ICJ ရောက်မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်ကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) သဘောထားထုတ်ပြန်

20542

သန့်ဇင်(NP News)-ဇန်နဝါရီ ၁၈
မြန်မာနိုင်ငံအတွက် တရားမျှတမှုနှင့် အမှန်တရားအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင်ရောက်ရှိနေသည့် မြန်မာကိုယ်စား လှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်ကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)က ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၆ ရက်) က သဘောထားထုတ်ပြန်ထားကြောင်း သိရသည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နယ်သာ လန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိအပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် မြန်မာနိုင်ငံအတွက် တရားမျှတမှုနှင့် အမှန်တရားအတွက် ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ICJ အမှုအခင်းသည် မြန်မာနိုင်ငံအတွက် သွေးရိုးသားရိုးအမှုအခင်းတစ်ခုမဟုတ်ပဲ နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားတို့နှင့်သက်ဆိုင်သော နိုင်ငံ့အရေး ဖြစ်သောကြောင့် မြန်မာနိုင်ငံက မကျူးလွန်သည့်အမှုတစ်ခုကို နိုင်ငံတကာ အထင်အမြင်လွဲမှားအောင်၊ မတရားစွပ်စွဲခံရအောင်၊ မြေပြင်အခြေအနေနှင့်ကွဲလွဲသော သတင်းအချက်အလက်အမှားများဖြင့် စွပ်စွဲ နေခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြော်င့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှ တရားသူကြီးများအနေဖြင့် မှန်ကန်သောတရားစီရင်ရေး ကျင့်ဝတ်ကို စောင့်ထိန်းလျက် အမှန်တရားအတိုင်း ဘက်လိုက်မှုကင်းစွာဖြင့် ဆုံးဖြတ်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ထုတ်ထားသည်။
ယခုအမှုကိစ္စသည် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာတရား၊ အချုပ်အခြာအာဏာ၊ အကျိုးစီးပွားနှင့် သက်ဆိုင်သောကိစ္စရပ်များ ဖြစ်သည့် အတွက် မြန်မာနိုင်ငံ၏အမှန်တရားအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည် ကြောင်းကိုလည်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) သဘောထားထုတ်ပြန်ထားကြောင်း သိရသည်။

Zawgyi Version:
ICJ ေရာက္ျမန္မာကိုယ္စားလွယ္အဖြဲ႕ႏွင့္ တစ္သားတည္းရပ္တည္ေၾကာင္း ဘာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕(ဗဟို) သေဘာထားထုတ္ျပန္
သန႔္ဇင္(NP News)-ဇန္နဝါရီ ၁၈
ျမန္မာႏိုင္ငံအတြက္ တရားမွ်တမႈႏွင့္ အမွန္တရားအတြက္ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) တြင္ေရာက္ရွိေနသည့္ ျမန္မာကိုယ္စား လွယ္အဖြဲ႕ႏွင့္ တစ္သားတည္းရပ္တည္ေၾကာင္း ဘာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕(ဗဟို)က ၿပီးခဲ့သည့္ (ဇန္နဝါရီလ ၁၆ ရက္) က သေဘာထားထုတ္ျပန္ထားေၾကာင္း သိရသည္
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန(၂)ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ႏွင့္ ဥပေဒေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာ သီတာဦးတို႔ ဦးေဆာင္သည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ နယ္သာ လန္ႏိုင္ငံ၊ သည္ဟိတ္ဂ္ၿမိဳ႕ရွိအျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ)တြင္ ျမန္မာႏိုင္ငံအတြက္ တရားမွ်တမႈႏွင့္ အမွန္တရားအတြက္ ႀကိဳးစား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ICJ အမႈအခင္းသည္ ျမန္မာႏိုင္ငံအတြက္ ေသြး႐ိုးသား႐ိုးအမႈအခင္းတစ္ခုမဟုတ္ပဲ ႏိုင္ငံေတာ္၏ ဂုဏ္သိကၡာ၊ အခ်ဳပ္အျခာအာဏာႏွင့္ အမ်ိဳးသားအက်ိဳးစီးပြားတို႔ႏွင့္သက္ဆိုင္ေသာ ႏိုင္ငံ့အေရး ျဖစ္ေသာေၾကာင့္ ျမန္မာႏိုင္ငံက မက်ဴးလြန္သည့္အမႈတစ္ခုကို ႏိုင္ငံတကာ အထင္အျမင္လြဲမွားေအာင္၊ မတရားစြပ္စြဲခံရေအာင္၊ ေျမျပင္အေျခအေနႏွင့္ကြဲလြဲေသာ သတင္းအခ်က္အလက္အမွားမ်ားျဖင့္ စြပ္စြဲ ေနျခင္းသာျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ထို႔ေၾကာ္င့ အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)မွ တရားသူႀကီးမ်ားအေနျဖင့္ မွန္ကန္ေသာတရားစီရင္ေရး က်င့္ဝတ္ကို ေစာင့္ထိန္းလ်က္ အမွန္တရားအတိုင္း ဘက္လိုက္မႈကင္းစြာျဖင့္ ဆုံးျဖတ္ႏိုင္မည္ဟု ေမွ်ာ္လင့္ေၾကာင္းလည္း ထုတ္ထားသည္။
ယခုအမႈကိစၥသည္ ျမန္မာႏိုင္ငံ၏ ဂုဏ္သိကၡာတရား၊ အခ်ဳပ္အျခာအာဏာ၊ အက်ိဳးစီးပြားႏွင့္ သက္ဆိုင္ေသာကိစၥရပ္မ်ား ျဖစ္သည့္ အတြက္ ျမန္မာႏိုင္ငံ၏အမွန္တရားအတြက္ ရင္ဆိုင္ေျဖရွင္းေနေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕ႏွင့္ တစ္သားတည္းရပ္တည္ ေၾကာင္းကိုလည္း ဘာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕(ဗဟို) သေဘာထားထုတ္ျပန္ထားေၾကာင္း သိရသည္။