဆောင်သွား မည်ဖြစ်ကြောင်းနှင့် လိုအပ်ပါက အင်အားသုံးဖြေရှင်း သွားမည်ဖြစ်ကြောင်းလည်း ရှီကျင့်ဖျင်က ထုတ်ပြန်ပြောဆိုခဲ့သည်။

တ႐ုတ္တိုင္ေပကြၽန္းႏွင့္ ျပန္လည္ေပါင္းစည္းေရးက ရပ္တန႔္၍မရသည့္အရာတစ္ခုျဖစ္ေၾကာင္း တ႐ုတ္သမၼတေျပာ
Pika (NP News) - ဇန္နဝါရီ ၃
တ႐ုတ္တိုင္ေပကြၽန္းႏွင့္ ျပန္လည္ေပါင္း စည္းေရးကို မည္သည့္အရာကမွ ရပ္တန႔္ႏိုင္မည္မဟုတ္ေၾကာင္း တ႐ုတ္သမၼတရွီက်င့္ဖ်င္က ႏွစ္သစ္ကူးညတြင္ ကတိျပဳေျပာဆိုခဲ့ေၾကာင္းသိရသည္။ တ ႐ုတ္တိုင္ေပကြၽန္းႏွင့္ ျပန္လည္ ေပါင္းစည္းျခင္းက မလြဲမေသြျဖစ္ရမည့္အရာတစ္ခုျဖစ္သည္ဟု ရွီက်င့္ဖ်င္က အႀကိမ္ႀကိမ္ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးေၾကာင္းလည္း သိရသည္။
(၁၉၄၉)ခုႏွစ္တြင္ ျပည္တြင္းစစ္ရႈံးနိမ့္ၿပီး ဆုတ္ခြာသြားခဲ့သည့္အခ်ိန္မွစတင္ကာ တ႐ုတ္တိုင္ေပကြၽန္းကို တ႐ုတ္အမ်ိဳးသားေရးဝါဒီတပ္ဖြဲ႕မ်ားက အုပ္ခ်ဳပ္ခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္လည္း တ႐ုတ္က တ႐ုတ္တိုင္ေပကြၽန္းကို ၎၏ပိုင္နက္နယ္ေျမအျဖစ္ရႈျမင္ထားၿပီး ႏိုင္ငံတကာအသိုင္းအဝိုင္းအမ်ားစု ကလည္း ယင္းအခ်က္ကို လက္ခံၾက ေၾကာင္းသိရသည္။
ရွီက်င့္ဖ်င္က “ထိုင္ဝမ္ေရလက္ၾကားရဲ႕ ႏွစ္ဖက္စလုံးမွာရွိတဲ့လူေတြအားလုံးက တ႐ုတ္လူမ်ိဳး ေတြပဲျဖစ္ပါ တယ္။ တ႐ုတ္တိုင္ေပကြၽန္းနဲ႔ တ႐ုတ္ ျပည္မႀကီး ျပန္လည္ေပါင္းစည္းေရးက ရပ္တန႔္လို႔မရ တဲ့အရာတစ္ခုပဲျဖစ္ပါ တယ္”ဟုေျပာဆိုခဲ့သည္။
ထို႔ျပင္ တ႐ုတ္ႏိုင္ငံ၏ အလုံးစုံ ဖြံ႕ၿဖိဳးတိုးတက္မႈတြင္ ပိုမိုေကာင္းမြန္စြာ ေပါင္းစည္းႏိုင္ေစရန္၊ ေရရွည္ႂကြယ္ဝ ခ်မ္းသာမႈႏွင့္ တည္ၿငိမ္မႈကိုထိန္းသိမ္း ရန္ေဟာင္ေကာင္ႏွင့္မကာအိုတို႔ကိုလည္း ေထာက္ခံသြားမည္ျဖစ္ေၾကာင္း ရွီက်င့္ဖ်င္ကေျပာၾကားခဲ့သည္။ တ႐ုတ္တိုင္ေပႏွင့္ ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္း ရန္လိုအပ္သည့္အရာအားလုံးကို လုပ္ေဆာင္သြား မည္ျဖစ္ေၾကာင္းႏွင့္ လိုအပ္ပါက အင္အားသုံးေျဖရွင္း သြားမည္ျဖစ္ေၾကာင္းလည္း ရွီက်င့္ဖ်င္က ထုတ္ျပန္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.