တရုတ်နိုင်ငံ၏ဖိအားများရှိနေသော်လည်း အချုပ်အခြာအာဏာကို ကာကွယ်မည်ဟု တရုတ်တိုင်ပေသမ္မတကတိပြု

 2080

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၃
တရုတ်တိုင်ပေ၏ အချုပ်အခြာအာဏာကို ကာကွယ်သွားမည်ဖြစ်သလို တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်တိုးချဲ့ ရန်ကြိုးပမ်းမှုများနှင့်ရင်ဆိုင်နေရချိန်တွင် တရုတ်တိုင်ပေ၏ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သမ္မတ လိုင်ချန်တေးက ကတိပြုပြောဆိုလိုက်သည်။
တရုတ်နိုင်ငံက ပြီးခဲ့သောရက်ပိုင်းတွင် တရုတ်တိုင်ပေကို သိမ်းပိုက်မည့်ပုံစံမျိုး စစ်ရေးလေ့ ကျင့်ခန်းကို (၂)ရက်ကြာလုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် တရုတ်တိုင်ပေသမ္မတက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ တရုတ်စစ်တပ်သည် ပြီးခဲ့သောရက်ပိုင်းကပြုလုပ်ခဲ့သောစစ်ရေးလေ့ကျင့်ခန်းအတွင်း တရုတ်တိုင်ပေကျွန်းဘက်သို့ ရော့ကက် ဒုံးကျည်များပစ်ခတ်သောလေ့ကျင့်ခန်းများလည်း လုပ်ဆောင်ခဲ့သလို ကြည်းရေလေတပ်ဖွဲ့များ ပူး ပေါင်းပါ ဝင်လေ့ကျင့်ခဲ့ကြောင်းသိရသည်။
တရုတ်တိုင်ပေ သမ္မတက “ကျွန်တော်ဟာ သမ္မတတစ်ဦးဖြစ်တဲ့အတွက် ရပ်တည်ချက်က ရှင်းလင်းပါတယ်။ အဲဒီရပ်တည်ချက်က အချုပ်အခြာကို ထိန်းသိမ်းဖို့နဲ့ကာကွယ်ရေးကို ပိုမိုကောင်းမွန်အောင် လုပ်ဖို့ဖြစ်တယ်’ဟု ပြောသည်။ တရုတ်တိုင်ပေသမ္မ တက အတိုက်ခံများအနေဖြင့် တရုတ်တိုင်ပေ၏ ကာ ကွယ်ရေးအသုံးစရိတ်ကို အမေရိ ကန်ဒေါ်လာ (၄၀)ဘီလျံအထိ တိုးမြှင့်သုံးစွဲမည့်အစီအစဉ်နှင့် ခေတ်မီစစ်လက်နက်ပစ္စည်းများရရှိရေးကို ဝိုင်းဝန်းကူညီ ပေးရန် တိုက်တွန်းတောင်းဆိုလိုက်သည်။ တရုတ်တိုင် ပေသမ္မတက ‘တရုတ်နိုင်ငံဟာ သူရဲ့အစီအစဉ်တွေ အတိုင်း လုပ်ဆောင်နေတယ်။ တရုတ်နိုင်ငံဟာ တရုတ်တိုင်ပေပြည်သူတွေရဲ့ လွတ်လပ်စွာ ရှင်သန် နေထိုင်လိုမှုနဲ့ ဒီမိုကရေစီလို လားမှုတွေကို လေးစား သင့်တယ်}ဟုပြောသည်။
တရုတ်နိုင်ငံအနေဖြင့် တရုတ်တိုင်ပေကို (၂၀၂၇)ခုနှစ်တွင် တိုက်ခိုက်အနိုင်ယူရန်ပြင်ဆင်နေကြောင်း မကြာ သေးမီကထုတ်ပြန်ခဲ့သည့် အမေရိကန်အစိုးရ၏အစီရင်ခံစာတွင်ဖော်ပြထားသည်။ တရုတ်တိုင်ပေသည် တရုတ် လက်အောက်မှခွဲထွက် ပြီး ကိုယ်ပိုင်လွတ်လပ်ရေးရယူရန်လိုလားနေကြောင်း သိရသည်။ သို့သော်လည်း တရုတ်နိုင်ငံက တရုတ်တိုင်ပေသည် ၎င်းတို့ လက်အောက်ခံဖြစ်သည့်အတွက် ပြန်လည်ပေါင်းစည်းရန်လိုလားနေကာ လိုအပ်မည် ဆိုလျှင် အင်အားသုံးမည်ဟုပြောဆိုထားသည်။
တရုတ်နှင့်တရုတ်တိုင်ပေတို့သည် အငြင်းပွားမှုများကြောင့် ပြီးခဲ့သောနှစ်ပိုင်းအတွင်း တင်းမာ မှုများပိုမိုဖြစ် လာခဲ့ပြီး တရုတ်နိုင်ငံ၏စစ်သင်္ဘောများ နှင့်တိုက်လေယာဉ်များက တရုတ်တိုင်ပေကျွန်းနားသို့ မကြာခဏချဉ်းကပ်ခဲ့ ကြောင်းသိရသည်။

တ႐ုတ္တိုင္ေပ၏ အခ်ဳပ္အျခာအာဏာကို ကာကြယ္သြားမည္ျဖစ္သလို တ႐ုတ္ႏိုင္ငံ၏ နယ္ေျမပိုင္နက္တိုးခ်ဲ႕ ရန္ႀကိဳးပမ္းမႈမ်ားႏွင့္ရင္ဆိုင္ေနရခ်ိန္တြင္ တ႐ုတ္တိုင္ေပ၏ကာကြယ္ေရးလုပ္ငန္းမ်ားကို ပိုမိုတိုးျမႇင့္ေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း သမၼတ လိုင္ခ်န္ေတးက ကတိျပဳေျပာဆိုလိုက္သည္။
တ႐ုတ္ႏိုင္ငံက ၿပီးခဲ့ေသာရက္ပိုင္းတြင္ တ႐ုတ္တိုင္ေပကို သိမ္းပိုက္မည့္ပုံစံမ်ိဳး စစ္ေရးေလ့ က်င့္ခန္းကို (၂)ရက္ၾကာလုပ္ေဆာင္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ တ႐ုတ္တိုင္ေပသမၼတက ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။ တ႐ုတ္စစ္တပ္သည္ ၿပီးခဲ့ေသာရက္ပိုင္းကျပဳလုပ္ခဲ့ေသာစစ္ေရးေလ့က်င့္ခန္းအတြင္း တ႐ုတ္တိုင္ေပကြၽန္းဘက္သို႔ ေရာ့ကက္ ဒုံးက်ည္မ်ားပစ္ခတ္ေသာေလ့က်င့္ခန္းမ်ားလည္း လုပ္ေဆာင္ခဲ့သလို ၾကည္းေရေလတပ္ဖြဲ႕မ်ား ပူး ေပါင္းပါ ဝင္ေလ့က်င့္ခဲ့ေၾကာင္းသိရသည္။
တ႐ုတ္တိုင္ေပ သမၼတက “ကြၽန္ေတာ္ဟာ သမၼတတစ္ဦးျဖစ္တဲ့အတြက္ ရပ္တည္ခ်က္က ရွင္းလင္းပါတယ္။ အဲဒီရပ္တည္ခ်က္က အခ်ဳပ္အျခာကို ထိန္းသိမ္းဖို႔နဲ႔ကာကြယ္ေရးကို ပိုမိုေကာင္းမြန္ေအာင္ လုပ္ဖို႔ျဖစ္တယ္’ဟု ေျပာသည္။ တ႐ုတ္တိုင္ေပသမၼ တက အတိုက္ခံမ်ားအေနျဖင့္ တ႐ုတ္တိုင္ေပ၏ ကာ ကြယ္ေရးအသုံးစရိတ္ကို အေမရိ ကန္ေဒၚလာ (၄၀)ဘီလ်ံအထိ တိုးျမႇင့္သုံးစြဲမည့္အစီအစဥ္ႏွင့္ ေခတ္မီစစ္လက္နက္ပစၥည္းမ်ားရရွိေရးကို ဝိုင္းဝန္းကူညီ ေပးရန္ တိုက္တြန္းေတာင္းဆိုလိုက္သည္။ တ႐ုတ္တိုင္ ေပသမၼတက ‘တ႐ုတ္ႏိုင္ငံဟာ သူရဲ႕အစီအစဥ္ေတြ အတိုင္း လုပ္ေဆာင္ေနတယ္။ တ႐ုတ္ႏိုင္ငံဟာ တ႐ုတ္တိုင္ေပျပည္သူေတြရဲ႕ လြတ္လပ္စြာ ရွင္သန္ ေနထိုင္လိုမႈနဲ႔ ဒီမိုကေရစီလို လားမႈေတြကို ေလးစား သင့္တယ္}ဟုေျပာသည္။
တ႐ုတ္ႏိုင္ငံအေနျဖင့္ တ႐ုတ္တိုင္ေပကို (၂၀၂၇)ခုႏွစ္တြင္ တိုက္ခိုက္အႏိုင္ယူရန္ျပင္ဆင္ေနေၾကာင္း မၾကာ ေသးမီကထုတ္ျပန္ခဲ့သည့္ အေမရိကန္အစိုးရ၏အစီရင္ခံစာတြင္ေဖာ္ျပထားသည္။ တ႐ုတ္တိုင္ေပသည္ တ႐ုတ္ လက္ေအာက္မွခြဲထြက္ ၿပီး ကိုယ္ပိုင္လြတ္လပ္ေရးရယူရန္လိုလားေနေၾကာင္း သိရသည္။ သို႔ေသာ္လည္း တ႐ုတ္ႏိုင္ငံက တ႐ုတ္တိုင္ေပသည္ ၎တို႔ လက္ေအာက္ခံျဖစ္သည့္အတြက္ ျပန္လည္ေပါင္းစည္းရန္လိုလားေနကာ လိုအပ္မည္ ဆိုလွ်င္ အင္အားသုံးမည္ဟုေျပာဆိုထားသည္။
တ႐ုတ္ႏွင့္တ႐ုတ္တိုင္ေပတို႔သည္ အျငင္းပြားမႈမ်ားေၾကာင့္ ၿပီးခဲ့ေသာႏွစ္ပိုင္းအတြင္း တင္းမာ မႈမ်ားပိုမိုျဖစ္ လာခဲ့ၿပီး တ႐ုတ္ႏိုင္ငံ၏စစ္သေဘၤာမ်ား ႏွင့္တိုက္ေလယာဥ္မ်ားက တ႐ုတ္တိုင္ေပကြၽန္းနားသို႔ မၾကာခဏခ်ဥ္းကပ္ခဲ့ ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.