စည်သူဘွဲ့ကို ဒါရိုက်တာဝိုင်း၊ ပြေတီဦး အပါအဝင် အင်္လကာကျော်စွာဘွဲ့ကို လူမင်း၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး စတဲ့အနုပညာရှင်များ နှင့် စုစုပေါင်း ပုဂ္ဂိုလ်(၁၈၄) ဦးကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ၊ တပ်မတော်စွမ်းရည်ဆိုင်ရာဘွဲ့တံဆိပ်များ ချီးမြှင့်

 62738

စော (NP News) - ဇန်နဝါရီ ၄

ဆရာတော် သံဃာတော်များ အပါအဝင် လူပုဂ္ဂိုလ် ၁၈၄ ဦးကိုဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ၊ တပ်မတော်စွမ်းရည်ဆိုင်ရာဘွဲ့တံဆိပ်များအား ယနေ့ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သော လွတ်လပ်‌ရေးနေ့ အထိမ်းအမှတ်အဖြစ် ချီးမြှင့်ပေးအပ်လိုက်ကြောင်း ကြေညာခဲ့သည်။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များတွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်အား ဆရာတော်ကြီး (၅)ပါး၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်အား ပြည်ပဘွဲ့ခံ ဆရာတော်ကြီး အပါအဝင် ဆရာတော်ကြီး(၃၀) ပါး၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်အား ဆရာတော်ကြီး(၁)ပါး၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်အား ပြည်ပဘွဲ့ခံဆရာတော်ကြီးနှင့် သီလရှင်ဆရာကြီးတို့အပါအဝင် ဆရာတော်ကြီး(၃၃) ပါးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် မဟာဂန္တဝါစကပဏ္ဍတိ ဘွဲ့တံဆိပ်တော်အား ဆရာတော်ကြီးနှင့် သီလရှင်ဆရာကြီး (၄၆) ပါး၊ ဂန္တဝါစကပဏ္ဍတိ ဘွဲ့တံဆိပ်တော်အား ဆရာတော်ကြီးများ နှင့် သီလရှင်ဆရာကြီးများ(၆၀)ပါး၊ ဓမ္မကထိ ကဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်အား ဆရာတော်ကြီး(၄)ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဖောတိကဘွဲ့တံဆိပ်တော်အား ဆရာတော်ကြီး(၇)ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား ပြည်ပဘွဲ့ခံ ဆရာတော်ကြီး နှင့် ဆရာတော်ကြီး(၆၃)ပါးတို့ကို ဆက်ကပ်လှူဒါန်းအပ်နှင်းခဲ့ကြောင်း သိရသည်။
အလားတူ မဟာသဒ္ဓမ္မဇောတိကဓဇ"ဘွဲ့တံဆိပ်တော်အား ပြည်ပဘွဲ့ခံဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီး (၁၀၀)ပါး နှင့် လူပုဂ္ဂိုလ် (၃)ဦး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီး (၉၅)ပါးနှင့် လူပုဂ္ဂိုလ် (၇)ဦး၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်အား ဆရာ တော်ကြီး(၉)ပါး၊ မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်အား ပြည်ပဘွဲ့ခံဆရာတော်ကြီးနှင့် ဆရာတော်ကြီး(၁၅)ပါး၊ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်အား ဆရာတော်ကြီး(၁၂)ပါး၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်အား အမျိုးသား(၁)ဦး၊ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်အား အမျိုးသမီး (၄)ဦး၊ သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်အား အ မျိုးသား(၂)ဦး၊ သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်အား အမျိုး သမီး(၃)ဦး၊ သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်အား အမျိုးသား(၃)ဦး၊ သီဟသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်အား အမျိုးသမီး(၆)ဦး၊ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်အား အမျိုးသား(၇)ဦး၊ သုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်အား အမျိုးသမီး(၁၄)ဦးတို့ကိုလည်း ဆက်ကပ်လှူဒါန်းအပ်နှင်းခဲ့ကြောင်း သိရသည်။

အလားတူ နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူ၊ အကျိုးဆောင်သူများနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် လူမင်း၊ ပြေတီဦး၊ နေတိုး၊ ဒါရိုက်တာဝိုင်း၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ မေသန်းနု၊ ဝါဝါဝင်းရွှေ၊ မေသဥ္ဇာဦး၊ဝတ်မှုန်ရွှေရည် စသည့် သရုပ်ဆောင်များ အပါအဝင် လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်ကြောင်း သိရသည်။

ဂုဏ်ထူးဆောင်ဘွဲ့များတွင် စည်သူဘွဲ့ကို ကျော်ဟိန်း၊ ချိုပြုံး၊ ပြေတီဦးတို့အပြင် လူ (၂၈)ဦး၊ သီဟသူရဘွဲ့ကို (၂)ဦး၊ သူရဘွဲ့ကို ဗိုလ်မှူး တစ်ဦး၊ သီရိပျံချီဘွဲ့ကို ဆရာတော်ကြီးနှင့် သီလရှင်ဆရာကြီး (၃)ပါးနှင့် လူပုဂ္ဂိုလ် တစ်ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ကို (၃)ဦး၊ အလင်္ကာကျော်စွာဘွဲ့ကို လူမင်း၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေးတို့အပါအဝင် (၅၂)ဦး၊ သိပ္ပကျော်စွာဘွဲ့ကို (၇)ဦးတို့ကို ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ဂုဏ်ထူးဆောင်တံဆိပ်များတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ကို (၅)ဦး၊ ရဲသူရိန်တံဆိပ်ကို ရဲမှူးချုပ် တစ်ဦး၊ စီမံထူးချွန်တံဆိပ်(ပထမဆင့်)ကို (၂၁)ဦးနှင့် စီမံထူးချွန်တံဆိပ်(ဒုတိယဆင့်)ကို (၃၃)ဦး၊ စီမံထူးချွန်တံဆိပ်(တတိယဆင့်)ကို (၁၄)ဦး၊ လူမှူထူးချွန်တံဆိပ် (ပထမဆင့်)ကို (၃)ဦး၊ ဝန်ဆောင်စီပွားထူးချွန်တံဆိပ်(တတိယဆင့်)ကို (၃)ဦး၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ပထမဆင့်)ကို (၂)ဦး ၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ်( ဒုတိယဆင့်)ကို (၂)ဦး၊ ဆေးပညာထူးချွန်တံဆိပ်(ပထမဆင့်) တစ်ဦး ၊ အနုပညာထူးချွန်တံဆိပ်(ပထမဆင့်)ကို ဦးချစ်မျိုးထိုက် (ဖိုးချစ်) နှင့် စာပေပညာထူးချွန်တံဆိပ်(ပထမဆင့်)ကို တစ်ဦးတို့ကို ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

Zawgyi Version:
စည္သူဘြဲ႕ကို ဒါ႐ိုက္တာဝိုင္း၊ ေျပတီဦး အပါအဝင္ အလၤကာေက်ာ္စြာဘြဲ႕ကို လူမင္း၊ အိျႏၵာေက်ာ္ဇင္၊ ေဖြးေဖြး စတဲ့အႏုပညာရွင္မ်ား ႏွင့္ စုစုေပါင္း ပုဂၢိဳလ္(၁၈၄) ဦးကို ဂုဏ္ထူးေဆာင္ဘြဲ႕တံဆိပ္မ်ား၊ တပ္မေတာ္စြမ္းရည္ဆိုင္ရာဘြဲ႕တံဆိပ္မ်ား ခ်ီးျမႇင့္
ေစာ (NP News) - ဇန္နဝါရီ ၄

ဆရာေတာ္ သံဃာေတာ္မ်ား အပါအဝင္ လူပုဂၢိဳလ္ ၁၈၄ ဦးကိုဂုဏ္ထူးေဆာင္ဘြဲ႕တံဆိပ္မ်ား၊ တပ္မေတာ္စြမ္းရည္ဆိုင္ရာဘြဲ႕တံဆိပ္မ်ားအား ယေန႔ ဇန္နဝါရီလ ၄ ရက္တြင္ က်ေရာက္ေသာ လြတ္လပ္‌ေရးေန႔ အထိမ္းအမွတ္အျဖစ္ ခ်ီးျမႇင့္ေပးအပ္လိုက္ေၾကာင္း ေၾကညာခဲ့သည္။

သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ားတြင္ အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္အား ဆရာေတာ္ႀကီး (၅)ပါး၊ အဂၢမဟာပ႑ိတ ဘြဲ႕တံဆိပ္ေတာ္အား ျပည္ပဘြဲ႕ခံ ဆရာေတာ္ႀကီး အပါအဝင္ ဆရာေတာ္ႀကီး(၃၀) ပါး၊ တိပိဋကဓရဓမၼဘ႑ာဂါရိက ဘြဲ႕တံဆိပ္ေတာ္အား ဆရာေတာ္ႀကီး(၁)ပါး၊ အဂၢမဟာဂႏၲဝါစကပ႑ိတ ဘြဲ႕တံဆိပ္ေတာ္အား ျပည္ပဘြဲ႕ခံဆရာေတာ္ႀကီးႏွင့္ သီလရွင္ဆရာႀကီးတို႔အပါအဝင္ ဆရာေတာ္ႀကီး(၃၃) ပါးတို႔ကို ဆက္ကပ္လႉဒါန္းခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ မဟာဂႏၲဝါစကပ႑တိ ဘြဲ႕တံဆိပ္ေတာ္အား ဆရာေတာ္ႀကီးႏွင့္ သီလရွင္ဆရာႀကီး (၄၆) ပါး၊ ဂႏၲဝါစကပ႑တိ ဘြဲ႕တံဆိပ္ေတာ္အား ဆရာေတာ္ႀကီးမ်ား ႏွင့္ သီလရွင္ဆရာႀကီးမ်ား(၆၀)ပါး၊ ဓမၼကထိ ကဗဟုဇနဟိတဓရ ဘြဲ႕တံဆိပ္ေတာ္အား ဆရာေတာ္ႀကီး(၄)ပါး၊ အဘိဓဇအဂၢမဟာသဒၶမၼေဖာတိကဘြဲ႕တံဆိပ္ေတာ္အား ဆရာေတာ္ႀကီး(၇)ပါး၊ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘြဲ႕တံဆိပ္ေတာ္အား ျပည္ပဘြဲ႕ခံ ဆရာေတာ္ႀကီး ႏွင့္ ဆရာေတာ္ႀကီး(၆၃)ပါးတို႔ကို ဆက္ကပ္လႉဒါန္းအပ္ႏွင္းခဲ့ေၾကာင္း သိရသည္။
အလားတူ မဟာသဒၶမၼေဇာတိကဓဇ"ဘြဲ႕တံဆိပ္ေတာ္အား ျပည္ပဘြဲ႕ခံဆရာေတာ္ႀကီးမ်ား၊ သီလရွင္ဆရာႀကီး (၁၀၀)ပါး ႏွင့္ လူပုဂၢိဳလ္ (၃)ဦး၊ သဒၶမၼေဇာတိကဓဇ ဘြဲ႕တံဆိပ္ေတာ္အား ဆရာေတာ္ႀကီးမ်ား၊ သီလရွင္ဆရာႀကီး (၉၅)ပါးႏွင့္ လူပုဂၢိဳလ္ (၇)ဦး၊ အဂၢမဟာကမၼ႒ာနာစရိယ ဘြဲ႕တံဆိပ္ေတာ္အား ဆရာ ေတာ္ႀကီး(၉)ပါး၊ မဟာကမၼ႒ာနာစရိယ ဘြဲ႕တံဆိပ္ေတာ္အား ျပည္ပဘြဲ႕ခံဆရာေတာ္ႀကီးႏွင့္ ဆရာေတာ္ႀကီး(၁၅)ပါး၊ ကမၼ႒ာနာစရိယ ဘြဲ႕တံဆိပ္ေတာ္အား ဆရာေတာ္ႀကီး(၁၂)ပါး၊ အဂၢမဟာသီရိသုဓမၼမဏိေဇာတဓရ ဘြဲ႕တံဆိပ္အား အမ်ိဳးသား(၁)ဦး၊ အဂၢမဟာသီရိသုဓမၼသိဂႌ ဘြဲ႕တံဆိပ္အား အမ်ိဳးသမီး (၄)ဦး၊ သီရိသုဓမၼမဏိေဇာတဓရ ဘြဲ႕တံဆိပ္အား အ မ်ိဳးသား(၂)ဦး၊ သီရိသုဓမၼသိဂႌ ဘြဲ႕တံဆိပ္အား အမ်ိဳး သမီး(၃)ဦး၊ သီဟသုဓမၼမဏိေဇာတဓရ ဘြဲ႕တံဆိပ္အား အမ်ိဳးသား(၃)ဦး၊ သီဟသုဓမၼသိဂႌ ဘြဲ႕တံဆိပ္အား အမ်ိဳးသမီး(၆)ဦး၊ သုဓမၼမဏိေဇာတဓရ ဘြဲ႕တံဆိပ္အား အမ်ိဳးသား(၇)ဦး၊ သုဓမၼသိဂႌ ဘြဲ႕တံဆိပ္အား အမ်ိဳးသမီး(၁၄)ဦးတို႔ကိုလည္း ဆက္ကပ္လႉဒါန္းအပ္ႏွင္းခဲ့ေၾကာင္း သိရသည္။

အလားတူ ႏိုင္ငံေတာ္အတြက္ ထူးကဲစြာ အမႈထမ္းသူ၊ အက်ိဳးေဆာင္သူမ်ားႏွင့္ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္ လုံၿခဳံေရးတာဝန္မ်ားကို စြမ္းစြမ္းတမံထမ္းေဆာင္ခဲ့သည့္ လူမင္း၊ ေျပတီဦး၊ ေနတိုး၊ ဒါ႐ိုက္တာဝိုင္း၊ အိျႏၵာေက်ာ္ဇင္၊ ေဖြးေဖြး၊ ေမသန္းႏု၊ ဝါဝါဝင္းေ႐ႊ၊ ေမသၪၨာဦး၊ ဝတ္မႈန္ေ႐ႊရည္ စသည့္ သ႐ုပ္ေဆာင္မ်ား အပါအဝင္ လူပုဂၢိဳလ္မ်ားအား ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဂုဏ္ထူးေဆာင္တံဆိပ္မ်ားကို ခ်ီးျမႇင့္ အပ္ႏွင္းလိုက္ေၾကာင္း သိရသည္။

ဂုဏ္ထူးေဆာင္ဘြဲ႕မ်ားတြင္ စည္သူဘြဲ႕ကို ေက်ာ္ဟိန္း၊ ခ်ိဳၿပဳံး၊ ေျပတီဦးတို႔အျပင္ လူ (၂၈)ဦး၊ သီဟသူရဘြဲ႕ကို (၂)ဦး၊ သူရဘြဲ႕ကို ဗိုလ္မႉး တစ္ဦး၊ သီရိပ်ံခ်ီဘြဲ႕ကို ဆရာေတာ္ႀကီးႏွင့္ သီလရွင္ဆရာႀကီး (၃)ပါးႏွင့္ လူပုဂၢိဳလ္ တစ္ဦး၊ ဝဏၰေက်ာ္ထင္ဘြဲ႕ကို (၃)ဦး၊ အလကၤာေက်ာ္စြာဘြဲ႕ကို လူမင္း၊ အိျႏၵာေက်ာ္ဇင္၊ ေဖြးေဖြးတို႔အပါအဝင္ (၅၂)ဦး၊ သိပၸေက်ာ္စြာဘြဲ႕ကို (၇)ဦးတို႔ကို ခ်ီးျမႇင့္အပ္ႏွင္းခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဂုဏ္ထူးေဆာင္တံဆိပ္မ်ားတြင္ သူရဲေကာင္းမွတ္တမ္းဝင္တံဆိပ္ကို (၅)ဦး၊ ရဲသူရိန္တံဆိပ္ကို ရဲမႉးခ်ဳပ္ တစ္ဦး၊ စီမံထူးခြၽန္တံဆိပ္(ပထမဆင့္)ကို (၂၁)ဦးႏွင့္ စီမံထူးခြၽန္တံဆိပ္(ဒုတိယဆင့္)ကို (၃၃)ဦး၊ စီမံထူးခြၽန္တံဆိပ္(တတိယဆင့္)ကို (၁၄)ဦး၊ လူမႉထူးခြၽန္တံဆိပ္ (ပထမဆင့္)ကို (၃)ဦး၊ ဝန္ေဆာင္စီပြားထူးခြၽန္တံဆိပ္(တတိယဆင့္)ကို (၃)ဦး၊ ဝိဇၨာပညာထူးခြၽန္တံဆိပ္(ပထမဆင့္)ကို (၂)ဦး ၊ ဝိဇၨာပညာထူးခြၽန္တံဆိပ္( ဒုတိယဆင့္)ကို (၂)ဦး၊ ေဆးပညာထူးခြၽန္တံဆိပ္(ပထမဆင့္) တစ္ဦး ၊ အႏုပညာထူးခြၽန္တံဆိပ္(ပထမဆင့္)ကို ဦးခ်စ္မ်ိဳးထိုက္ (ဖိုးခ်စ္) ႏွင့္ စာေပပညာထူးခြၽန္တံဆိပ္(ပထမဆင့္)ကို တစ္ဦးတို႔ကို ခ်ီးျမႇင့္အပ္ႏွင္းခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.