ငြိမ်းချမ်းရေးဘုတ်အဖွဲ့သို့ ကနေဒါနိုင်ငံ ဝင်ရောက်ရန် ကမ်းလှမ်းမှုကို အမေရိကန်သမ္မတ ပြန်ရုပ်သိမ်း

134

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၅
သမ္မတထရမ့်သည် ၎င်းအသစ်ဖွဲ့စည်းမည့် ‘ Board of Peace ’ (ငြိမ်းချမ်းရေးဘုတ်အဖွဲ့)သို့ ကနေဒါနိုင်ငံပါဝင် ခွင့်ဖိတ်ကြားချက်ကို ရုပ်သိမ်းလိုက် ကြောင်းကြေညာလိုက်သည်။ အမေရိကန်သမ္မတ ထရမ့်က ‘သမိုင်းတစ်လျှောက် ဂုဏ်သိက္ခာအရှိဆုံး ခေါင်းဆောင်များဘုတ်အဖွဲ့ဖြစ်လာမယ့် Board of Peace ကို ကနေဒါနိုင်ငံပါဝင်ဖို့ ဖိတ်ကြားထားမှု ကို ဒီစာနဲ့ တရားဝင်ရုပ်သိမ်းလိုက်တယ်ဆိုတာ အသိပေးအပ်ပါတယ်’ဟု ရေးသားဖော်ပြခဲ့သည်။
အမေရိကန်သမ္မတနှင့် ကနေဒါဝန်ကြီးချုပ် မက်ကာနီတို့သည် အငြင်းပွားမှုများ၊ သဘောထားကွဲ လွဲမှုများနှင့် အတူ အပြန်အလှန်ဝေဖန်ပြစ်တင်မှုများ မြင့်တက်လာခဲ့ပြီးနောက် အမေရိကန်သမ္မတက ယင်းကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ 'Board of Peace' ကို ကမ္ဘာ့ပဋိပက္ခများကိုဖြေရှင်းရန် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း အမြဲတမ်းအဖွဲ့ဝင်အဖြစ်ပါဝင်လို သောနိုင်ငံများအနေဖြင့် ဒေါ်လာ(၁)ဘီလျံ (USD 1 Billion) ပေးသွင်းရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။
ကနေဒါဝန်ကြီးချုပ်ကာနီက အဆိုပါအဖွဲ့ သို့ဝင်ရောက်ရန် အစောပိုင်းတွင် မူအားဖြင့်သဘော တူခဲ့သော်လည်း၊ နောက်ပိုင်းတွင် ကနေဒါ အစိုးရ တာဝန်ရှိသူများက “ဖွဲ့စည်းပုံအသေးစိတ်၊ ဘဏ္ဍာ ငွေသုံးစွဲမှုပုံစံနှင့်လုပ်ငန်းစဉ်များကို ရှင်းလင်းစွာမသိ ရသေးဘဲ နိုင်ငံတော်ဘဏ္ဍာငွေကို အသုံးပြုမည်မဟုတ်”ဟုငြင်းဆိုခဲ့သည်။ ကနေဒါနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်စေရန်အတွက် ငွေကြေးပေးသွင်းရန် ငြင်းဆန်လိုက်ခြင်းသည် ဖိတ်ကြားချက်ကိုရုပ်သိမ်း ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်နိုင်ကြောင်း လေ့လာသူများကသုံးသပ်ကြသည်။
ကနေဒါဝန်ကြီးချုပ်ကာနီက အမေရိကန် ဦးဆောင်သော “စည်းမျဉ်းအခြေပြု ကမ္ဘာ့စနစ်” (Rules-based world order) သည် ပြိုကွဲနေပြီဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းကကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် လူသိရှင် ကြားဝေဖန်ခဲ့ရာ အမေရိ ကန်သမ္မတနှင့် ကနေဒါဝန်ကြီးချုပ်ကြား တင်းမာမှု များဖြစ်လာခဲ့ကြောင်းသိရသည်။
အမေရိကန်သမ္မတက ‘ကနေဒါနိုင်ငံ ဆက်လက်ရပ်တည်ရှင်သန်နေနိုင်တာဟာ အမေရိ ကန်ပြည် ထောင်စု ရှိနေလို့ဆိုတာ ကနေဒါဝန်ကြီးချုပ် သတိရသင့်တယ်’ဟု ထပ်မံဝေဖန်ခဲ့သည်။ သို့သော် ဝန်ကြီးချုပ် ကာနီကလည်း အမေရိကန်သမ္မတ၏ပြော ဆိုချက်များကို ချက်ချင်းပင် ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရသည်။ ကနေဒါဝန်ကြီးချုပ်က ‘ကနေဒါနိုင်ငံရှင် သန်နေတာ အမေရိကန်ကြောင့်မဟုတ်ပါဘူး။ ကနေ ဒါနိုင်ငံ စည်ပင်ဝပြောနေတာဟာ ကျွန်တော်တို့ ကနေ ဒါလူမျိုးတွေကြောင့်သာဖြစ်ပါတယ်’ဟု တုံ့ပြန်ပြောခဲ့သည်။

Zawgyi Version:
ၿငိမ္းခ်မ္းေရးဘုတ္အဖြဲ႕သို႔ ကေနဒါႏိုင္ငံ ဝင္ေရာက္ရန္ ကမ္းလွမ္းမႈကို အေမရိကန္သမၼတ ျပန္႐ုပ္သိမ္း
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၅
သမၼတထရမ့္သည္ ၎အသစ္ဖြဲ႕စည္းမည့္ ‘ Board of Peace ’ (ၿငိမ္းခ်မ္းေရးဘုတ္အဖြဲ႕)သို႔ ကေနဒါႏိုင္ငံပါဝင္ ခြင့္ဖိတ္ၾကားခ်က္ကို ႐ုပ္သိမ္းလိုက္ ေၾကာင္းေၾကညာလိုက္သည္။ အေမရိကန္သမၼတ ထရမ့္က ‘သမိုင္းတစ္ေလွ်ာက္ ဂုဏ္သိကၡာအရွိဆုံး ေခါင္းေဆာင္မ်ားဘုတ္အဖြဲ႕ျဖစ္လာမယ့္ Board of Peace ကို ကေနဒါႏိုင္ငံပါဝင္ဖို႔ ဖိတ္ၾကားထားမႈ ကို ဒီစာနဲ႔ တရားဝင္႐ုပ္သိမ္းလိုက္တယ္ဆိုတာ အသိေပးအပ္ပါတယ္’ဟု ေရးသားေဖာ္ျပခဲ့သည္။
အေမရိကန္သမၼတႏွင့္ ကေနဒါဝန္ႀကီးခ်ဳပ္ မက္ကာနီတို႔သည္ အျငင္းပြားမႈမ်ား၊ သေဘာထားကြဲ လြဲမႈမ်ားႏွင့္ အတူ အျပန္အလွန္ေဝဖန္ျပစ္တင္မႈမ်ား ျမင့္တက္လာခဲ့ၿပီးေနာက္ အေမရိကန္သမၼတက ယင္းကဲ့သို႔ ေၾကညာခဲ့ျခင္း ျဖစ္သည္။
အဆိုပါ 'Board of Peace' ကို ကမာၻ႔ပဋိပကၡမ်ားကိုေျဖရွင္းရန္ ရည္႐ြယ္ဖြဲ႕စည္းထားျခင္း ျဖစ္ေသာ္လည္း အၿမဲတမ္းအဖြဲ႕ဝင္အျဖစ္ပါဝင္လို ေသာႏိုင္ငံမ်ားအေနျဖင့္ ေဒၚလာ(၁)ဘီလ်ံ (USD 1 Billion) ေပးသြင္းရမည္ဟု သတ္မွတ္ထားေၾကာင္း သိရသည္။
ကေနဒါဝန္ႀကီးခ်ဳပ္ကာနီက အဆိုပါအဖြဲ႕ သို႔ဝင္ေရာက္ရန္ အေစာပိုင္းတြင္ မူအားျဖင့္သေဘာ တူခဲ့ေသာ္လည္း၊ ေနာက္ပိုင္းတြင္ ကေနဒါ အစိုးရ တာဝန္ရွိသူမ်ားက “ဖြဲ႕စည္းပုံအေသးစိတ္၊ ဘ႑ာ ေငြသုံးစြဲမႈပုံစံႏွင့္လုပ္ငန္းစဥ္မ်ားကို ရွင္းလင္းစြာမသိ ရေသးဘဲ ႏိုင္ငံေတာ္ဘ႑ာေငြကို အသုံးျပဳမည္မဟုတ္”ဟုျငင္းဆိုခဲ့သည္။ ကေနဒါႏိုင္ငံက အဖြဲ႕ဝင္အျဖစ္ပါဝင္ႏိုင္ေစရန္အတြက္ ေငြေၾကးေပးသြင္းရန္ ျငင္းဆန္လိုက္ျခင္းသည္ ဖိတ္ၾကားခ်က္ကို႐ုပ္သိမ္း ရျခင္း၏ အဓိကအေၾကာင္းရင္းတစ္ခုျဖစ္ႏိုင္ေၾကာင္း ေလ့လာသူမ်ားကသုံးသပ္ၾကသည္။
ကေနဒါဝန္ႀကီးခ်ဳပ္ကာနီက အေမရိကန္ ဦးေဆာင္ေသာ “စည္းမ်ဥ္းအေျချပဳ ကမာၻ႔စနစ္” (Rules-based world order) သည္ ၿပိဳကြဲေနၿပီျဖစ္ေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္းကက်င္းပခဲ့သည့္ ကမာၻ႔စီးပြားေရးဖိုရမ္တြင္ လူသိရွင္ ၾကားေဝဖန္ခဲ့ရာ အေမရိ ကန္သမၼတႏွင့္ ကေနဒါဝန္ႀကီးခ်ဳပ္ၾကား တင္းမာမႈ မ်ားျဖစ္လာခဲ့ေၾကာင္းသိရသည္။
အေမရိကန္သမၼတက ‘ကေနဒါႏိုင္ငံ ဆက္လက္ရပ္တည္ရွင္သန္ေနႏိုင္တာဟာ အေမရိ ကန္ျပည္ ေထာင္စု ရွိေနလို႔ဆိုတာ ကေနဒါဝန္ႀကီးခ်ဳပ္ သတိရသင့္တယ္’ဟု ထပ္မံေဝဖန္ခဲ့သည္။ သို႔ေသာ္ ဝန္ႀကီးခ်ဳပ္ ကာနီကလည္း အေမရိကန္သမၼတ၏ေျပာ ဆိုခ်က္မ်ားကို ခ်က္ခ်င္းပင္ ျပန္လည္တုံ႔ျပန္ခဲ့ေၾကာင္း သိရသည္။ ကေနဒါဝန္ႀကီးခ်ဳပ္က ‘ကေနဒါႏိုင္ငံရွင္ သန္ေနတာ အေမရိကန္ေၾကာင့္မဟုတ္ပါဘူး။ ကေန ဒါႏိုင္ငံ စည္ပင္ဝေျပာေနတာဟာ ကြၽန္ေတာ္တို႔ ကေန ဒါလူမ်ိဳးေတြေၾကာင့္သာျဖစ္ပါတယ္’ဟု တုံ႔ျပန္ေျပာခဲ့သည္။