မုံရွာမြို့မှ တရားလွှတ်တော်ရှေ့နေတစ်ဦးကို PDF အဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွား

336
သန့်ဇင်(NP News)-ဇန်နဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ တရားလွှတ်တော်ရှေ့နေတစ်ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်၊ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်က မုံရွာမြို့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး PDF အဖွဲ့ဝင် (၄) ဦးက ကားတစ်စီးဖြင့်ရောက်ရှိလာကာ ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လမ်းသွားလမ်းလာရင်းနဲ့ အဖမ်းခံရတာ။ အခုချိန်ထိတော့ဘာသံမှအကြားရသေးဘူး။ မုံရွာမှာကအရမ်းဆိုး နေတယ်။ အဲဒီလိုတွေက။ အကြမ်းဖက်ကဖမ်းတာဆိုတော့ ငွေတောင်းမှာပေါ့။ သူတို့က ငွေတောင်းဖို့ပဲဖမ်း ကြတာကိုး”ဟု ဒေသခံအမျိုးသားတစ်ဦးက NP News ကိုပြောသည်။
ဖမ်းဆီးခံရသူမှာ အသက် (၄၂) နှစ်အရွယ် တရားလွှတ်တော်ရှေ့နေ ဦးနေဇော်ဖြစ်ပြီး မုံရွာမြို့၊ ချမ်းမြဝတီ ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
ဦးနေဇော်ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ လက်ရှိတွင် စုံစမ်းစစ်ဆေးလျက်ရှိပြီး ကျူးလွန်သူများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Zawgyi Version:
မုံ႐ြာၿမိဳ႕မွ တရားလႊတ္ေတာ္ေရွ႕ေနတစ္ဦးကို PDF အဖြဲ႕ကဖမ္းဆီးေခၚေဆာင္သြား
သန႔္ဇင္(NP News)-ဇန္နဝါရီ ၂၉
စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕မွ တရားလႊတ္ေတာ္ေရွ႕ေနတစ္ဦးကို PDF အဖြဲ႕က ဖမ္းဆီးေခၚေဆာင္ သြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ ၂၇ ရက္၊ နံနက္ ၅ နာရီ ၄၀ မိနစ္ခန႔္က မုံ႐ြာၿမိဳ႕တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး PDF အဖြဲ႕ဝင္ (၄) ဦးက ကားတစ္စီးျဖင့္ေရာက္ရွိလာကာ ၿခိမ္းေျခာက္ဖမ္းဆီးေခၚေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“လမ္းသြားလမ္းလာရင္းနဲ႔ အဖမ္းခံရတာ။ အခုခ်ိန္ထိေတာ့ဘာသံမွအၾကားရေသးဘူး။ မုံ႐ြာမွာကအရမ္းဆိုး ေနတယ္။ အဲဒီလိုေတြက။ အၾကမ္းဖက္ကဖမ္းတာဆိုေတာ့ ေငြေတာင္းမွာေပါ့။ သူတို႔က ေငြေတာင္းဖို႔ပဲဖမ္း ၾကတာကိုး”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကိုေျပာသည္။
ဖမ္းဆီးခံရသူမွာ အသက္ (၄၂) ႏွစ္အ႐ြယ္ တရားလႊတ္ေတာ္ေရွ႕ေန ဦးေနေဇာ္ျဖစ္ၿပီး မုံ႐ြာၿမိဳ႕၊ ခ်မ္းျမဝတီ ရပ္ကြက္တြင္ ေနထိုင္သူျဖစ္ေၾကာင္း သိရသည္။
ဦးေနေဇာ္ဖမ္းဆီးခံရမႈႏွင့္ပတ္သက္၍ လက္ရွိတြင္ စုံစမ္းစစ္ေဆးလ်က္ရွိၿပီး က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ ဖမ္းဆီးအေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။