ကသာမြို့ကို KIA, PDF များ ပိတ်ဆို့တိုက်ခိုက်သည့်အတွက် အထိနာဆုံးမှာပြည်သူများဖြစ်နေ

 968

သန့်ဇင် (NP News) ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ကို KIA၊ PDF များပိတ်ဆို့တိုက်ခိုက်မှုများကြောင့် ဒေသခံအများအပြား စစ်ဘေးရှောင်သွားခဲ့ပြီး မြို့အတွင်း လူ(၅၀ဝ)ခန့်ကျန်နေကာ ယင်းကျန်သူများမှာ လည်း အခက်အခဲကြုံနေရပြီး ယင်း တိုက်ခိုက်မှုအတွက် အထိနာဆုံးမှာ ပြည်သူများဖြစ်နေကြောင်း နေရပ်စွန့်ခွာဒေသခံအချို့ထံ NP News က ဆက်သွယ် မေးမြန်းထားချက်များအရ သိရသည်။
ကသာမြို့တွင် ကမ္ဘာကျော်စာရေးဆရာကြီး ဂျော့အော်ဝဲလ်နေထိုင်ခဲ့ရာ အရေးပိုင်အိမ်ကြီးအ ပါအဝင် နာမည်ကျော်နေရာများရှိနေပြီး ယင်းနေရာ တို့သည်လည်း စစ်ဘေးကြောင့် ထိခိုက်၊ မထိခိုက်ကို မပြောနိုင်သေးပေ။
ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၉)ရက်က စတင်ဖြစ်ပွားခဲ့သော ကသာမြို့တိုက်ပွဲများကြောင့် ဒေသခံများစွာ စစ်ဘေး ရှောင် နေရပ်စွန်ခွာခဲ့ရာ လက်ရှိတွင် KIA၊ PDF ပူးပေါင်းအဖွဲ့က အင်းတော်-ကသာ လမ်း၊ ထီးချိုင့်-ကသာလမ်းတို့တွင် ပိတ်ဆို့မှုများ ကြောင့် မြို့အတွင်းမှထွက်ခွာမရသူများရှိနေသေး ကြောင်း သိရသည်။
‘မြို့ထဲကထွက်တဲ့လူတွေဆိုရင်လည်း ဘာမှလုပ်လို့မရဘူး။ တပ်ကတော့ အတွင်းစည်းနဲ့ ခုခံထားတယ်။ မြို့ထဲမှာ လေကြောင်းပစ်ခတ်မှုက ခဏခဏရှိတယ်။ KIA၊ PDF က အင်းတော်ဘက်နဲ့လည်း (၈)မိုင်ပတ်လည်။ ထီးချိုင့် ဘက်ကဆို ကျောက်ပုံရွာ၊ ကလုံရွာဘက်ကနေ စီးပြီးဖမ်းနေတာ။ ဝန်ထမ်းတွေ ဆိုရင်လည်းမရှိတော့ဘူး။ ကျွန်တော်တို့ မြို့ထဲမှာ လူ နေအိမ်တွေရှိသေးတယ်၊ လူအနည်းငယ်ရှိသေးတယ်။ (၅၀ဝ)လောက်ပေါ့။ မြို့ထဲမှာ စားနပ်ရိက္ခာတွေ ပြတ်လပ်နေတာ ဒေသခံတွေပါ’ ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။ လက်ရှိတွင်လည်း ကသာမြို့တွင် ဗအသာ ဖုန်းလိုင်းတစ်မျိုးသာ ရံဖန်ရံခါသာဆက်သွယ်၍ရပြီး မြို့တွင်းမှထွက်ခွာသွား များသူများနှင့်လည်း ဆက်သွယ် ရန်အခက်အခဲရှိနေကြောင်း သိရသည်။
ထို့ပြင် ထွက်ခွာသူများအတွင်း အချို့မှာ KIA၊ PDF အဖွဲ့၏ ဖမ်းဆီးခြင်းခံထားရကြောင်း လည်း သတင်းများ ထွက် ပေါ်နေကြောင်း သိရသည်။
မြို့တွင်းကျန်ရှိနေသူများသည်လည်း နေအိမ်ဖောက်ထွင်းခိုးယူသည့်အဖွဲ့များ၏ရန်နှင့် စားနပ် ရိက္ခာပြတ် လပ်မှုကိုကြုံတွေ့နေရကြောင်း အထက်ပါ သတင်းရင်းမြစ်ကဆိုသည်။
‘မြို့ထဲမှာ လူတွေက နီးစပ်ရာအိမ်တွေမှာ စုပြီးနေကြတယ်။ အနုကြမ်းစီးတဲ့လူတွေကလည်း ည တိုင်းဝင်တဲ့ အဖွဲ့တွေရှိတယ်။ အဲဒါကြောင့် အသိဆွေ မျိုးတွေဆီမှာ စုဖွဲ့ပြီးနေနေကြရတယ်။ မြို့ခံကတော့ (၅၀ဝ)လောက်ပဲရှိတယ်။ လုတဲ့လူတွေက လူအင် အားအများအပြားနဲ့ အင်အား(၃၀)လောက်က ကားနဲ့ ဆိုင်ကယ်တွေနဲ့ အိမ်တွေထဲဝင်ပြီးတော့ ဖျက်ဆီး တဲ့ပုံစံမျိုးရှိတယ်။ သူခိုးတွေကလည်း ခိုးပြီးတော့ အိမ်တွေမီးရှို့ခဲ့တာရှိတယ်’ဟု ၎င်းကပြောသည်။
ကသာမြို့သားများသည် ယခင်ကပင် စစ်၏ဆိုးကျိုးကို တိုက်ရိုက်မဟုတ်သော်လည်း သွယ် ဝိုက်ခံခဲ့ရပြီး ဖြစ်သောကြောင့် ကျပ်တည်းနေကြရာ မတတ်သာသောအခြေအနေမှသာ မြို့မှ စွန့်ခွာခဲ့ကြရ ခြင်းဖြစ် ကြောင်း အခြား သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
‘ကသာဆောင်းက အရမ်းအေးတာလေ။ ဒီကာလကြီးမှာ ဘယ်သူမှ လမ်းအခြေအနေမသိဘဲ မစွန့်စားရဲဘူး။ မဖြစ်မနေထွက်ရမယ်ဆိုမှ ထွက်ခဲ့ကြ ရတာ။ ပွင့်ပွင့်လင်းလင်းပြောရရင် အရင်တည်းက အဆင်မပြေတဲ့သူတွေမို့လို့ လက်ထဲငွေရှားတော့ အခြေအနေကြည့်ခဲ့ကြရတာ။ မြို့နာတဲ့ဒဏ် ဘယ် လောက်ဆိုးမယ်ဆိုတာ မြို့ခံတွေသိတယ်}ဟု ၎င်းကဆိုသည်။
မြို့ခံများက မြို့ကိုနှမြော၍ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ရေးသားခြင်းများရှိ နေသည့်အပေါ် အကြမ်းဖက်အားပေးသူများက ပြက် ရယ်ပြုခြင်းများလည်းတွေ့မြင်ရသည်။

Zawgyi Version:
ကသာၿမိဳ႕ကို KIA, PDF မ်ား ပိတ္ဆို႔တိုက္ခိုက္သည့္အတြက္ အထိနာဆုံးမွာျပည္သူမ်ားျဖစ္ေန
သန႔္ဇင္ (NP News) ဇန္နဝါရီ ၃

စစ္ကိုင္းတိုင္းေဒသႀကီး ကသာၿမိဳ႕ကို KIA၊ PDF မ်ားပိတ္ဆို႔တိုက္ခိုက္မႈမ်ားေၾကာင့္ ေဒသခံအမ်ားအျပား စစ္ေဘးေရွာင္သြားခဲ့ၿပီး ၿမိဳ႕အတြင္း လူ(၅၀ဝ)ခန႔္က်န္ေနကာ ယင္းက်န္သူမ်ားမွာ လည္း အခက္အခဲႀကဳံေနရၿပီး ယင္း တိုက္ခိုက္မႈအတြက္ အထိနာဆုံးမွာ ျပည္သူမ်ားျဖစ္ေနေၾကာင္း ေနရပ္စြန႔္ခြာေဒသခံအခ်ိဳ႕ထံ NP News က ဆက္သြယ္ ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
ကသာၿမိဳ႕တြင္ ကမာၻေက်ာ္စာေရးဆရာႀကီး ေဂ်ာ့ေအာ္ဝဲလ္ေနထိုင္ခဲ့ရာ အေရးပိုင္အိမ္ႀကီးအ ပါအဝင္ နာမည္ေက်ာ္ေနရာမ်ားရွိေနၿပီး ယင္းေနရာ တို႔သည္လည္း စစ္ေဘးေၾကာင့္ ထိခိုက္၊ မထိခိုက္ကို မေျပာႏိုင္ေသးေပ။
ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၂၉)ရက္က စတင္ျဖစ္ပြားခဲ့ေသာ ကသာၿမိဳ႕တိုက္ပြဲမ်ားေၾကာင့္ ေဒသခံမ်ားစြာ စစ္ေဘး ေရွာင္ ေနရပ္စြန္ခြာခဲ့ရာ လက္ရွိတြင္ KIA၊ PDF ပူးေပါင္းအဖြဲ႕က အင္းေတာ္-ကသာ လမ္း၊ ထီးခ်ိဳင့္-ကသာလမ္းတို႔တြင္ ပိတ္ဆို႔မႈမ်ား ေၾကာင့္ ၿမိဳ႕အတြင္းမွထြက္ခြာမရသူမ်ားရွိေနေသး ေၾကာင္း သိရသည္။
‘ၿမိဳ႕ထဲကထြက္တဲ့လူေတြဆိုရင္လည္း ဘာမွလုပ္လို႔မရဘူး။ တပ္ကေတာ့ အတြင္းစည္းနဲ႔ ခုခံထားတယ္။ ၿမိဳ႕ထဲမွာ ေလေၾကာင္းပစ္ခတ္မႈက ခဏခဏရွိတယ္။ KIA၊ PDF က အင္းေတာ္ဘက္နဲ႔လည္း (၈)မိုင္ပတ္လည္။ ထီးခ်ိဳင့္ ဘက္ကဆို ေက်ာက္ပုံ႐ြာ၊ ကလုံ႐ြာဘက္ကေန စီးၿပီးဖမ္းေနတာ။ ဝန္ထမ္းေတြ ဆိုရင္လည္းမရွိေတာ့ဘူး။ ကြၽန္ေတာ္တို႔ ၿမိဳ႕ထဲမွာ လူ ေနအိမ္ေတြရွိေသးတယ္၊ လူအနည္းငယ္ရွိေသးတယ္။ (၅၀ဝ)ေလာက္ေပါ့။ ၿမိဳ႕ထဲမွာ စားနပ္ရိကၡာေတြ ျပတ္လပ္ေနတာ ေဒသခံေတြပါ’ ဟု ေဒသခံတစ္ဦးက NP News ကိုေျပာသည္။ လက္ရွိတြင္လည္း ကသာၿမိဳ႕တြင္ ဗအသာ ဖုန္းလိုင္းတစ္မ်ိဳးသာ ရံဖန္ရံခါသာဆက္သြယ္၍ရၿပီး ၿမိဳ႕တြင္းမွထြက္ခြာသြား မ်ားသူမ်ားႏွင့္လည္း ဆက္သြယ္ ရန္အခက္အခဲရွိေနေၾကာင္း သိရသည္။
ထို႔ျပင္ ထြက္ခြာသူမ်ားအတြင္း အခ်ိဳ႕မွာ KIA၊ PDF အဖြဲ႕၏ ဖမ္းဆီးျခင္းခံထားရေၾကာင္း လည္း သတင္းမ်ား ထြက္ ေပၚေနေၾကာင္း သိရသည္။
ၿမိဳ႕တြင္းက်န္ရွိေနသူမ်ားသည္လည္း ေနအိမ္ေဖာက္ထြင္းခိုးယူသည့္အဖြဲ႕မ်ား၏ရန္ႏွင့္ စားနပ္ ရိကၡာျပတ္ လပ္မႈကိုႀကဳံေတြ႕ေနရေၾကာင္း အထက္ပါ သတင္းရင္းျမစ္ကဆိုသည္။
‘ၿမိဳ႕ထဲမွာ လူေတြက နီးစပ္ရာအိမ္ေတြမွာ စုၿပီးေနၾကတယ္။ အႏုၾကမ္းစီးတဲ့လူေတြကလည္း ည တိုင္းဝင္တဲ့ အဖြဲ႕ေတြရွိတယ္။ အဲဒါေၾကာင့္ အသိေဆြ မ်ိဳးေတြဆီမွာ စုဖြဲ႕ၿပီးေနေနၾကရတယ္။ ၿမိဳ႕ခံကေတာ့ (၅၀ဝ)ေလာက္ပဲရွိတယ္။ လုတဲ့လူေတြက လူအင္ အားအမ်ားအျပားနဲ႔ အင္အား(၃၀)ေလာက္က ကားနဲ႔ ဆိုင္ကယ္ေတြနဲ႔ အိမ္ေတြထဲဝင္ၿပီးေတာ့ ဖ်က္ဆီး တဲ့ပုံစံမ်ိဳးရွိတယ္။ သူခိုးေတြကလည္း ခိုးၿပီးေတာ့ အိမ္ေတြမီးရႈိ႕ခဲ့တာရွိတယ္’ဟု ၎ကေျပာသည္။
ကသာၿမိဳ႕သားမ်ားသည္ ယခင္ကပင္ စစ္၏ဆိုးက်ိဳးကို တိုက္႐ိုက္မဟုတ္ေသာ္လည္း သြယ္ ဝိုက္ခံခဲ့ရၿပီး ျဖစ္ေသာေၾကာင့္ က်ပ္တည္းေနၾကရာ မတတ္သာေသာအေျခအေနမွသာ ၿမိဳ႕မွ စြန႔္ခြာခဲ့ၾကရ ျခင္းျဖစ္ ေၾကာင္း အျခား သတင္းရင္းျမစ္တစ္ဦးက ဆိုသည္။
‘ကသာေဆာင္းက အရမ္းေအးတာေလ။ ဒီကာလႀကီးမွာ ဘယ္သူမွ လမ္းအေျခအေနမသိဘဲ မစြန႔္စားရဲဘူး။ မျဖစ္မေနထြက္ရမယ္ဆိုမွ ထြက္ခဲ့ၾက ရတာ။ ပြင့္ပြင့္လင္းလင္းေျပာရရင္ အရင္တည္းက အဆင္မေျပတဲ့သူေတြမို႔လို႔ လက္ထဲေငြရွားေတာ့ အေျခအေနၾကည့္ခဲ့ၾကရတာ။ ၿမိဳ႕နာတဲ့ဒဏ္ ဘယ္ ေလာက္ဆိုးမယ္ဆိုတာ ၿမိဳ႕ခံေတြသိတယ္}ဟု ၎ကဆိုသည္။
ၿမိဳ႕ခံမ်ားက ၿမိဳ႕ကိုႏွေျမာ၍ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ေရးသားျခင္းမ်ားရွိ ေနသည့္အေပၚ အၾကမ္းဖက္အားေပးသူမ်ားက ျပက္ ရယ္ျပဳျခင္းမ်ားလည္းေတြ႕ျမင္ရသည္။

Related news

© 2021. All rights reserved.