ရုရှားနှင့်စစ်ပွဲအတွက် ငြိမ်းချမ်းရေးသဘောတူညီမှု(၉၀)ရာခိုင်နှုန်းအသင့်ဖြစ်နေဟု ယူကရိန်း သမ္မတပြော

 261

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၄

ရုရှားနှင့်ဖြစ်ပွားလျက်ရှိနေသောစစ်ပွဲ အဆုံးသတ်ရန်အတွက် ငြိမ်းချမ်းရေးသဘောတူညီမှုသည် (၉၀)ရာခိုင်နှုန်း အဆင်သင့်ဖြစ်နေကြောင်း ယူကရိန်းသမ္မတ ဇယ်လန်စကီးက ထုတ်ဖော်ပြောဆိုလိုက်သည်။ ယူကရိန်းသမ္မတက (၄)နှစ်နီးပါးကြာဖြစ် ပွားနေသောစစ်ပွဲအဆုံးသတ်ရန်အတွက် သဘောတူညီမှု၏ (၁၀)ရာခိုင်နှုန်းသည် ယူကရိန်းနှင့် ဥရောပ၏ ကံကြမ္မာအပြင် ငြိမ်းချမ်းရေး၏ကံကြမ္မာကို ဆုံးဖြတ် ဖွယ်ရှိနေကြောင်း ပြောသည်။ ယူကရိန်းသမ္မတသည် နှစ်သစ်ကူးမိန့်ခွန်းပြောဆိုချိန်အတွင်း ယင်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ရုရှားသမ္မတ ပူတင်ကလည်း ရုရှားစစ်သား များအနေဖြင့် စစ်ပွဲတွင်အနိုင်ရမည်ဟုယုံကြည် ကြောင်း နှစ်သစ် ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောဆို လိုက်သည်။ ရုရှားအစိုးရက ယူကရိန်းစစ်တပ်သည် ရုရှားနိုင်ငံအနောက်မြောက် ပိုင်းရှိ ရုရှားသမ္မပူတင်၏အိမ်ကို ဒရုန်းများဖြင့်ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည့်သက် သေကိုရရှိခဲ့ကြောင်း စွပ်စွဲထားသည်။
ရုရှားနှင့်ယူကရိန်းနိုင်ငံကြား ဖြစ်ပွားသော စစ်ပွဲအဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါနယ်ထရမ့်က ကြားဝင် စေ့စပ်ပေးနေသော်လည်း တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရသည်။ ယူကရိန်း သမ္မတက ယူကရိန်းနိုင်ငံအနေဖြင့် ကုန်ကျစရိတ်ကြီး မားသောငြိမ်းချမ်းရေးမျိုးမရလိုကြောင်း စစ်ပွဲအဆုံး သတ်ရန်လိုလားပြီး ယူကရိန်းနိုင်ငံအဆုံးသတ်ရန် မလိုလားကြောင်း ထပ်မံပြောဆိုခဲ့သည်။ ဒွန်းဘတ် အရှေ့ပိုင်းဒေသမှ ယူကရိန်းတပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းခြင်းသည် အရာရာတိုင်း အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ယူကရိန်းသမ္မတကပြောသည်။
ရုရှားသည် ယူကရိန်းနိုင်ငံ အရှေ့ဘက် ပိုင်းရှိ ဒွန်းဘတ်ဒေသကို အလုံးစုံထိန်းချုပ်ခွင့်ရရှိရန် တောင်းဆိုလျက်ရှိ နေကြောင်းသိရသည်။ ယူကရိန်း သမ္မတအားနည်းသောသဘောတူညီမှုကို လက်မှတ် ရေးထိုးမည်ဆိုလျှင် စစ်ပွဲများ ဆက်လက်ဖြစ်ဖွယ် ရှိနေကြောင်းပြောသည်။ ရုရှားနှင့်ယူကရိန်းနိုင်ငံ ကြား ဖြစ်ပွားနေသောစစ်ပွဲအဆုံးသတ်ရန်အတွက် ဆွေးနွေးရာတွင် ဒွန်းဘတ်ဒေသသည် အဓိက အတားအဆီးဖြစ် နေကြောင်းသိရသည်။ ရုရှားသည် ငြိမ်းချမ်း ရေးဆွေးနွေးရာတွင် ဒွန်းဘတ်ဒေသကိုစွန့် လွှတ်ပေးရန် လိုလားခြင်းမရှိသကဲ့သို့ ယူကရိန်း ဘက်ကလည်း စက်မှုဇုန်များ ရှိနေသော ဒွန်းဘတ် ဒေသကို ဆုံးရှုံးခံလိုခြင်း မရှိကြောင်း သိရသည်။

Zawgyi Version;
႐ုရွားႏွင့္စစ္ပြဲအတြက္ ၿငိမ္းခ်မ္းေရးသေဘာတူညီမႈ(၉၀)ရာခိုင္ႏႈန္းအသင့္ျဖစ္ေနဟု ယူကရိန္း သမၼတေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၄
႐ုရွားႏွင့္ျဖစ္ပြားလ်က္ရွိေနေသာစစ္ပြဲ အဆုံးသတ္ရန္အတြက္ ၿငိမ္းခ်မ္းေရးသေဘာတူညီမႈသည္ (၉၀)ရာခိုင္ႏႈန္း အဆင္သင့္ျဖစ္ေနေၾကာင္း ယူကရိန္းသမၼတ ဇယ္လန္စကီးက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ယူကရိန္းသမၼတက (၄)ႏွစ္နီးပါးၾကာျဖစ္ ပြားေနေသာစစ္ပြဲအဆုံးသတ္ရန္အတြက္ သေဘာတူညီမႈ၏ (၁၀)ရာခိုင္ႏႈန္းသည္ ယူကရိန္းႏွင့္ ဥေရာပ၏ ကံၾကမၼာအျပင္ ၿငိမ္းခ်မ္းေရး၏ကံၾကမၼာကို ဆုံးျဖတ္ ဖြယ္ရွိေနေၾကာင္း ေျပာသည္။ ယူကရိန္းသမၼတသည္ ႏွစ္သစ္ကူးမိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း ယင္းကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
႐ုရွားသမၼတ ပူတင္ကလည္း ႐ုရွားစစ္သား မ်ားအေနျဖင့္ စစ္ပြဲတြင္အႏိုင္ရမည္ဟုယုံၾကည္ ေၾကာင္း ႏွစ္သစ္ ကူးမိန႔္ခြန္းတြင္ ထည့္သြင္းေျပာဆို လိုက္သည္။ ႐ုရွားအစိုးရက ယူကရိန္းစစ္တပ္သည္ ႐ုရွားႏိုင္ငံအေနာက္ေျမာက္ ပိုင္းရွိ ႐ုရွားသမၼပူတင္၏အိမ္ကို ဒ႐ုန္းမ်ားျဖင့္ဝိုင္းဝန္းတိုက္ခိုက္ခဲ့သည့္သက္ ေသကိုရရွိခဲ့ေၾကာင္း စြပ္စြဲထားသည္။
႐ုရွားႏွင့္ယူကရိန္းႏိုင္ငံၾကား ျဖစ္ပြားေသာ စစ္ပြဲအဆုံးသတ္ရန္ အေမရိကန္သမၼတ ေဒါနယ္ထရမ့္က ၾကားဝင္ ေစ့စပ္ေပးေနေသာ္လည္း တိုက္ပြဲမ်ား ျဖစ္ပြားေနဆဲျဖစ္ေၾကာင္းသိရသည္။ ယူကရိန္း သမၼတက ယူကရိန္းႏိုင္ငံအေနျဖင့္ ကုန္က်စရိတ္ႀကီး မားေသာၿငိမ္းခ်မ္းေရးမ်ိဳးမရလိုေၾကာင္း စစ္ပြဲအဆုံး သတ္ရန္လိုလားၿပီး ယူကရိန္းႏိုင္ငံအဆုံးသတ္ရန္ မလိုလားေၾကာင္း ထပ္မံေျပာဆိုခဲ့သည္။ ဒြန္းဘတ္ အေရွ႕ပိုင္းေဒသမွ ယူကရိန္းတပ္ဖြဲ႕မ်ား ျပန္လည္႐ုပ္သိမ္းျခင္းသည္ အရာရာတိုင္း အဆုံးသတ္သြားၿပီ ျဖစ္ေၾကာင္း ယူကရိန္းသမၼတကေျပာသည္။
႐ုရွားသည္ ယူကရိန္းႏိုင္ငံ အေရွ႕ဘက္ ပိုင္းရွိ ဒြန္းဘတ္ေဒသကို အလုံးစုံထိန္းခ်ဳပ္ခြင့္ရရွိရန္ ေတာင္းဆိုလ်က္ရွိ ေနေၾကာင္းသိရသည္။ ယူကရိန္း သမၼတအားနည္းေသာသေဘာတူညီမႈကို လက္မွတ္ ေရးထိုးမည္ဆိုလွ်င္ စစ္ပြဲမ်ား ဆက္လက္ျဖစ္ဖြယ္ ရွိေနေၾကာင္းေျပာသည္။ ႐ုရွားႏွင့္ယူကရိန္းႏိုင္ငံ ၾကား ျဖစ္ပြားေနေသာစစ္ပြဲအဆုံးသတ္ရန္အတြက္ ေဆြးေႏြးရာတြင္ ဒြန္းဘတ္ေဒသသည္ အဓိက အတားအဆီးျဖစ္ ေနေၾကာင္းသိရသည္။ ႐ုရွားသည္ ၿငိမ္းခ်မ္း ေရးေဆြးေႏြးရာတြင္ ဒြန္းဘတ္ေဒသကိုစြန႔္ လႊတ္ေပးရန္ လိုလားျခင္းမရွိသကဲ့သို႔ ယူကရိန္း ဘက္ကလည္း စက္မႈဇုန္မ်ား ရွိေနေသာ ဒြန္းဘတ္ ေဒသကို ဆုံးရႈံးခံလိုျခင္း မရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.