အမေရိကန်အစိုးရက ဗင်နီဇွဲလားသမ္မတ နှင့် သမ္မတကတော်ကို ဘရွတ်ကလင်းထိန်းသိမ်းရေးစင်တာတွင် ဖမ်းဆီးထား

975

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၄
အမေရိကန် အစိုးရသည် ဗင်နီဇွဲလားသမ္မတ မာဒူရို နှင့် ဇနီးဖြစ်သူကို ဖမ်းဆီးလိုက်ပြီးနောက် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ဖမ်းဆီးခေါဆောင်လာကာ ဘရွတ်ကလင်းထိန်းသိမ်းရေးစင်တာတွင် ထိန်းသိမ်းလိုက်ကြောင်းသိရသည်။ အမေရိကန် သမ္မတသည် မာဒူရို နှင့် ဇနီးကို ဖမ်းဆီးမည့် အထူးစစ်ဆင်ရေးကို အမိန့်ပေးခဲ့ပြီး အမေရိကန်စစ်တပ်က ဗင်နီဇွဲလားနိုင်ငံကို တိုက်ခိုက်ကာ သမ္မတ နှင့် ဇနီးတိုကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ဗင်နီဇွဲလားအစိုးရသည် လက်ရှိအချိန်တွင် နိုင်ငံကို အရေးပေါ အခြေနေ ကြေညာထားပြီး တရားရုံးချုပ်ကလည်း ဒုတိယသမ္မတကို ယာယီသမ္မတ အဖြစ်တာဝန်ပေးထားကြောင်းသိရသည်။ဗင်နီဇွဲလား အစိုးရသည် လက်ရှိအချိန်တွင် နယ်စပ်များကို ပိတ်ပင်ထားကြောင်း သိရသည်။ဗင်နီဇွဲလား သမ္မတ နှင့် ဇနီိးဖြစ်သူတို့သည် မူးယစ်ဆေးဝါး လုပ်ငန်းများနှင့် ဆက်နွယ်ပြီး စွဲချက်တင်ခံရဖွယ်ရှိနေသည်။အမေရိကန် သမ္မတ က ဗင်နီဇွဲလား သမ္မတ နှင့် သမ္မတကတော်ကို ဖမ်းဆီးလိုက်ပြီးနောက် အသွင်ကူး
ပြောင်းရေးလုပ်ငန်းများလုပ်ကိုင်ရန် နိုင်ငံကို ခန့်ခွဲမည်ဖြစ်ကြောင်းပြောသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးက သမ္မတ ထရမ်သည် ရဲရင့်သော လုပ်ရပ်ကို လုပ်ကိုင်ခဲ့ပြီးနောက် ဗင်နီဇွဲလားနှင့် ပတ်သက်ပြီး နောက်ထပ်ဖြစ်လာမည့် အရာများကို ထိန်းချုပ်တာဝန်ယူဖွယ်ရှိနေကြောင်းပြောသည်။

Zawgyi Version:
အေမရိကန္အစိုးရက ဗင္နီဇြဲလားသမၼတ ႏွင့္ သမၼတကေတာ္ကို ဘ႐ြတ္ကလင္းထိန္းသိမ္းေရးစင္တာတြင္ ဖမ္းဆီးထား
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၄
အေမရိကန္ အစိုးရသည္ ဗင္နီဇြဲလားသမၼတ မာဒူ႐ို ႏွင့္ ဇနီးျဖစ္သူကို ဖမ္းဆီးလိုက္ၿပီးေနာက္ အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕သို႔ ဖမ္းဆီးေခါေဆာင္လာကာ ဘ႐ြတ္ကလင္းထိန္းသိမ္းေရးစင္တာတြင္ ထိန္းသိမ္းလိုက္ေၾကာင္းသိရသည္။ အေမရိကန္ သမၼတသည္ မာဒူ႐ို ႏွင့္ ဇနီးကို ဖမ္းဆီးမည့္ အထူးစစ္ဆင္ေရးကို အမိန္႔ေပးခဲ့ၿပီး အေမရိကန္စစ္တပ္က ဗင္နီဇြဲလားႏိုင္ငံကို တိုက္ခိုက္ကာ သမၼတ ႏွင့္ ဇနီးတိုကို ဖမ္းဆီးလိုက္ျခင္းျဖစ္သည္။ ဗင္နီဇြဲလားအစိုးရသည္ လက္ရွိအခ်ိန္တြင္ ႏိုင္ငံကို အေရးေပါ အေျခေန ေၾကညာထားၿပီး တရား႐ုံးခ်ဳပ္ကလည္း ဒုတိယသမၼတကို ယာယီသမၼတ အျဖစ္တာဝန္ေပးထားေၾကာင္းသိရသည္။ဗင္နီဇြဲလား အစိုးရသည္ လက္ရွိအခ်ိန္တြင္ နယ္စပ္မ်ားကို ပိတ္ပင္ထားေၾကာင္း သိရသည္။ဗင္နီဇြဲလား သမၼတ ႏွင့္ ဇနီိးျဖစ္သူတို႔သည္ မူးယစ္ေဆးဝါး လုပ္ငန္းမ်ားႏွင့္ ဆက္ႏြယ္ၿပီး စြဲခ်က္တင္ခံရဖြယ္ရွိေနသည္။အေမရိကန္ သမၼတ က ဗင္နီဇြဲလား သမၼတ ႏွင့္ သမၼတကေတာ္ကို ဖမ္းဆီးလိုက္ၿပီးေနာက္ အသြင္ကူး
ေျပာင္းေရးလုပ္ငန္းမ်ားလုပ္ကိုင္ရန္ ႏိုင္ငံကို ခန္႔ခြဲမည္ျဖစ္ေၾကာင္းေျပာသည္။ အေမရိကန္ ကာကြယ္ေရးဝန္ႀကီးက သမၼတ ထရမ္သည္ ရဲရင့္ေသာ လုပ္ရပ္ကို လုပ္ကိုင္ခဲ့ၿပီးေနာက္ ဗင္နီဇြဲလားႏွင့္ ပတ္သက္ၿပီး ေနာက္ထပ္ျဖစ္လာမည့္ အရာမ်ားကို ထိန္းခ်ဳပ္တာဝန္ယူဖြယ္ရွိေနေၾကာင္းေျပာသည္။