တိုင်းဒေသကြီးနှင့် ပြည်နယ်(၆)ခုတွင် လက်မှုကျေးရွာ (၈)ရွာခန့် ထူထောင်ရန် စီစဉ်

391

ထိုက်စံ (NP News) - ဇန်နဝါရီ ၂၈
တိုင်းဒေသကြီးနှင့် ပြည်နယ်(၆)ခုတွင် လက်မှုကျေးရွာ (၈) ရွာခန့် ထူထောင်ရန် စီစဉ်နေကြောင်း သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင်၏ ပြောပြ ချက်အရ သိရသည်။
မြန်မာ့ရိုးရာပန်းဆယ်မျိုးနှင့်ပတ်သက်၍ လက်မှုလုပ်ငန်းထွန်းကားစေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် မှ ၂ဝ၂၈ - ၂ဝ၂၉ အထိ လေးနှစ် စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် အဆိုပါကျေးရွာ (၈) ရွာအနက် မန္တလေးတိုင်းဒေသကြီးတွင် မြင်းကပါ ကျေးရွာအပါ ၂ ရွာ နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၁ ရွာတို့တွင် ကနဦး လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သိရသည်။
“မြန်မာ့လက်မှုအနုပညာ အပါ ရိုးရာလက်မှု လုပ်ငန်းတွေ၊ ရက်ကန်းလုပ်ငန်းတွေ ပါဝင်မှာဖြစ်ပါတယ်။
မြင်းကပါမှာတော့ အဓိက ယွန်းပဲ မြင်ရမှာပါရှင်။ ကျန် တိုင်းဒေသကြီး ပြည်နယ်တွေမှာကျတော့ တချို့က ဥပမာ မန္တလေးတိုင်းဆိုရင် ရက်ကန်းပေါ့။ ရက်ကန်းရွာ ပုံစံ ပါမှာပေါ့” ဟု ၎င်းက ဆိုသည်။
လက်ရှိ စီမံကိန်းအရ သတ်မှတ်ထားပြီးသည့် ကျေးရွာတို့တွင် လက်မှုလုပ်ငန်းရှင် ၂၀ ခန့် ပါဝင်ရန် ရွေးချယ်မည် ဖြစ်ကြောင်းလည်း ဒေါ်ရီရီလှိုင်က ဆိုသည်။
“ဘယ်ရွာတွေ ထပ်ပါမယ် ဆိုတာကတော့ ကျွန်မတို့က ကွင်းဆင်းဆောင်ရွက်ရဦးမှာပါ။ လောလောဆယ် မန္တလေးတိုင်းဒေသကြီးနဲ့ မြင်းကပါ နဲ့ ဧရာဝတီတိုင်းဒေကြီး ရေကြည်မှာပဲ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။
လက်မှုရွာစီမံကိန်းကို ဆောင်ရွက်ခြင်းအားဖြင့် ကျေးရွာရှိ လက်မှုလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် နည်းပညာသစ်များကိုလေ့လာသင်ယူနိုင်ခြင်း၊ ထောက်ပံ့ပေးအပ်သော လုပ်ငန်းသုံးပစ္စည်းများကို အသုံးပြုနိုင်ခြင်းတို့ ရှိမည် ဖြစ်ပြီး သက်ဆိုင်ရာဌာနများ နှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည် ဖြစ်သည့်အတွက် လုပ်ငန်းအတွက် လိုအပ်သော အရင်းအနှီးများ အတွက် ချေးငွေလည်း ရရှိနိုင်မည် ဖြစ်ကြောင်း ဒေါ်ရီရီဆွေ က ပြောသည်။
“လုပ်ငန်း မှတ်ပုံတင်ခွင့်လည်း ရသွားမယ်။ နောက်ခရီးသွားနေရာတစ်ခုလည်း ဖန်တီးပေးတာ ဖြစ်တဲ့ အတွက် လက်မှုလုပ်ငန်းတွေက ပြည်တွင်း၊ ပြည်ပ စျေးကွက်တွေ ပိုမို ရရှိလာမယ်။ ရရှိတဲ့ အတွက် မိသားစု ဝင်ငွေ ပိုမို တိုးပွားလာမယ်ဆိုတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ဌာနအနေဖြင့် လက်မှုရွာစီမံကိန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဒေါ်ရီရီဆွေ က ပြောသည်။
“ကျွန်မတို့ဌာနအနေနဲ့ကတော့ ဒီ လက်မှုရွာစီမံကိန်းကို ကျွန်မတို့က Operation တစ်ရပ်အနေနဲ့ စဉ်ဆက်မပျက်ဆောင်ရွက်ပေးမှာပေါ့နော်။ ဒါပေမယ့်လည်းကျွန်မတို့အတွက်က စိန်ခေါ်မှုတွေလည်း ရှိတာပေါ့နော်။ ဥပမာ ဒီဟာဆိုလို့ရှိရင် လက်မှုရွာတည်ထောင်မယ်ဆိုလို့ရှိရင် အခြေခံအဆောက်အအုံ အဲဒီလိုမျိုးပေါ့ မြေနေရာရရှိဖို့တွေ အဲဒါတွေလည်းကျွန်မတို့က ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်တဲ့အတွက်ပေါ့ နော်။ ကျွန်မတို့အနေနဲ့ လက်မှုရွာစီမံကိန်းပေါ်ပေါက်နိုင်ဖို့အတွက်ကို စဉ်ဆက်မပျက်ဆောင်ရွက်ပေးမယ်ဆိုတဲ့အကြောင်းကို ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version;
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္(၆)ခုတြင္ လက္မႈေက်း႐ြာ (၈)႐ြာခန႔္ ထူေထာင္ရန္ စီစဥ္
ထိုက္စံ (NP News) - ဇန္နဝါရီ ၂၈
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္(၆)ခုတြင္ လက္မႈေက်း႐ြာ (၈) ႐ြာခန႔္ ထူေထာင္ရန္ စီစဥ္ေနေၾကာင္း သမဝါယမ ႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန၊ အေသးစားစက္မႈလုပ္ငန္းဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ေဒၚရီရီလႈိင္၏ ေျပာျပ ခ်က္အရ သိရသည္။
ျမန္မာ့႐ိုးရာပန္းဆယ္မ်ိဳးႏွင့္ပတ္သက္၍ လက္မႈလုပ္ငန္းထြန္းကားေစရန္ ေဆာင္႐ြက္ျခင္းျဖစ္ၿပီး ၂၀၂၅ - ၂၀၂၆ ဘ႑ာႏွစ္ မွ ၂ဝ၂၈ - ၂ဝ၂၉ အထိ ေလးႏွစ္ စီမံကိန္းျဖင့္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။
လက္ရွိတြင္ အဆိုပါေက်း႐ြာ (၈) ႐ြာအနက္ မႏၲေလးတိုင္းေဒသႀကီးတြင္ ျမင္းကပါ ေက်း႐ြာအပါ ၂ ႐ြာ ႏွင့္ ဧရာဝတီတိုင္းေဒသႀကီးတြင္ ၁ ႐ြာတို႔တြင္ ကနဦး လုပ္ငန္းမ်ား စတင္ေနၿပီျဖစ္ေၾကာင္း သိရသည္။
“ျမန္မာ့လက္မႈအႏုပညာ အပါ ႐ိုးရာလက္မႈ လုပ္ငန္းေတြ၊ ရက္ကန္းလုပ္ငန္းေတြ ပါဝင္မွာျဖစ္ပါတယ္။
ျမင္းကပါမွာေတာ့ အဓိက ယြန္းပဲ ျမင္ရမွာပါရွင္။ က်န္ တိုင္းေဒသႀကီး ျပည္နယ္ေတြမွာက်ေတာ့ တခ်ိဳ႕က ဥပမာ မႏၲေလးတိုင္းဆိုရင္ ရက္ကန္းေပါ့။ ရက္ကန္း႐ြာ ပုံစံ ပါမွာေပါ့” ဟု ၎က ဆိုသည္။
လက္ရွိ စီမံကိန္းအရ သတ္မွတ္ထားၿပီးသည့္ ေက်း႐ြာတို႔တြင္ လက္မႈလုပ္ငန္းရွင္ ၂၀ ခန႔္ ပါဝင္ရန္ ေ႐ြးခ်ယ္မည္ ျဖစ္ေၾကာင္းလည္း ေဒၚရီရီလႈိင္က ဆိုသည္။
“ဘယ္႐ြာေတြ ထပ္ပါမယ္ ဆိုတာကေတာ့ ကြၽန္မတို႔က ကြင္းဆင္းေဆာင္႐ြက္ရဦးမွာပါ။ ေလာေလာဆယ္ မႏၲေလးတိုင္းေဒသႀကီးနဲ႔ ျမင္းကပါ နဲ႔ ဧရာဝတီတိုင္းေဒႀကီး ေရၾကည္မွာပဲ ေဆာင္႐ြက္ေနပါတယ္” ဟု ၎က ေျပာသည္။
လက္မႈ႐ြာစီမံကိန္းကို ေဆာင္႐ြက္ျခင္းအားျဖင့္ ေက်း႐ြာရွိ လက္မႈလုပ္ငန္းလုပ္ကိုင္သူမ်ားအေနျဖင့္ နည္းပညာသစ္မ်ားကိုေလ့လာသင္ယူႏိုင္ျခင္း၊ ေထာက္ပံ့ေပးအပ္ေသာ လုပ္ငန္းသုံးပစၥည္းမ်ားကို အသုံးျပဳႏိုင္ျခင္းတို႔ ရွိမည္ ျဖစ္ၿပီး သက္ဆိုင္ရာဌာနမ်ား ႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ေပးမည္ ျဖစ္သည့္အတြက္ လုပ္ငန္းအတြက္ လိုအပ္ေသာ အရင္းအႏွီးမ်ား အတြက္ ေခ်းေငြလည္း ရရွိႏိုင္မည္ ျဖစ္ေၾကာင္း ေဒၚရီရီေဆြ က ေျပာသည္။
“လုပ္ငန္း မွတ္ပုံတင္ခြင့္လည္း ရသြားမယ္။ ေနာက္ခရီးသြားေနရာတစ္ခုလည္း ဖန္တီးေပးတာ ျဖစ္တဲ့ အတြက္ လက္မႈလုပ္ငန္းေတြက ျပည္တြင္း၊ ျပည္ပ ေစ်းကြက္ေတြ ပိုမို ရရွိလာမယ္။ ရရွိတဲ့ အတြက္ မိသားစု ဝင္ေငြ ပိုမို တိုးပြားလာမယ္ဆိုတဲ့အက်ိဳးေက်းဇူးေတြ ရရွိႏိုင္ပါတယ္” ဟု ၎က ေျပာသည္။
ဌာနအေနျဖင့္ လက္မႈ႐ြာစီမံကိန္းကို စဥ္ဆက္မျပတ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ေဒၚရီရီေဆြ က ေျပာသည္။
“ကြၽန္မတို႔ဌာနအေနနဲ႔ကေတာ့ ဒီ လက္မႈ႐ြာစီမံကိန္းကို ကြၽန္မတို႔က Operation တစ္ရပ္အေနနဲ႔ စဥ္ဆက္မပ်က္ေဆာင္႐ြက္ေပးမွာေပါ့ေနာ္။ ဒါေပမယ့္လည္းကြၽန္မတို႔အတြက္က စိန္ေခၚမႈေတြလည္း ရွိတာေပါ့ေနာ္။ ဥပမာ ဒီဟာဆိုလို႔ရွိရင္ လက္မႈ႐ြာတည္ေထာင္မယ္ဆိုလို႔ရွိရင္ အေျခခံအေဆာက္အအုံ အဲဒီလိုမ်ိဳးေပါ့ ေျမေနရာရရွိဖို႔ေတြ အဲဒါေတြလည္းကြၽန္မတို႔က ႀကိဳးပမ္းေဆာင္႐ြက္ရမွာျဖစ္တဲ့အတြက္ေပါ့ ေနာ္။ ကြၽန္မတို႔အေနနဲ႔ လက္မႈ႐ြာစီမံကိန္းေပၚေပါက္ႏိုင္ဖို႔အတြက္ကို စဥ္ဆက္မပ်က္ေဆာင္႐ြက္ေပးမယ္ဆိုတဲ့အေၾကာင္းကို ေျပာခ်င္ပါတယ္” ဟု ၎က ေျပာသည္။