ဂရင်းလန်းနယ်မြေကို သိမ်းယူဖို့အတွက် စစ်ရေးအရဆောင်ရွက်ဖို့ ဒေါ်နယ်ထရမ့်စဉ်းစားနေ

3311

Pika (NP news)- ဇန်နဝါရီ ၈
ဂရင်းလန်းနယ်မြေကို ထိန်းချုပ်ဖို့အတွက် စစ်ရေးအရအရေးယူဆောင်ရွက်တာတွေအပါအဝင် ရွေးချယ်စရာတွေကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဆွေးနွေးနေတယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အမေရိကန်က ဂရင်းလန်းနယ်မြေကို သိမ်းပိုက်ခဲ့မယ်ဆိုရင် တင်းမာမှုတွေမြင့်တက်လာနိုင်ပြီး နေတိုးအဖွဲ့ပျက်စီးသွားနိုင်တယ်လို့ ဒိန်းမတ်အစိုးရက သတိပေးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
အမေရိကန်က ဗင်နီဇွဲလားသမ္မတနီကိုလက်စ်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဂရင်းလန်းနယ်မြေကို သိမ်းယူဖို့နဲ့ပတ်သက်တဲ့ အကြံအစည်တွေကို ယခုလိုထပ်မံထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
တရုတ်နဲ့ရုရှားတို့လိုမျိုး အမေရိကန်ရဲ့ရန်သူတွေကို တားဆီးဖို့အတွက် စစ်ရေးအရအရေးပါတဲ့ ဂရင်းလန်းနယ်မြေကို သိမ်းယူတာက ဒေါ်နယ်ထရမ့်အတွက် အမျိုးသားလုံခြုံရေးဆိုင်ရာ ဦးစားပေးမှုတစ်ခုဖြစ်တယ်လို့ အမေရိကန်အစိုးရပြောရေးဆိုခွင့်ရှိသူ ကာရိုလင်းလစ်ဗစ်က ပြောကြားခဲ့ပါတယ်။
ကာရိုလင်းလစ်ဗစ်က”ဒေါ်နယ်ထရမ့်နဲ့ ၎င်းရဲ့အဖွဲ့ဟာ အရေးကြီးတဲ့နိုင်ငံခြားရေးမူဝါဒရည်မှန်းချက်ကို လိုက်စားဖို့အတွက် ရွေးချယ်စရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးမှုတွေအတွင်း အမေရိကန်စစ်တပ်ကို အသုံးပြုတာက ဒေါ်နယ်ထရမ့်ရဲ့ အဓိကရွေးချယ်မှုတစ်ခုလည်းဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ဂရင္းလန္းနယ္ေျမကို ထိန္းခ်ဳပ္ဖို႔အတြက္ စစ္ေရးအရအေရးယူေဆာင္႐ြက္တာေတြအပါအဝင္ ေ႐ြးခ်ယ္စရာေတြကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေဆြးေႏြးေနတယ္လို႔ အေမရိကန္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အေမရိကန္က ဂရင္းလန္းနယ္ေျမကို သိမ္းပိုက္ခဲ့မယ္ဆိုရင္ တင္းမာမႈေတြျမင့္တက္လာႏိုင္ၿပီး ေနတိုးအဖြဲ႕ပ်က္စီးသြားႏိုင္တယ္လို႔ ဒိန္းမတ္အစိုးရက သတိေပးေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
အေမရိကန္က ဗင္နီဇြဲလားသမၼတနီကိုလက္စ္ကို ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ဂရင္းလန္းနယ္ေျမကို သိမ္းယူဖို႔နဲ႔ပတ္သက္တဲ့ အႀကံအစည္ေတြကို ယခုလိုထပ္မံထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
တ႐ုတ္နဲ႔႐ုရွားတို႔လိုမ်ိဳး အေမရိကန္ရဲ႕ရန္သူေတြကို တားဆီးဖို႔အတြက္ စစ္ေရးအရအေရးပါတဲ့ ဂရင္းလန္းနယ္ေျမကို သိမ္းယူတာက ေဒၚနယ္ထရမ့္အတြက္ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ ဦးစားေပးမႈတစ္ခုျဖစ္တယ္လို႔ အေမရိကန္အစိုးရေျပာေရးဆိုခြင့္ရွိသူ ကာ႐ိုလင္းလစ္ဗစ္က ေျပာၾကားခဲ့ပါတယ္။
ကာ႐ိုလင္းလစ္ဗစ္က”ေဒၚနယ္ထရမ့္နဲ႔ ၎ရဲ႕အဖြဲ႕ဟာ အေရးႀကီးတဲ့ႏိုင္ငံျခားေရးမူဝါဒရည္မွန္းခ်က္ကို လိုက္စားဖို႔အတြက္ ေ႐ြးခ်ယ္စရာေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။
ေဆြးေႏြးမႈေတြအတြင္း အေမရိကန္စစ္တပ္ကို အသုံးျပဳတာက ေဒၚနယ္ထရမ့္ရဲ႕ အဓိကေ႐ြးခ်ယ္မႈတစ္ခုလည္းျဖစ္ပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။