PJ နှင့် CI ကိုင်ဆောင်ထားသူများ ပြည်ပမှ ပြန်လည်ဝင်ရောက်ချိန်တွင် ဆိုက်ရောက် ကောင်တာသို့ သတင်းပို့ရမည်

 9021

Pearl (NP News)- ဇန်နဝါရီ ၁၇

PJ နှင့် CI ကိုင်ဆောင်ထားသူများ ပြည်ပမှ ပြန်လည်ဝင်ရောက်ချိန်တွင် အလုပ်သမားဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် အပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုက်ရောက်ကောင်တာကို မဖြစ်မနေ သတင်းပို့ပေးရန် လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ခွင့်ပြန်အလုပ်သမားများ ပြည်ပထွက်ခွာခွင့်တင်ပြရာတွင် Arrival Counter တွင် သတင်းပေးပို့ခဲ့သူများကိုသာ ခွင့်ပြုသွားမည်ဖြစ်၍ ပြန်လည်ဝင်ရောက်လာ သူများအနေဖြင့် မဖြစ်မနေ သတင်းပေးပို့ကြရန် လိုအပ်ကြောင်း အသိပေးထားသည်။
ထို့ပြင် ကျွမ်းကျင် နှင့် ခွင့်ပြန်အလုပ်သမားများ OWIC ကတ်လျှောက်ထားရာတွင် အလုပ်ရှင် သို့မဟုတ် HR ထံ ဆက်သွယ်နိုင်မည့် နံပါတ် နှင့် အီးမေလ်းများ ထည့်ပေးရမည်ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း OWIC လက်ဝယ်ကိုင်ဆောင်ထားသူများ ပြည်ပနိုင်ငံများသို့ ထွက်ခွာမည်ဆိုပါက ဇန်နဝါရီ (၁၄)ရက်မှစတင်၍ သတ်မှတ်စည်းကမ်းများနှင့်အညီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပသို့ ပြန်လည်ထွက်ခွာရန်လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။

Zawgyi Version:
PJ ႏွင့္ CI ကိုင္ေဆာင္ထားသူမ်ား ျပည္ပမွ ျပန္လည္ဝင္ေရာက္ခ်ိန္တြင္ ဆိုက္ေရာက္ ေကာင္တာသို႔ သတင္းပို႔ရမည္
Pearl (NP News)- ဇန္နဝါရီ ၁၇
PJ ႏွင့္ CI ကိုင္ေဆာင္ထားသူမ်ား ျပည္ပမွ ျပန္လည္ဝင္ေရာက္ခ်ိန္တြင္ အလုပ္သမားဝန္ႀကီးဌာနမွ ဖြင့္လွစ္ထားသည့္ အျပည္ျပည္ဆိုင္ရာေလဆိပ္ ဆိုက္ေရာက္ေကာင္တာကို မျဖစ္မေန သတင္းပို႔ေပးရန္ လိုအပ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ခြင့္ျပန္အလုပ္သမားမ်ား ျပည္ပထြက္ခြာခြင့္တင္ျပရာတြင္ Arrival Counter တြင္ သတင္းေပးပို႔ခဲ့သူမ်ားကိုသာ ခြင့္ျပဳသြားမည္ျဖစ္၍ ျပန္လည္ဝင္ေရာက္လာ သူမ်ားအေနျဖင့္ မျဖစ္မေန သတင္းေပးပို႔ၾကရန္ လိုအပ္ေၾကာင္း အသိေပးထားသည္။
ထို႔ျပင္ ကြၽမ္းက်င္ ႏွင့္ ခြင့္ျပန္အလုပ္သမားမ်ား OWIC ကတ္ေလွ်ာက္ထားရာတြင္ အလုပ္ရွင္ သို႔မဟုတ္ HR ထံ ဆက္သြယ္ႏိုင္မည့္ နံပါတ္ ႏွင့္ အီးေမလ္းမ်ား ထည့္ေပးရမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ၿပီးခဲ့သည့္ရက္ပိုင္းကလည္း OWIC လက္ဝယ္ကိုင္ေဆာင္ထားသူမ်ား ျပည္ပႏိုင္ငံမ်ားသို႔ ထြက္ခြာမည္ဆိုပါက ဇန္နဝါရီ (၁၄)ရက္မွစတင္၍ သတ္မွတ္စည္းကမ္းမ်ားႏွင့္အညီ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာန၏ ခြင့္ျပဳခ်က္ရယူၿပီးမွသာ ျပည္ပသို႔ ျပန္လည္ထြက္ခြာရန္လိုအပ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ခဲ့သည္။

Picture

Pyae Phyo Kyaw

17/01/2026 17:47

အလုပ်သမားဝန်ကြီးဌာနထဲက ဖရဲသီးတွေကများ ဒီအမိန့်တွေ ထုတ်နေတာလား မပြောတတ်တော့ဘူး . ဒီအမိန့်တွေက ပြည်ပရောက်အလုပ်သမားတွေအတွက် ဘာအကျိုးကျေးဇူးမှမရှိဘဲ အစိုးရကို ပိုမုန်းသွားအောင်၊ပိုအဆဲခံရအောင်များ တမင်လုပ်နေသလား မှတ်ရတယ် .ပြီးတော့ နယ်စပ်ဝင်ပေါက်တွေကနေ တရားဝင်မပြန်ကြတော့ဘဲ ခိုးဝင်၊ခိုးထွက်ကြတော့မှာပေါ့ . ခိုးဝင်၊ခိုးထွက် အပေါက်က လှေတွေဟာလည်း အရင်ကတစ်ယောက်ကို ဘတ် ၂၀ဘဲ ပေးရပြီး ၊အခုဆိုတစ်ယောက်ကို ဘတ် ၂၀၀၀ ပေးနေရတယ် . ဒီအမိန့်တွေကြောင့် ဈေးတက်ဦးမယ် ထင်ပါတယ် .အလုပ်သမားဝန်ကြီးဌာနကိုလည်း လေးစား၊အံ့သြမိပါရဲ့ .

Related news

© 2021. All rights reserved.