ရွေးကောက်ပွဲအား ဆန့်ကျင်ရုံဖြင့် ပျက်ပယ်မည်မဟုတ်ကြောင်း ဦးကိုကိုကြီးပြော

 183

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၅

ရွေးကောက်ပွဲအား ဆန့်ကျင်ရုံဖြင့် ပျက်ပယ်မည်မဟုတ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) နံနက် ၇ နာရီခွဲတွင် လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်းရှိ မဲရုံအမှတ်(၂) တွင် ဆန္ဒမဲ လာရောက်ပေးစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
“ဆိုလိုတာက ထွက်ပေါက်ဆိုတာ ပြောရရင်တော့ ကျွန်တော်တို့က ပစ်ခတ်တိုက်ခိုက်နေတာထက်စာရင် ထိခိုက်နာကျင်မှု အနည်းဆုံးဖြစ်မယ်ဆိုတဲ့နည်းလမ်းကို ကျွန်တော်တို့ ရွေးလိုက်ရတာပဲ။ အကောင်းဆုံးစိတ်ကြိုက်နည်းလမ်းအဖြစ်နဲ့ ရွေးချယ်ရတာမဟုတ်ဘူး။ အဲဒီတော့ ရှိနေတဲ့ရွေးချယ်စရာတွေထဲမှာမှ ဒါကို ထိခိုက်နာကျင်မှုအနည်းဆုံးအဖြစ်နဲ့ ကျွန်တော်တို့က ရွေးရတာ။ ရှေ့မှာလည်းစိန်ခေါ်မှုတွေ အများကြီး ကျွန်တော်တို့ကြုံရဦးမယ်။ ဘာလို့ဆို ဒီရွေးကောက်ပွဲရလဒ်အရဆိုရင် ကျွန်တော်တို့ အများကြီး Struggle လုပ်ရဦးမယ်။ ရုန်းကန်လှုပ်ရှားရဦးမယ်လို့ ကျွန်တော်တို့မြင်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲအား ဆန့်ကျင်ရုံဖြင့် ပျက်ပယ်သွာမည်မကြောင်းလည်း ဦးကိုကိုကြီးက ဆိုသည်။
“အခုလည်း ကျွန်တော်တို့မြင်ပါတယ်။ ရွေးကောက်ပွဲဆန့်ကျင်ရုံနဲ့ ရွေးကောက်ပွဲပျက်သွားမှာမဟုတ်ဘူး။ ဒါကြောင့်မိုလို့ ကျွန်တော်တို့က မဲပေးကြပါလို့ တိုက်တွန်းတာဟာ ရွေးကောက်ပွဲဆန့်ကျင်လို့ ပျက်သွားလည်း ကျွန်တော်တို့ကအခြားနည်းလမ်းတစ်ခု အခြားတံခါးပေါက်တစ်ပေါက်ပွင့်သွားတယ်ဆိုရင် မှန်တယ်။ အခုဟာက ကျွန်တော်တို့ အစောကြီးကတည်းက ပြောတယ်။ ဒီရွေးကောက်ပွဲဟာ ဆန့်ကျင်တာပဲရှိမယ်။ ပျက်သွားမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒါကိုကျွန်တော်တို့က ရွေးချယ်စရာတစ်ခုအဖြစ်နဲ့ တက်တက်ကြွကြွနဲ့ မဲပေးကြပါလို့ တိုက်တွန်းတာလည်း ပကတိအခြေအနေကြောင့်တိုက်တွန်းတာ”ဟု ဦးကိုကိုကြီးက ပြောသည်။
ပြည်သူ့ပါတီအနေဖြင့် ရွေးကောက်ပွဲ အပိုင်း(၁) နှင့် အပိုင်း (၂) အပြီး တရားဝင်ကြေငြာချက်အရ ကိုယ်စားလှယ်လောင်း စုစုပေါင်း (၈) ဦးအနိုင်ရရှိထားကြောင်း ဦးကိုကိုကြီးက ဆိုသည်။
“ကျွန်တော်တို့ အပိုင်း (၁) နဲ့ (၂) အပြီးမှ တရားဝင်ကြေညာချက်အရတော့ ဒေသဆိုင်ရာလွှတ်တော်တွေမှာ (၇)ယောက်နဲ့ အမျိုးသားလွှတ်တော်မှာ (၁)ယောက် (၈) ယောက် အနိုင်ရရှိထားပါတယ်။ အပိုင်း (၃) ပြီးရင်တော့ ကျွန်တော်တို့ PR တွေပါ တွက်ချက်ပြီးရင်တော့ ထပ်ပြီးတော့ ကိုယ်စားလှယ်ဦးရေတွေ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲအား ဆန႔္က်င္႐ုံျဖင့္ ပ်က္ပယ္မည္မဟုတ္ေၾကာင္း ဦးကိုကိုႀကီးေျပာ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၅

ေ႐ြးေကာက္ပြဲအား ဆန႔္က်င္႐ုံျဖင့္ ပ်က္ပယ္မည္မဟုတ္ေၾကာင္း ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးက ယေန႔ (ဇန္နဝါရီလ ၂၅ ရက္) နံနက္ ၇ နာရီခြဲတြင္ လမ္းမေတာ္ၿမိဳ႕နယ္၊ ဝါးတန္းလမ္းရွိ မဲ႐ုံအမွတ္(၂) တြင္ ဆႏၵမဲ လာေရာက္ေပးစဥ္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
“ဆိုလိုတာက ထြက္ေပါက္ဆိုတာ ေျပာရရင္ေတာ့ ကြၽန္ေတာ္တို႔က ပစ္ခတ္တိုက္ခိုက္ေနတာထက္စာရင္ ထိခိုက္နာက်င္မႈ အနည္းဆုံးျဖစ္မယ္ဆိုတဲ့နည္းလမ္းကို ကြၽန္ေတာ္တို႔ ေ႐ြးလိုက္ရတာပဲ။ အေကာင္းဆုံးစိတ္ႀကိဳက္နည္းလမ္းအျဖစ္နဲ႔ ေ႐ြးခ်ယ္ရတာမဟုတ္ဘူး။ အဲဒီေတာ့ ရွိေနတဲ့ေ႐ြးခ်ယ္စရာေတြထဲမွာမွ ဒါကို ထိခိုက္နာက်င္မႈအနည္းဆုံးအျဖစ္နဲ႔ ကြၽန္ေတာ္တို႔က ေ႐ြးရတာ။ ေရွ႕မွာလည္းစိန္ေခၚမႈေတြ အမ်ားႀကီး ကြၽန္ေတာ္တို႔ႀကဳံရဦးမယ္။ ဘာလို႔ဆို ဒီေ႐ြးေကာက္ပြဲရလဒ္အရဆိုရင္ ကြၽန္ေတာ္တို႔ အမ်ားႀကီး Struggle လုပ္ရဦးမယ္။ ႐ုန္းကန္လႈပ္ရွားရဦးမယ္လို႔ ကြၽန္ေတာ္တို႔ျမင္ပါတယ္” ဟု ဦးကိုကိုႀကီးက ေျပာသည္။
ထို႔ျပင္ ေ႐ြးေကာက္ပြဲအား ဆန႔္က်င္႐ုံျဖင့္ ပ်က္ပယ္သြာမည္မေၾကာင္းလည္း ဦးကိုကိုႀကီးက ဆိုသည္။
“အခုလည္း ကြၽန္ေတာ္တို႔ျမင္ပါတယ္။ ေ႐ြးေကာက္ပြဲဆန႔္က်င္႐ုံနဲ႔ ေ႐ြးေကာက္ပြဲပ်က္သြားမွာမဟုတ္ဘူး။ ဒါေၾကာင့္မိုလို႔ ကြၽန္ေတာ္တို႔က မဲေပးၾကပါလို႔ တိုက္တြန္းတာဟာ ေ႐ြးေကာက္ပြဲဆန႔္က်င္လို႔ ပ်က္သြားလည္း ကြၽန္ေတာ္တို႔ကအျခားနည္းလမ္းတစ္ခု အျခားတံခါးေပါက္တစ္ေပါက္ပြင့္သြားတယ္ဆိုရင္ မွန္တယ္။ အခုဟာက ကြၽန္ေတာ္တို႔ အေစာႀကီးကတည္းက ေျပာတယ္။ ဒီေ႐ြးေကာက္ပြဲဟာ ဆန႔္က်င္တာပဲရွိမယ္။ ပ်က္သြားမွာမဟုတ္ဘူး။ ဒါေၾကာင့္မို႔လို႔ ဒါကိုကြၽန္ေတာ္တို႔က ေ႐ြးခ်ယ္စရာတစ္ခုအျဖစ္နဲ႔ တက္တက္ႂကြႂကြနဲ႔ မဲေပးၾကပါလို႔ တိုက္တြန္းတာလည္း ပကတိအေျခအေနေၾကာင့္တိုက္တြန္းတာ”ဟု ဦးကိုကိုႀကီးက ေျပာသည္။
ျပည္သူ႔ပါတီအေနျဖင့္ ေ႐ြးေကာက္ပြဲ အပိုင္း(၁) ႏွင့္ အပိုင္း (၂) အၿပီး တရားဝင္ေၾကျငာခ်က္အရ ကိုယ္စားလွယ္ေလာင္း စုစုေပါင္း (၈) ဦးအႏိုင္ရရွိထားေၾကာင္း ဦးကိုကိုႀကီးက ဆိုသည္။
“ကြၽန္ေတာ္တို႔ အပိုင္း (၁) နဲ႔ (၂) အၿပီးမွ တရားဝင္ေၾကညာခ်က္အရေတာ့ ေဒသဆိုင္ရာလႊတ္ေတာ္ေတြမွာ (၇)ေယာက္နဲ႔ အမ်ိဳးသားလႊတ္ေတာ္မွာ (၁)ေယာက္ (၈) ေယာက္ အႏိုင္ရရွိထားပါတယ္။ အပိုင္း (၃) ၿပီးရင္ေတာ့ ကြၽန္ေတာ္တို႔ PR ေတြပါ တြက္ခ်က္ၿပီးရင္ေတာ့ ထပ္ၿပီးေတာ့ ကိုယ္စားလွယ္ဦးေရေတြ တိုးတက္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” ဟု ဦးကိုကိုႀကီးက ေျပာသည္။

Related news

© 2021. All rights reserved.