အီရန်ခေါင်းဆောင်ကြီး ခါမေနီ မြေအောက်ဘန်ကာသို့ ထွက်ပြေးပုန်းခို

 721

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့က အီရန်နိုင်ငံအပေါ် ပြင်းထန်သော သတိပေးချက်များ ထုတ်ပြန် လိုက်ပြီးနောက်၊ အီရန်အဓိပတိ အယာတိုလာအလီခါမေနီသည် လုပ်ကြံသတ်ဖြတ်ခံရမည့်အန္တရာယ်မှ ရှောင်တိမ်း ရန်အတွက် လုံခြုံရေးအဆင့်အမြင့်ဆုံး သတ်မှတ်ထားသည့်မြေအောက်ဘန်ကာ တစ်ခုသို့ပြောင်းရွှေ့သွားခဲ့ ကြောင်း သတင်းများထွက်နေသည်။
ခါမေနီသည် တီဟီရန်မြို့ မြောက်ဘက်ရှိ လာဗီဇန် (Lavizan) ဒေသ (သို့မဟုတ်) အလားတူ လျှို့ဝှက်နေရာတစ်ခုရှိ မြေအောက်အဆောက်အအုံတွင် ခိုလှုံနေကြောင်း သိရသည်။ အစ္စရေးနှင့် အမေရိကန်တို့၏ နည်းပညာမြင့် ထောက်လှမ်းမှုများကို ရှောင်ရှားနိုင်ရန်အတွက် ခါမေနီသည် တယ်လီဖုန်းနှင့် အီလက်ထရောနစ်ဆက်သွယ်ရေး ကိရိယာအားလုံးကို ဖြတ်တောက်ထားပြီး၊ အလွန်ယုံကြည်ရသည့် လူယုံတစ်ဦးမှတဆင့်သာ အမိန့်များပေးနေ သည်။
ခါမေနီသည် သူကွယ်လွန်သွားပါက (သို့မဟုတ်) လုပ်ကြံခံရပါက နေရာဆက်ခံမည့်သူ (Successor) သုံးဦးကို လျှို့ဝှက်ရွေးချယ်ထားလိုက်ပြီဖြစ်သည်။ ထူးခြားချက်မှာ ယခင်က ရေပန်းစားခဲ့သော ၎င်း၏သားဖြစ်သူ မိုဂျတာ ဘာ (Mojtaba Khamenei) သည် အဆိုပါစာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း သတင်းများက ဆိုသည်။ ပြီးခဲ့သော ရက်ပိုင်းတွင် အမေရိကန်အစိုးရသည် အီရန်နိုင်ငံတွင်းရှိ အမေရိကန်နိုင်ငံသားများအားလုံး "ချက်ခြင်း ထွက်ခွာကြ ရန်" (Leave Iran Now) အရေးပေါ်သတိပေးချက်ထုတ်ပြန်ခဲ့သည်။ အီရန်နိုင်ငံတဝှမ်းတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အရှိန်အဟုန်မြင့်တက်နေပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ဆုံမှုများကြောင့် လူပေါင်းရာချီ သေဆုံးခဲ့ရသည့်အခြေအနေများလည်း ရှိနေသည်။

Zawgyi Version:
အီရန္ေခါင္းေဆာင္ႀကီး ခါေမနီ ေျမေအာက္ဘန္ကာသို႔ ထြက္ေျပးပုန္းခို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၅
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏ အစိုးရအဖြဲ႕က အီရန္ႏိုင္ငံအေပၚ ျပင္းထန္ေသာ သတိေပးခ်က္မ်ား ထုတ္ျပန္ လိုက္ၿပီးေနာက္၊ အီရန္အဓိပတိ အယာတိုလာအလီခါေမနီသည္ လုပ္ႀကံသတ္ျဖတ္ခံရမည့္အႏၲရာယ္မွ ေရွာင္တိမ္း ရန္အတြက္ လုံၿခဳံေရးအဆင့္အျမင့္ဆုံး သတ္မွတ္ထားသည့္ေျမေအာက္ဘန္ကာ တစ္ခုသို႔ေျပာင္းေ႐ႊ႕သြားခဲ့ ေၾကာင္း သတင္းမ်ားထြက္ေနသည္။
ခါေမနီသည္ တီဟီရန္ၿမိဳ႕ ေျမာက္ဘက္ရွိ လာဗီဇန္ (Lavizan) ေဒသ (သို႔မဟုတ္) အလားတူ လွ်ိဳ႕ဝွက္ေနရာတစ္ခုရွိ ေျမေအာက္အေဆာက္အအုံတြင္ ခိုလႈံေနေၾကာင္း သိရသည္။ အစၥေရးႏွင့္ အေမရိကန္တို႔၏ နည္းပညာျမင့္ ေထာက္လွမ္းမႈမ်ားကို ေရွာင္ရွားႏိုင္ရန္အတြက္ ခါေမနီသည္ တယ္လီဖုန္းႏွင့္ အီလက္ထေရာနစ္ဆက္သြယ္ေရး ကိရိယာအားလုံးကို ျဖတ္ေတာက္ထားၿပီး၊ အလြန္ယုံၾကည္ရသည့္ လူယုံတစ္ဦးမွတဆင့္သာ အမိန႔္မ်ားေပးေန သည္။
ခါေမနီသည္ သူကြယ္လြန္သြားပါက (သို႔မဟုတ္) လုပ္ႀကံခံရပါက ေနရာဆက္ခံမည့္သူ (Successor) သုံးဦးကို လွ်ိဳ႕ဝွက္ေ႐ြးခ်ယ္ထားလိုက္ၿပီျဖစ္သည္။ ထူးျခားခ်က္မွာ ယခင္က ေရပန္းစားခဲ့ေသာ ၎၏သားျဖစ္သူ မိုဂ်တာ ဘာ (Mojtaba Khamenei) သည္ အဆိုပါစာရင္းတြင္ ပါဝင္ျခင္း မရွိေၾကာင္း သတင္းမ်ားက ဆိုသည္။ ၿပီးခဲ့ေသာ ရက္ပိုင္းတြင္ အေမရိကန္အစိုးရသည္ အီရန္ႏိုင္ငံတြင္းရွိ အေမရိကန္ႏိုင္ငံသားမ်ားအားလုံး "ခ်က္ျခင္း ထြက္ခြာၾက ရန္" (Leave Iran Now) အေရးေပၚသတိေပးခ်က္ထုတ္ျပန္ခဲ့သည္။ အီရန္ႏိုင္ငံတဝွမ္းတြင္ အစိုးရဆန႔္က်င္ေရး ဆႏၵျပပြဲမ်ား အရွိန္အဟုန္ျမင့္တက္ေနၿပီး လုံၿခဳံေရးတပ္ဖြဲ႕မ်ားႏွင့္ ထိပ္တိုက္ေတြ႕ဆုံမႈမ်ားေၾကာင့္ လူေပါင္းရာခ်ီ ေသဆုံးခဲ့ရသည့္အေျခအေနမ်ားလည္း ရွိေနသည္။

Related news

© 2021. All rights reserved.