စစ်ကိုင်းတိုင်းမှ သကြားစက်ရုံ ဝယ်ဈေး ကြံတစ်တန် (၁) သိန်းကျော် ပေါက်ဈေးနှင့်ပတ်သက်၍ အဆင်ပြေစေရန် ဆောင်ရွက်နေ

 219

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁ဝ

ကြံစိုက်သူများကိုအခက်တွေ့စေခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)ရှိ သကြားစက်ရုံ များ၏ ကြံတစ်တန် ကျပ်(၁)သိန်းကျော်ပေါက်ဈေးနှင့် ပတ်သက်၍ ရက်ပိုင်းအတွင်း အဆင်ပြေရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ အတွင်းရေး မှူး ဦးစိန်ထွန်းက NP News သို့ ပြောသည်။
လက်ရှိ ကြံရာသီတွင် ရှမ်းပြည်နှင့်ပဲခူးတိုင်းအတွင်းရှိ သကြားစက်များအပါအဝင် အခြားသော ဒေသများရှိ သကြားစက်များက စက်ရုံအရောက် ကြံတစ်တန်ဈေးနှုန်း (၁၈ယဝဝဝ၀)ကျပ်အထိ ပေါက် ဈေးရှိခဲ့သော်လည်း စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ သကြားစက်များအနေဖြင့် တွက်ချေမကိုက်သည်ဟုဆို ကာ ကြံအဝယ်ရပ်နားထားခဲ့ကြောင်းသိရသည်။
သို့သော် ဒေသတွင်းကြံစိုက်ပျိုးသူများနှင့် ညှိနှိုင်းမှုများလုပ်ဆောင်ကာ စက်ရုံအရောက် ကြံတစ် တန်ဈေးနှုန်း (၁၀,၅၀ဝဝ)ကျပ်မှ (၁၁,ဝဝဝ၀) ကျပ် ဈေးဖွင့်ခဲ့ရာမှ ကြံစိုက်တောင်သူများအနေဖြင့် အရှုံး ဈေးကြုံတွေ့နေရကြောင်း ကြံစိုက်တောင်သူတစ်ဦးက ဆိုသည်။
“စက်ရုံကဈေးမပေးမှတော့ နာတာက တောင်သူဖြစ်နေတာ။ စက်ရုံကလည်း မကိုက်လို့ မပေး နိုင်တာလို့ ညည်းပြနေကြတာ”ဟု အထက်ပါ ကြံစိုက်တောင်သူက ပြောသည်။ ထို့ပြင် လက်ရှိအခြေ အနေနှင့်ပတ်သက်၍ သကြားစက်များနှင့် ကြံစိုက်တောင်သူများအကြား ဆက်လက်ညှိနှိုင်းနေသည့် အပြင် မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကလည်း ဝင်ရောက်ဆွေးနွေး နေပြီး မကြာခင်ရက်ပိုင်းအတွင်း အဆင်ပြေလာနိုင်ကြောင်း ဦးစိန်ထွန်းက ဆိုသည်။
“အခုလောလာဆယ်ဆယ်တော့ မှတ်ချက်မပြုချင်သေးပါဘူး။ ဒီရက်ပိုင်းအဆင်ပြေသွားမယ် ဆိုရင်တော့ ကျွန်တော်ပြောပြပေးပါမယ်။ ရက်ပိုင်းအတွင်းအဆင်ပြေနိုင်မယ်။ အဲဒီဒေသကတော့ စက် လည်ရမယ့်အချိန်ရောက်ပြီ မလည်နိုင်သေးလို့ပါ” ဟု ဦးစိန်ထွန်းကဆိုသည်။ ကြံစိုက်တောင်သူများ အနေဖြင့် ကြံခုတ်ရာသီရောက်ရှိကာ သကြားစက် အရောက်ပို့ဈေး ကျပ်(၁၅,ဝဝဝ၀)ရရှိရန်တောင်းဆို ထားကြောင်းလည်း ဒေသခံကြံစိုက်တောင်သူများက ဆိုသည်။
“ကျွန်တော်တို့ကတော့ (၁၃၀ဝဝဝ)နဲ့ (၁၅,ဝဝဝ၀)ကြားရရင်အဆင်ပြေပါတယ်။ အဲဒီလိုဆိုရင် လည်း နှစ်ဖက်အဆင်ပြေပြီး နစ်နာမှုအနည်းဆုံး ဖြစ်မယ်လို့ထင်တယ်”ဟု စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ကြံစိုက်တောင်သူကပြောသည်။
အလားတူ အချို့သောဒေသများတွင် ကြံခုတ်၊ ကြံတင်လုပ်သားရှားပါးခြင်းများနှင့်လည်းရင် ဆိုင်နေရပြီး အခင်းပြတ်ငှားရမ်းခြင်းများကြောင့် အရှုံးနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
အထက်ပါအခက်အခဲများအပြင် လမ်းပန်းဆက်သွယ်ရေးနှင့် သကြားစက်များအတွက် လိုအပ် သည့်သွင်းအားစုများလည်း ရွေးကောက်ပွဲအပြီး ကာလရောက်ရှိလာသည့်အတွက် အလွယ်တကူ ပြန် လည်ရရှိနိုင်သည့်အခါ ကြံဈေးကောင်းလာနိုင်ကြောင်းလည်း ဦးစိန်ထွန်းကဆိုသည်။
“ရွေးကောက်ပွဲပြီးသွားပြီဆိုရင်တော့ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းသွားမယ်။ Import သွင်းကုန်ပစ္စည်းတွေ စက်လည်တဲ့အခါမှာ လိုအပ်တဲ့ Chemicals ပစ္စည်းတွေတို့ လိုအပ်တဲ့ ဒီဇယ်လို လောင်စာလိုဟာမျိုးတွေက အလွယ်တကူ ဖြစ်သွားပြီဆိုရင်တော့ အဲဒီဒေသတွေက ကြံဈေးတွေ လည်း ကောင်းလာပြီးတော့ သကြားဈေးကတော့ နိုင်ငံတကာနဲ့ယှဉ်ပြီးတော့ ရောင်းဝယ်နေရတာဆိုတော့ ကြံဈေးတွကောင်းလာနိုင်ပါတယ်” ဟု ဦးစိန်ထွန်းက ပြောသည်။

Zawgyi Version;
စစ္ကိုင္းတိုင္းမွ သၾကားစက္႐ုံ ဝယ္ေဈး ႀကံတစ္တန္ (၁) သိန္းေက်ာ္ ေပါက္ေဈးႏွင့္ပတ္သက္၍ အဆင္ေျပေစရန္ ေဆာင္႐ြက္ေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁ဝ
ႀကံစိုက္သူမ်ားကိုအခက္ေတြ႕ေစခဲ့သည့္ စစ္ကိုင္းတိုင္းေဒသႀကီး(အထက္ပိုင္း)ရွိ သၾကားစက္႐ုံ မ်ား၏ ႀကံတစ္တန္ က်ပ္(၁)သိန္းေက်ာ္ေပါက္ေဈးႏွင့္ ပတ္သက္၍ ရက္ပိုင္းအတြင္း အဆင္ေျပရန္ ေဆာင္႐ြက္ေနေၾကာင္း ျမန္မာႏိုင္ငံ သၾကားႏွင့္ ႀကံထြက္ပစၥည္းလုပ္ငန္းရွင္မ်ားအသင္းမွ အတြင္းေရး မႉး ဦးစိန္ထြန္းက NP News သို႔ ေျပာသည္။
လက္ရွိ ႀကံရာသီတြင္ ရွမ္းျပည္ႏွင့္ပဲခူးတိုင္းအတြင္းရွိ သၾကားစက္မ်ားအပါအဝင္ အျခားေသာ ေဒသမ်ားရွိ သၾကားစက္မ်ားက စက္႐ုံအေရာက္ ႀကံတစ္တန္ေဈးႏႈန္း (၁၈ယဝဝဝ၀)က်ပ္အထိ ေပါက္ ေဈးရွိခဲ့ေသာ္လည္း စစ္ကိုင္းတိုင္းအထက္ပိုင္းရွိ သၾကားစက္မ်ားအေနျဖင့္ တြက္ေခ်မကိုက္သည္ဟုဆို ကာ ႀကံအဝယ္ရပ္နားထားခဲ့ေၾကာင္းသိရသည္။
သို႔ေသာ္ ေဒသတြင္းႀကံစိုက္ပ်ိဳးသူမ်ားႏွင့္ ညႇိႏႈိင္းမႈမ်ားလုပ္ေဆာင္ကာ စက္႐ုံအေရာက္ ႀကံတစ္ တန္ေဈးႏႈန္း (၁၀,၅၀ဝဝ)က်ပ္မွ (၁၁,ဝဝဝ၀) က်ပ္ ေဈးဖြင့္ခဲ့ရာမွ ႀကံစိုက္ေတာင္သူမ်ားအေနျဖင့္ အရႈံး ေဈးႀကဳံေတြ႕ေနရေၾကာင္း ႀကံစိုက္ေတာင္သူတစ္ဦးက ဆိုသည္။
“စက္႐ုံကေဈးမေပးမွေတာ့ နာတာက ေတာင္သူျဖစ္ေနတာ။ စက္႐ုံကလည္း မကိုက္လို႔ မေပး ႏိုင္တာလို႔ ညည္းျပေနၾကတာ”ဟု အထက္ပါ ႀကံစိုက္ေတာင္သူက ေျပာသည္။ ထို႔ျပင္ လက္ရွိအေျခ အေနႏွင့္ပတ္သက္၍ သၾကားစက္မ်ားႏွင့္ ႀကံစိုက္ေတာင္သူမ်ားအၾကား ဆက္လက္ညႇိႏႈိင္းေနသည့္ အျပင္ ျမန္မာႏိုင္ငံ သၾကားႏွင့္ ႀကံထြက္ပစၥည္းလုပ္ငန္းရွင္မ်ားအသင္းကလည္း ဝင္ေရာက္ေဆြးေႏြး ေနၿပီး မၾကာခင္ရက္ပိုင္းအတြင္း အဆင္ေျပလာႏိုင္ေၾကာင္း ဦးစိန္ထြန္းက ဆိုသည္။
“အခုေလာလာဆယ္ဆယ္ေတာ့ မွတ္ခ်က္မျပဳခ်င္ေသးပါဘူး။ ဒီရက္ပိုင္းအဆင္ေျပသြားမယ္ ဆိုရင္ေတာ့ ကြၽန္ေတာ္ေျပာျပေပးပါမယ္။ ရက္ပိုင္းအတြင္းအဆင္ေျပႏိုင္မယ္။ အဲဒီေဒသကေတာ့ စက္ လည္ရမယ့္အခ်ိန္ေရာက္ၿပီ မလည္ႏိုင္ေသးလို႔ပါ” ဟု ဦးစိန္ထြန္းကဆိုသည္။ ႀကံစိုက္ေတာင္သူမ်ား အေနျဖင့္ ႀကံခုတ္ရာသီေရာက္ရွိကာ သၾကားစက္ အေရာက္ပို႔ေဈး က်ပ္(၁၅,ဝဝဝ၀)ရရွိရန္ေတာင္းဆို ထားေၾကာင္းလည္း ေဒသခံႀကံစိုက္ေတာင္သူမ်ားက ဆိုသည္။
“ကြၽန္ေတာ္တို႔ကေတာ့ (၁၃၀ဝဝဝ)နဲ႔ (၁၅,ဝဝဝ၀)ၾကားရရင္အဆင္ေျပပါတယ္။ အဲဒီလိုဆိုရင္ လည္း ႏွစ္ဖက္အဆင္ေျပၿပီး နစ္နာမႈအနည္းဆုံး ျဖစ္မယ္လို႔ထင္တယ္”ဟု စစ္ကိုင္းတိုင္းအထက္ပိုင္းမွ ႀကံစိုက္ေတာင္သူကေျပာသည္။
အလားတူ အခ်ိဳ႕ေသာေဒသမ်ားတြင္ ႀကံခုတ္၊ ႀကံတင္လုပ္သားရွားပါးျခင္းမ်ားႏွင့္လည္းရင္ ဆိုင္ေနရၿပီး အခင္းျပတ္ငွားရမ္းျခင္းမ်ားေၾကာင့္ အရႈံးႏွင့္ရင္ဆိုင္ေနရေၾကာင္း သိရသည္။
အထက္ပါအခက္အခဲမ်ားအျပင္ လမ္းပန္းဆက္သြယ္ေရးႏွင့္ သၾကားစက္မ်ားအတြက္ လိုအပ္ သည့္သြင္းအားစုမ်ားလည္း ေ႐ြးေကာက္ပြဲအၿပီး ကာလေရာက္ရွိလာသည့္အတြက္ အလြယ္တကူ ျပန္ လည္ရရွိႏိုင္သည့္အခါ ႀကံေဈးေကာင္းလာႏိုင္ေၾကာင္းလည္း ဦးစိန္ထြန္းကဆိုသည္။
“ေ႐ြးေကာက္ပြဲၿပီးသြားၿပီဆိုရင္ေတာ့ လမ္းပန္းဆက္သြယ္ေရးေတြ ေကာင္းသြားမယ္။ Import သြင္းကုန္ပစၥည္းေတြ စက္လည္တဲ့အခါမွာ လိုအပ္တဲ့ Chemicals ပစၥည္းေတြတို႔ လိုအပ္တဲ့ ဒီဇယ္လို ေလာင္စာလိုဟာမ်ိဳးေတြက အလြယ္တကူ ျဖစ္သြားၿပီဆိုရင္ေတာ့ အဲဒီေဒသေတြက ႀကံေဈးေတြ လည္း ေကာင္းလာၿပီးေတာ့ သၾကားေဈးကေတာ့ ႏိုင္ငံတကာနဲ႔ယွဥ္ၿပီးေတာ့ ေရာင္းဝယ္ေနရတာဆိုေတာ့ ႀကံေဈးတြေကာင္းလာႏိုင္ပါတယ္” ဟု ဦးစိန္ထြန္းက ေျပာသည္။

Related news

© 2021. All rights reserved.