လက်နက်မစွန့်ပါက အမြစ်ဖြတ်ရှင်းမည်ဟု ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကို ဒေါ်နယ်ထရမ့်သတိပေး

68

Pika (NP News) - ဇန်နဝါရီ ၂၅
ဂါဇာကမ်းမြောင်ဒေသတွင်ရှိသည့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ၎င်းတို့၏လက်နက်များကိုမစွန့်လွှတ်ပါက အမြစ် ပြတ်ရှင်းလင်းခံရလိမ့် မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့ တွင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်အတွင်း ဒေါ်နယ်ထရမ့်က ယခုကဲ့သို့သတိ ပေးချက်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ထို့ပြင် ဟားမတ်စ် လက်နက်ကိုင်အဖွဲ့က လက်နက်ဖျက် သိမ်းမှုကိုလုပ်ဆောင်ရန် ရည်ရွယ်ထားခြင်း ရှိ/မရှိဆိုသည့် အချက်ကို မကြာမီအချိန်အတွင်း သိရှိရလိမ့်မည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့သည်။
ဒေါ်နယ်ထရမ့်က ‘ဟားမတ်စ် လက်နက် ကိုင်အဖွဲ့က လက်နက်တွေမဖျက်သိမ်းဘူးဆိုရင် လျင်လျင်မြန်မြန်နဲ့ပဲ အမြစ်ပြတ်ရှင်းလင်းခံရပါလိမ့်မယ်’ဟု ပြောဆိုခဲ့သည်။ အမေရိကန်၏ ကြားဝင်စေ့စပ်ပေးမှုများနှင့်အတူ အစ္စရေးနှင့် ဟားမတ်စ် လက်နက်ကိုင်အဖွဲ့တို့က အပစ်အခတ်ရပ်စဲရန် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၁၀)ရက်တွင် သဘော တူညီခဲ့ကြကြောင်းသိရသည်။ သို့သော်လည်း အစ္စရေးနှင့် ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်များကိုချိုး ဖောက်ခဲ့သည်ဟု အပြန်အလှန်စွပ်စွဲမှုများမှာ လက်ရှိ အချိန်အထိ ရှိနေဆဲဖြစ်ကြောင်း လည်းသိရသည်။
ထို့ပြင် ဂါဇာကမ်းမြောင် ဒေသငြိမ်းချမ်းရေး အစီအစဉ်၏ ဒုတိယအဆင့်ကို ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့် ရက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း လည်းသိရသည်။ အဆို ပါဒုတိယအဆင့်၏ ရည်ရွယ် ချက်မှာ စစ်ရေးအင်အား လျှော့ချရေးနှင့် ဂါဇာတွင် နည်းပညာဆိုင်ရာ အစိုးရသစ်တစ်ရပ်ထူထောင်ရန်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်ကပြော ကြားခဲ့ သည်။

Zawgyi Version:
လက္နက္မစြန႔္ပါက အျမစ္ျဖတ္ရွင္းမည္ဟု ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ကို ေဒၚနယ္ထရမ့္သတိေပး
Pika (NP News) - ဇန္နဝါရီ ၂၅
ဂါဇာကမ္းေျမာင္ေဒသတြင္ရွိသည့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕က ၎တို႔၏လက္နက္မ်ားကိုမစြန႔္လႊတ္ပါက အျမစ္ ျပတ္ရွင္းလင္းခံရလိမ့္ မည္ျဖစ္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့သည္။
ဆြစ္ဇာလန္ႏိုင္ငံ ဒါးဗို႔စ္ၿမိဳ႕ တြင္က်င္းပေသာ ကမာၻ႔စီးပြားေရးဖိုရမ္အတြင္း ေဒၚနယ္ထရမ့္က ယခုကဲ့သို႔သတိ ေပးခ်က္မ်ားကို ထုတ္ျပန္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ ထို႔ျပင္ ဟားမတ္စ္ လက္နက္ကိုင္အဖြဲ႕က လက္နက္ဖ်က္ သိမ္းမႈကိုလုပ္ေဆာင္ရန္ ရည္႐ြယ္ထားျခင္း ရွိ/မရွိဆိုသည့္ အခ်က္ကို မၾကာမီအခ်ိန္အတြင္း သိရွိရလိမ့္မည္ျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့သည္။
ေဒၚနယ္ထရမ့္က ‘ဟားမတ္စ္ လက္နက္ ကိုင္အဖြဲ႕က လက္နက္ေတြမဖ်က္သိမ္းဘူးဆိုရင္ လ်င္လ်င္ျမန္ျမန္နဲ႔ပဲ အျမစ္ျပတ္ရွင္းလင္းခံရပါလိမ့္မယ္’ဟု ေျပာဆိုခဲ့သည္။ အေမရိကန္၏ ၾကားဝင္ေစ့စပ္ေပးမႈမ်ားႏွင့္အတူ အစၥေရးႏွင့္ ဟားမတ္စ္ လက္နက္ကိုင္အဖြဲ႕တို႔က အပစ္အခတ္ရပ္စဲရန္ ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလ(၁၀)ရက္တြင္ သေဘာ တူညီခဲ့ၾကေၾကာင္းသိရသည္။ သို႔ေသာ္လည္း အစၥေရးႏွင့္ ဟားမတ္စ္ လက္နက္ကိုင္အဖြဲ႕ၾကား အပစ္ခတ္ရပ္စဲေရး သေဘာတူညီခ်က္မ်ားကိုခ်ိဳး ေဖာက္ခဲ့သည္ဟု အျပန္အလွန္စြပ္စြဲမႈမ်ားမွာ လက္ရွိ အခ်ိန္အထိ ရွိေနဆဲျဖစ္ေၾကာင္း လည္းသိရသည္။
ထို႔ျပင္ ဂါဇာကမ္းေျမာင္ ေဒသၿငိမ္းခ်မ္းေရး အစီအစဥ္၏ ဒုတိယအဆင့္ကို ေဒၚနယ္ထရမ့္က ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ ထုတ္ျပန္ေၾကညာခဲ့ေၾကာင္း လည္းသိရသည္။ အဆို ပါဒုတိယအဆင့္၏ ရည္႐ြယ္ ခ်က္မွာ စစ္ေရးအင္အား ေလွ်ာ့ခ်ေရးႏွင့္ ဂါဇာတြင္ နည္းပညာဆိုင္ရာ အစိုးရသစ္တစ္ရပ္ထူေထာင္ရန္ျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္ကေျပာ ၾကားခဲ့ သည္။