မူးယစ်မှောင်ခိုသင်္ဘောတွေလို့ယူဆရတဲ့ သင်္ဘောအုပ်စုကို အမေရိကန်စစ်တပ် တိုက်ခိုက်ဖျက်ဆီး

 182

Pika (NP News) - ဇန်နဝါရီ ၃

မူးယစ်မှောင်ခိုသင်္ဘောတွေလို့ယူဆရတဲ့ သင်္ဘောအုပ်စုကို အမေရိကန်စစ်တပ်က အကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့ တာကြောင့် အနည်းဆုံးလူ(၈)ဦးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့အတူ အမေရိကန်လုပ်ဆောင်နေတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးတွေကြောင့် သေဆုံးခဲ့သူအရေအတွက်ဟာ (၁၁၅)ဦးအထိ ရှိလာခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။
မူးယစ်မှောင်ခိုသင်္ဘောတွေလို့ ယူဆရတဲ့ သင်္ဘောအုပ်စုကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန်အလယ်ပိုင်းနဲ့ တောင်အမေရိကတို့မှာ လှုပ်ရှားနေတဲ့အမေရိကန်တပ်ဖွဲ့တွေကို ကွပ်ကဲတဲ့အမေရိကန်တောင်ပိုင်းကွပ်ကဲမှု ဌာနချုပ်က ပထမဆုံးထုတ်ပြန်ကြေညာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အမေရိကန်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်က “နိုင်ငံတကာရေပြင်မှာ ယာဉ်တန်းတစ်ခုအဖြစ်သွားလာနေတဲ့ မူးယစ်မှောင်ခိုသင်္ဘောသုံးစီးကို အမေရိကန်စစ်တပ်က တိုက်ခိုက်ဖျက်ဆီးမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ပထမဆုံး အကြိမ် တိုက်ခိုက်မှုအတွင်းမှာ မူးယစ်မှောင်ခိုသမား(၃)ဦးသေဆုံးခဲ့ပြီး နောက်ထပ်တစ်ကြိမ်တိုက်ခိုက်မှုအတွင်း မှာ နောက်ထပ်(၅)ဦးသေဆုံးခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ပင်လယ်ပြင်မှာအတူတူသွားလာနေတဲ့သင်္ဘောသုံးစီးက ဒုံးကျည်တွေထိမှန်ပြီး ပေါက်ကွဲသွားတဲ့ ဗီဒီယိုဖိုင် တစ်ခုကို အမေရိကန်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ပြသခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
မူးယစ္ေမွာင္ခိုသေဘၤာေတြလို႔ယူဆရတဲ့ သေဘၤာအုပ္စုကို အေမရိကန္စစ္တပ္ တိုက္ခိုက္ဖ်က္ဆီး
Pika (NP News) - ဇန္နဝါရီ ၃
မူးယစ္ေမွာင္ခိုသေဘၤာေတြလို႔ယူဆရတဲ့ သေဘၤာအုပ္စုကို အေမရိကန္စစ္တပ္က အႀကိမ္ေပါင္းမ်ားစြာတိုက္ခိုက္ခဲ့ တာေၾကာင့္ အနည္းဆုံးလူ(၈)ဦးေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈနဲ႔အတူ အေမရိကန္လုပ္ေဆာင္ေနတဲ့ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးစစ္ဆင္ေရးေတြေၾကာင့္ ေသဆုံးခဲ့သူအေရအတြက္ဟာ (၁၁၅)ဦးအထိ ရွိလာခဲ့ၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။
မူးယစ္ေမွာင္ခိုသေဘၤာေတြလို႔ ယူဆရတဲ့ သေဘၤာအုပ္စုကို တိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး အေမရိကန္အလယ္ပိုင္းနဲ႔ ေတာင္အေမရိကတို႔မွာ လႈပ္ရွားေနတဲ့အေမရိကန္တပ္ဖြဲ႕ေတြကို ကြပ္ကဲတဲ့အေမရိကန္ေတာင္ပိုင္းကြပ္ကဲမႈ ဌာနခ်ဳပ္က ပထမဆုံးထုတ္ျပန္ေၾကညာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
အေမရိကန္ေတာင္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္က “ႏိုင္ငံတကာေရျပင္မွာ ယာဥ္တန္းတစ္ခုအျဖစ္သြားလာေနတဲ့ မူးယစ္ေမွာင္ခိုသေဘၤာသုံးစီးကို အေမရိကန္စစ္တပ္က တိုက္ခိုက္ဖ်က္ဆီးမႈေတြလုပ္ေဆာင္ခဲ့ပါတယ္။ ပထမဆုံး အႀကိမ္ တိုက္ခိုက္မႈအတြင္းမွာ မူးယစ္ေမွာင္ခိုသမား(၃)ဦးေသဆုံးခဲ့ၿပီး ေနာက္ထပ္တစ္ႀကိမ္တိုက္ခိုက္မႈအတြင္း မွာ ေနာက္ထပ္(၅)ဦးေသဆုံးခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ပင္လယ္ျပင္မွာအတူတူသြားလာေနတဲ့သေဘၤာသုံးစီးက ဒုံးက်ည္ေတြထိမွန္ၿပီး ေပါက္ကြဲသြားတဲ့ ဗီဒီယိုဖိုင္ တစ္ခုကို အေမရိကန္ေတာင္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္က ထုတ္ျပန္ျပသခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.