အမေရိကန်စစ်သင်္ဘောများက ကာရေဗီယံပင်လယ်အတွင်းတွင် မူးယစ်ဆေးဝါးနှိမ်နင်းရေးကို ထပ်မံလုပ်ဆောင်

 277

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၃

အမေရိကန်စစ်သင်္ဘောများသည် ကာရေ ဗီယံပင်လယ်အတွင်းတွင် ဗင်နီဇွဲလားနိုင်ငံမှမူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းနေသည့် သင်္ဘောများကို ဖြိုခွင်းလျက်ရှိနေရာ ပြီးခဲ့သည့်ရက်ပိုင်းကလည်း မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းနေသည်ဟု သံသယရှိသော သင်္ဘောနှစ်စင်းကို ထပ်မံတိုက်ခိုက်ခဲ့ရာ အနည်းဆုံး (၅) ဦး သေဆုံးခဲ့ကြောင်းသိရ သည်။
အမေရိကန်စစ်သင်္ဘောများက တိုက်ခိုက် ချိန်တွင် မူးယစ်ဆေးဝါးမှောင်ခိုသယ်ဆောင်သည်ဟု သံသယရှိသော သင်္ဘောပေါ်မှ လူများသည် ရေထဲသို့ ခုန်ဆင်းထွက်ပြေးခဲ့ရာ အမေရိကန်စစ်သင်္ဘောများက ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။
အမေရိကန်စစ်တပ်၏တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သည် မူးယစ်ဆေးဝါးမှောင်ခိုသယ်ဆောင်သည်ဟု သံသယရှိသော သင်္ဘော နှစ်စင်းကို တိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း နေရာကို အတိအကျထုတ်ပြန်ခဲ့ခြင်းမျိုး မရှိကြောင်း သိရသည်။ အမေရိကန် စစ်သင်္ဘောများသည် ပြီးခဲ့သည့် စက်တင်ဘာလနောက်ပိုင်းတည်းက ကာရေဗီယံပင်လယ်နှင့် ပစိဖိတ်ဒေသအရှေ့ပိုင်းတွင် မူးယစ်ဆေးဝါး မှောင်ခို တင်သွင်းသည်ဟု သံသယရှိ သော သင်္ဘောများကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ နှင့် ဗင်နီဇွဲလားသမ္မတကြား အငြင်းပွားမှုများ၊ တင်းမာမှုများ မြင့်တက်နေချိန်တွင် အမေရိကန်စစ်သင်္ဘောများက ကာရေဗီယံပင်လယ်အတွင်းတွင် မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းနေသည်ဟု သံသယရှိသောသင်္ဘောများကို တိုက်ခိုက်နေခြင်းဖြစ်သည်။ သမ္မတ ထရမ့် တာဝန်ယူပြီးနောက်ပိုင်း အမေရိကန်စစ် သင်္ဘောများ သည် ကာရေဗီယံ ပင်လယ်အတွင်းတွင် မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိ သော သင်္ဘောများကို (၃) လကျော်အတွင်း အကြိမ်ပေါင်း (၃၀) ကျော်တိုက်ခိုက်ခဲ့ပြီး လူပေါင်း (၁၁၀) ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
သမ္မတထရမ့် တာဝန်ယူပြီးနောက်ပိုင်း ကာရေဗီယံပင်လယ်အတွင်း ပြုလုပ်နေသော မူးယစ်ဆေးဝါး စစ်ပွဲနှင့် ပတ်သက်ပြီး အမေရိကန် အတိုက်ခံပါတီ လွှတ်တော်အမတ်များက စိုးရိမ်မှုများဖြစ်ရ ကြောင်း ပြောသည်။
အမေရိကန်စစ်သင်္ဘောများက မူးယစ်ဆေးဝါးမှောင်ခိုသယ်ဆောင်သည့် သင်္ဘောများကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သော်လည်း ခိုင်မာသော သက်သေမပြနိုင်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း အမေရိကန်စစ်တပ်က ခိုင်မာသော ထောက်လှမ်းရေး သတင်းအချက်လက်များအရ သင်္ဘောများကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။

Zawgyi Version:
အေမရိကန္စစ္သေဘၤာမ်ားက ကာေရဗီယံပင္လယ္အတြင္းတြင္ မူးယစ္ေဆးဝါးႏွိမ္နင္းေရးကို ထပ္မံလုပ္ေဆာင္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၃
အေမရိကန္စစ္သေဘၤာမ်ားသည္ ကာေရ ဗီယံပင္လယ္အတြင္းတြင္ ဗင္နီဇြဲလားႏိုင္ငံမွမူးယစ္ေဆးဝါး ေမွာင္ခိုတင္သြင္းေနသည့္ သေဘၤာမ်ားကို ၿဖိဳခြင္းလ်က္ရွိေနရာ ၿပီးခဲ့သည့္ရက္ပိုင္းကလည္း မူးယစ္ေဆးဝါးေမွာင္ခိုတင္သြင္းေနသည္ဟု သံသယရွိေသာ သေဘၤာႏွစ္စင္းကို ထပ္မံတိုက္ခိုက္ခဲ့ရာ အနည္းဆုံး (၅) ဦး ေသဆုံးခဲ့ေၾကာင္းသိရ သည္။
အေမရိကန္စစ္သေဘၤာမ်ားက တိုက္ခိုက္ ခ်ိန္တြင္ မူးယစ္ေဆးဝါးေမွာင္ခိုသယ္ေဆာင္သည္ဟု သံသယရွိေသာ သေဘၤာေပၚမွ လူမ်ားသည္ ေရထဲသို႔ ခုန္ဆင္းထြက္ေျပးခဲ့ရာ အေမရိကန္စစ္သေဘၤာမ်ားက ကယ္ဆယ္ခဲ့ရေၾကာင္း သိရသည္။
အေမရိကန္စစ္တပ္၏ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္သည္ မူးယစ္ေဆးဝါးေမွာင္ခိုသယ္ေဆာင္သည္ဟု သံသယရွိေသာ သေဘၤာ ႏွစ္စင္းကို တိုက္ခိုက္ခဲ့သည္ဟု သတင္းထုတ္ျပန္ခဲ့ေသာ္လည္း ေနရာကို အတိအက်ထုတ္ျပန္ခဲ့ျခင္းမ်ိဳး မရွိေၾကာင္း သိရသည္။ အေမရိကန္ စစ္သေဘၤာမ်ားသည္ ၿပီးခဲ့သည့္ စက္တင္ဘာလေနာက္ပိုင္းတည္းက ကာေရဗီယံပင္လယ္ႏွင့္ ပစိဖိတ္ေဒသအေရွ႕ပိုင္းတြင္ မူးယစ္ေဆးဝါး ေမွာင္ခို တင္သြင္းသည္ဟု သံသယရွိ ေသာ သေဘၤာမ်ားကို တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
အေမရိကန္သမၼတ ႏွင့္ ဗင္နီဇြဲလားသမၼတၾကား အျငင္းပြားမႈမ်ား၊ တင္းမာမႈမ်ား ျမင့္တက္ေနခ်ိန္တြင္ အေမရိကန္စစ္သေဘၤာမ်ားက ကာေရဗီယံပင္လယ္အတြင္းတြင္ မူးယစ္ေဆးဝါး ေမွာင္ခိုတင္သြင္းေနသည္ဟု သံသယရွိေသာသေဘၤာမ်ားကို တိုက္ခိုက္ေနျခင္းျဖစ္သည္။ သမၼတ ထရမ့္ တာဝန္ယူၿပီးေနာက္ပိုင္း အေမရိကန္စစ္ သေဘၤာမ်ား သည္ ကာေရဗီယံ ပင္လယ္အတြင္းတြင္ မူးယစ္ေဆးဝါးသယ္ေဆာင္သည္ဟု သံသယရွိ ေသာ သေဘၤာမ်ားကို (၃) လေက်ာ္အတြင္း အႀကိမ္ေပါင္း (၃၀) ေက်ာ္တိုက္ခိုက္ခဲ့ၿပီး လူေပါင္း (၁၁၀) ေက်ာ္ ေသဆုံးခဲ့ေၾကာင္း သိရသည္။
သမၼတထရမ့္ တာဝန္ယူၿပီးေနာက္ပိုင္း ကာေရဗီယံပင္လယ္အတြင္း ျပဳလုပ္ေနေသာ မူးယစ္ေဆးဝါး စစ္ပြဲႏွင့္ ပတ္သက္ၿပီး အေမရိကန္ အတိုက္ခံပါတီ လႊတ္ေတာ္အမတ္မ်ားက စိုးရိမ္မႈမ်ားျဖစ္ရ ေၾကာင္း ေျပာသည္။
အေမရိကန္စစ္သေဘၤာမ်ားက မူးယစ္ေဆးဝါးေမွာင္ခိုသယ္ေဆာင္သည့္ သေဘၤာမ်ားကို တိုက္ခိုက္ေနျခင္းျဖစ္ေၾကာင္း သတင္း ထုတ္ျပန္ခဲ့ေသာ္လည္း ခိုင္မာေသာ သက္ေသမျပႏိုင္ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း အေမရိကန္စစ္တပ္က ခိုင္မာေသာ ေထာက္လွမ္းေရး သတင္းအခ်က္လက္မ်ားအရ သေဘၤာမ်ားကို တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း တုံ႔ျပန္ထားသည္။

Related news

© 2021. All rights reserved.