ကမ္ဘာ့ပထမဆုံး လကမ္ဘာဟိုတယ်တွင် တည်းခိုရန်အတွက် အမေရိကန်ဒေါ်လာ(၁)သန်းဖြင့် အခန်းတစ်ခန်းကြိုတင်မှာယူနိုင်ပြီ

 784

Pika (NP News) - ဖေ‌ဖော်ဝါရီလ ၄

အသက်(၂၁)နှစ်အရွယ် စကိုင်လာချန် ဆိုသည့်အမျိုးသားက တည်ထောင်ခဲ့သော GRU Space ကုမ္ပဏီသည် လာမည့် (၂၀၃၂) ခုနှစ်တွင် ကမ္ဘာ့ပထမဆုံး လကမ္ဘာဟိုတယ်ကို ဖွင့်လှစ်ရန် မျှော် လင့်နေပြီး အာကာသဝါသနာရှင်များထံမှ ကနဦး ငွေပေးချေမှုများကို လက်ခံနေပြီဖြစ်ကြောင်းသိရသည်။
လကမ္ဘာဟိုတယ်တွင်ပါဝင်မည့် အခန်း များ၏ နောက်ဆုံးကုန်ကျစရိတ်ကို အတိအကျ မသိ ရှိရသေးသော်လည်း စုစုပေါင်းကုန်ကျစရိတ်မှာ အ မေရိကန်ဒေါ်လာ (၁၀) သန်းကျော်ရှိနိုင်ကြောင်း စကိုင်လာချန်က ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ရွေးချယ်ထားသောရွေးချယ်စရာများအပေါ်မူတည် ကာ အမေရိကန်ဒေါ်လာ (၂၅၀ဝဝဝ) မှ (၁) သန်း အထိ အပ်ငွေများကို လက်ခံနေပြီဖြစ်ကြောင်းလည်း စကိုင်လာချန်က ပြောကြားခဲ့သည်။
GRU Space သည် လပေါ်တွင် ဟိုတယ် တစ်ခု တည်ဆောက်ခြင်းအကြောင်း ကြွားဝါသည့် ပထမဆုံးကုမ္ပဏီမဟုတ်သော်လည်း ၎င်း၏ထူးခြားသည့်အချက်မှာ လက်တွေ့အကောင်အထည်ဖော်ရန် စီစဉ်ထားသည့်နည်းလမ်းများကြောင့်ဖြစ်ကြောင်းသိ ရသည်။ ဆောက်လုပ်ရေးပစ္စည်းများနှင့် စက်ယန္တရား များကို လကမ္ဘာသို့ ပို့ဆောင်မည့်အစား လကမ္ဘာ၏မြေဆီလွှာကိုအသုံးပြုကာ တာရှည်ခံသော အုတ်များ ကိုတည်ဆောက်ပြီး လကမ္ဘာ၏ ကြမ်းတမ်းသော ပတ် ဝန်းကျင်တွင် ရှင်သန်နိုင်သည့် ခိုင်မာသောဖွဲ့စည်းပုံ များအဖြစ် တပ်ဆင်ရန်အတွက် စက်ရုပ်စနစ်များကို အသုံးပြုရန် GRU Spaceကုမ္ပဏီက စီစဉ်ထား ကြောင်းသိရသည်။
GRU Space ကုမ္ပဏီသည် ကမ္ဘာ့ပထမ ဆုံး လကမ္ဘာဟိုတယ် တည်ဆောက်ခြင်းကို (၂၀၂၉)ခုနှစ်တွင် စတင်ရန်မျှော်လင့်နေပြီး စည်းမျဉ်းစည်း ကမ်းဆိုင်ရာ ခွင့်ပြုချက်များကို စောင့်ဆိုင်းလျက်ရှိ ကြောင်းသိရသည်။ စကိုင်လာချန်က " ကျွန်တော်တို့ ဟာ မသေဆုံးခင်ကာလမှာ ဂြိုဟ်တွေတစ်ခုနဲ့တစ်ခုကြားသွားလာနိုင်မယ့် အလားအလာရှိတဲ့ အတက် အကျကာလမှာ နေထိုင်နေရတာပါ။ ဒီပရောဂျက်က သာအောင်မြင်ခဲ့ရင် ဘီလျံနဲ့ချီတဲ့လူသားတွေဟာ လကမ္ဘာနဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ မွေးဖွားလာကြမှာဖြစ်ပြီး အခြားဂြိုဟ်တွေရဲ့ အလှတရားကို ခံစားနိုင်မှာပဲဖြစ် ပါတယ်" ဟုထုတ်ဖော်ပြောဆိုခဲ့သည်။

Zawgyi Version:
ကမာၻ႔ပထမဆုံး လကမာၻဟိုတယ္တြင္ တည္းခိုရန္အတြက္ အေမရိကန္ေဒၚလာ(၁)သန္းျဖင့္
အခန္းတစ္ခန္းႀကိဳတင္မွာယူႏိုင္ၿပီ
Pika (NP News) - ေဖ‌ေဖာ္ဝါရီလ ၄

အသက္(၂၁)ႏွစ္အ႐ြယ္ စကိုင္လာခ်န္ ဆိုသည့္အမ်ိဳးသားက တည္ေထာင္ခဲ့ေသာ GRU Space ကုမၸဏီသည္ လာမည့္ (၂၀၃၂) ခုႏွစ္တြင္ ကမာၻ႔ပထမဆုံး လကမာၻဟိုတယ္ကို ဖြင့္လွစ္ရန္ ေမွ်ာ္ လင့္ေနၿပီး အာကာသဝါသနာရွင္မ်ားထံမွ ကနဦး ေငြေပးေခ်မႈမ်ားကို လက္ခံေနၿပီျဖစ္ေၾကာင္းသိရသည္။
လကမာၻဟိုတယ္တြင္ပါဝင္မည့္ အခန္း မ်ား၏ ေနာက္ဆုံးကုန္က်စရိတ္ကို အတိအက် မသိ ရွိရေသးေသာ္လည္း စုစုေပါင္းကုန္က်စရိတ္မွာ အ ေမရိကန္ေဒၚလာ (၁၀) သန္းေက်ာ္ရွိႏိုင္ေၾကာင္း စကိုင္လာခ်န္က ေျပာၾကားခဲ့သည္။ လက္ရွိအခ်ိန္တြင္ ေ႐ြးခ်ယ္ထားေသာေ႐ြးခ်ယ္စရာမ်ားအေပၚမူတည္ ကာ အေမရိကန္ေဒၚလာ (၂၅၀ဝဝဝ) မွ (၁) သန္း အထိ အပ္ေငြမ်ားကို လက္ခံေနၿပီျဖစ္ေၾကာင္းလည္း စကိုင္လာခ်န္က ေျပာၾကားခဲ့သည္။
GRU Space သည္ လေပၚတြင္ ဟိုတယ္ တစ္ခု တည္ေဆာက္ျခင္းအေၾကာင္း ႂကြားဝါသည့္ ပထမဆုံးကုမၸဏီမဟုတ္ေသာ္လည္း ၎၏ထူးျခားသည့္အခ်က္မွာ လက္ေတြ႕အေကာင္အထည္ေဖာ္ရန္ စီစဥ္ထားသည့္နည္းလမ္းမ်ားေၾကာင့္ျဖစ္ေၾကာင္းသိ ရသည္။ ေဆာက္လုပ္ေရးပစၥည္းမ်ားႏွင့္ စက္ယႏၲရား မ်ားကို လကမာၻသို႔ ပို႔ေဆာင္မည့္အစား လကမာၻ၏ေျမဆီလႊာကိုအသုံးျပဳကာ တာရွည္ခံေသာ အုတ္မ်ား ကိုတည္ေဆာက္ၿပီး လကမာၻ၏ ၾကမ္းတမ္းေသာ ပတ္ ဝန္းက်င္တြင္ ရွင္သန္ႏိုင္သည့္ ခိုင္မာေသာဖြဲ႕စည္းပုံ မ်ားအျဖစ္ တပ္ဆင္ရန္အတြက္ စက္႐ုပ္စနစ္မ်ားကို အသုံးျပဳရန္ GRU Spaceကုမၸဏီက စီစဥ္ထား ေၾကာင္းသိရသည္။
GRU Space ကုမၸဏီသည္ ကမာၻ႔ပထမ ဆုံး လကမာၻဟိုတယ္ တည္ေဆာက္ျခင္းကို (၂၀၂၉)ခုႏွစ္တြင္ စတင္ရန္ေမွ်ာ္လင့္ေနၿပီး စည္းမ်ဥ္းစည္း ကမ္းဆိုင္ရာ ခြင့္ျပဳခ်က္မ်ားကို ေစာင့္ဆိုင္းလ်က္ရွိ ေၾကာင္းသိရသည္။ စကိုင္လာခ်န္က " ကြၽန္ေတာ္တို႔ ဟာ မေသဆုံးခင္ကာလမွာ ၿဂိဳဟ္ေတြတစ္ခုနဲ႔တစ္ခုၾကားသြားလာႏိုင္မယ့္ အလားအလာရွိတဲ့ အတက္ အက်ကာလမွာ ေနထိုင္ေနရတာပါ။ ဒီပေရာဂ်က္က သာေအာင္ျမင္ခဲ့ရင္ ဘီလ်ံနဲ႔ခ်ီတဲ့လူသားေတြဟာ လကမာၻနဲ႔ အဂၤါၿဂိဳဟ္ေပၚမွာ ေမြးဖြားလာၾကမွာျဖစ္ၿပီး အျခားၿဂိဳဟ္ေတြရဲ႕ အလွတရားကို ခံစားႏိုင္မွာပဲျဖစ္ ပါတယ္" ဟုထုတ္ေဖာ္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.