ရှီကျင့်ဖျင်၏ လက်ရုံးတစ်ဆူဖြစ်သူ ဗိုလ်ချုပ်ကြီး နှင့်ထိပ်တန်းစစ်ခေါင်းဆောင်များ ရာထူးမှ ဖယ်ရှားခံရ

 587

ဂျန်ဇက်(NP News )ဇန်နဝါရီ ၂၅
တရုတ်သမ္မတ ရှီကျင့်ဖျင်ပြီးလျှင် စစ်တပ်အတွင်း ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သူ ဗဟိုစစ်ကော်မရှင် (CMC) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Zhang Youxia (ကျန်းယိုရှား) အား "စည်းကမ်းနှင့် ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်မှု" စွဲချက်ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၄) တွင် တရားဝင် အတည်ပြု ကြေညာလိုက်သည်။အဆိုပါကြေညာချက်သည် တရုတ်စစ်တပ် (PLA) သမိုင်းတွင် မကြုံစဖူး ထူးခြားသော နိုင်ငံရေးလှုပ်ခတ်မှုတစ်ခုဖြစ်ပြီး၊ နိုင်ငံတကာ စစ်ရေးလေ့လာသူများကမူ ၎င်းကို စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်မှုကို အမြစ်ပြတ်ရှင်းလင်းသည့် လုပ်ရပ်တစ်ခုအဖြစ် သုံးသပ်နေကြသည်။အဆိုပါ
ဗိုလ်ချုပ်ကြီး သည်သာမန်စစ်ခေါင်းဆောင်တစ်ဦး မဟုတ်ဘဲ သမ္မတ ရှီကျင့်ဖျင်နှင့် ဖခင်များလက်ထက်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့သည့် မိသားစုအသိုင်းအဝိုင်းမှ ဆင်းသက်လာသူဖြစ်ပြီး၊ ရှီကျင့်ဖျင်၏ အယုံကြည်ရဆုံး လက်ရုံးတစ်ဆူအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သူဖြစ်သည်။အသက် (၇၀) ပြည့်လျှင် ပင်စင်ယူရမည့် တရုတ်ကွန်မြူနစ်ပါတီ၏ အလွတ်သဘော စည်းမျဉ်းကိုပင် ကျော်လွန်ကာ ရှီကျင့်ဖျင်က ၎င်းအား ရာထူးဆက်လက် ပေးအပ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် တရုတ်သမ္မတက၄င်း၏အနီးကပ်ဆုံး လူယုံတော်တစ်ဦးကိုပါ ဖယ်ရှားလိုက်ခြင်းသည် ပါတီနှင့် စစ်တပ်အတွင်း "မည်သူမျှ လုံခြုံမှုမရှိ" ဟူသော သတိပေးချက်ကို ပေးလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက ဆိုသည်။တရုတ်စစ်တပ်၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် ဗဟိုစစ်ကော်မရှင်သည် လက်ရှိတွင် ကြီးမားသော ဖွဲ့စည်းပုံဆိုင်ရာ ပြိုလဲမှုနှင့် ရင်ဆိုင်နေရပြီးမူလခန့်အပ်ထားသည့် ကော်မရှင်အဖွဲ့ဝင် (၇) ဦးအနက် အများစုမှာ ရာထူးမှ ဖယ်ရှားခံရခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခံနေရကြောင်းသိရသည်။အဆိုပါ ဗိုလ်ချုပ်ကြီးကို စုံစမ်းဖယ်ရှားခံရခြင်း၏
နောက်ကွယ်မှ အကြောင်းတရားများတရားဝင်ထုတ်ပြန်ချက်များတွင် အဂတိလိုက်စားမှုဟု ဖော်ပြထားသော်လည်း၊ ထောက်လှန်းရေးသတင်းရပ်ကွက်များ၏ အဆိုအရ အဓိကအကြောင်းရင်းမှာ "သစ္စာစောင့်သိမှု" နှင့် သက်ဆိုင်နေဖွယ်ရှိကြောင်း သိရသည်

Zawgyi Version:
ရွီက်င့္ဖ်င္၏ လက္႐ုံးတစ္ဆူျဖစ္သူ ဗိုလ္ခ်ဳပ္ႀကီး ႏွင့္ထိပ္တန္းစစ္ေခါင္းေဆာင္မ်ား ရာထူးမွ ဖယ္ရွားခံ
ဂ်န္ဇက္(NP News )ဇန္နဝါရီ ၂၅
တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ၿပီးလွ်င္ စစ္တပ္အတြင္း ဒုတိယအာဏာအရွိဆုံးပုဂၢိဳလ္ျဖစ္သူ ဗဟိုစစ္ေကာ္မရွင္ (CMC) ဒုတိယဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး Zhang Youxia (က်န္းယိုရွား) အား "စည္းကမ္းႏွင့္ ဥပေဒမ်ားကို ျပင္းထန္စြာ ခ်ိဳးေဖာက္မႈ" စြဲခ်က္ျဖင့္ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက ဇန္နဝါရီ ၂၄) တြင္ တရားဝင္ အတည္ျပဳ ေၾကညာလိုက္သည္။အဆိုပါေၾကညာခ်က္သည္ တ႐ုတ္စစ္တပ္ (PLA) သမိုင္းတြင္ မႀကဳံစဖူး ထူးျခားေသာ ႏိုင္ငံေရးလႈပ္ခတ္မႈတစ္ခုျဖစ္ၿပီး၊ ႏိုင္ငံတကာ စစ္ေရးေလ့လာသူမ်ားကမူ ၎ကို စစ္ဘက္ဆိုင္ရာ ထိပ္ပိုင္းေခါင္းေဆာင္မႈကို အျမစ္ျပတ္ရွင္းလင္းသည့္ လုပ္ရပ္တစ္ခုအျဖစ္ သုံးသပ္ေနၾကသည္။အဆိုပါ
ဗိုလ္ခ်ဳပ္ႀကီး သည္သာမန္စစ္ေခါင္းေဆာင္တစ္ဦး မဟုတ္ဘဲ သမၼတ ရွီက်င့္ဖ်င္ႏွင့္ ဖခင္မ်ားလက္ထက္ကတည္းက ရင္းႏွီးကြၽမ္းဝင္ခဲ့သည့္ မိသားစုအသိုင္းအဝိုင္းမွ ဆင္းသက္လာသူျဖစ္ၿပီး၊ ရွီက်င့္ဖ်င္၏ အယုံၾကည္ရဆုံး လက္႐ုံးတစ္ဆူအျဖစ္ ႏွစ္ေပါင္းမ်ားစြာ ရပ္တည္ခဲ့သူျဖစ္သည္။အသက္ (၇၀) ျပည့္လွ်င္ ပင္စင္ယူရမည့္ တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ အလြတ္သေဘာ စည္းမ်ဥ္းကိုပင္ ေက်ာ္လြန္ကာ ရွီက်င့္ဖ်င္က ၎အား ရာထူးဆက္လက္ ေပးအပ္ထားခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ တ႐ုတ္သမၼတက၄င္း၏အနီးကပ္ဆုံး လူယုံေတာ္တစ္ဦးကိုပါ ဖယ္ရွားလိုက္ျခင္းသည္ ပါတီႏွင့္ စစ္တပ္အတြင္း "မည္သူမွ် လုံၿခဳံမႈမရွိ" ဟူေသာ သတိေပးခ်က္ကို ေပးလိုက္ျခင္းျဖစ္ေၾကာင္း ႏိုင္ငံေရးအကဲခတ္မ်ားက ဆိုသည္။တ႐ုတ္စစ္တပ္၏ အျမင့္ဆုံး အာဏာပိုင္အဖြဲ႕အစည္းျဖစ္သည့္ ဗဟိုစစ္ေကာ္မရွင္သည္ လက္ရွိတြင္ ႀကီးမားေသာ ဖြဲ႕စည္းပုံဆိုင္ရာ ၿပိဳလဲမႈႏွင့္ ရင္ဆိုင္ေနရၿပီးမူလခန႔္အပ္ထားသည့္ ေကာ္မရွင္အဖြဲ႕ဝင္ (၇) ဦးအနက္ အမ်ားစုမွာ ရာထူးမွ ဖယ္ရွားခံရျခင္း သို႔မဟုတ္ စုံစမ္းစစ္ေဆးခံေနရေၾကာင္းသိရသည္။အဆိုပါ ဗိုလ္ခ်ဳပ္ႀကီးကို စုံစမ္းဖယ္ရွားခံရျခင္း၏
ေနာက္ကြယ္မွ အေၾကာင္းတရားမ်ားတရားဝင္ထုတ္ျပန္ခ်က္မ်ားတြင္ အဂတိလိုက္စားမႈဟု ေဖာ္ျပထားေသာ္လည္း၊ ေထာက္လွန္းေရးသတင္းရပ္ကြက္မ်ား၏ အဆိုအရ အဓိကအေၾကာင္းရင္းမွာ "သစၥာေစာင့္သိမႈ" ႏွင့္ သက္ဆိုင္ေနဖြယ္ရွိေၾကာင္း သိရသည္

Related news

© 2021. All rights reserved.