အီရန်က ရုရှားနိုင်ငံထုတ် အသံထက်မြန်သောတိုက်လေယာဉ်ကို ဝယ်ယူဖွယ်ရှိနေဟု သတင်းများထွက်ပေါ်

 465

ဂျန်ဇက်(NP News)ဖေဖော်ဝါရီ ၁၁
ရုရှားအစိုးရက ၎င်းတို့သည် Su-57 အမျိုးအစားတိုက်လေယာဉ်ကို ရောင်းချရန် စာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက်အီရန်နိုင်ငံသည် အဆိုပါတိုက်လေယာဉ်ကို ဝယ်ယူရန်အလားလာအကောင်းဆုံးနိုင်ငံဖြစ်နေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိနေသည်။
အီရန်သည် စစ်အေးခေတ်ကာလအတွင်းအသုံးပြုခဲ့ပြီး သက်တမ်းရင့်နေသော စစ်ဘက်သုံး လေယာဉ်များကိုအစားထိုးရန်အတွက် ရုရှားနိုင်ငံထုတ် လေယာဉ်ကို ဝယ်ယူရန် အလားလာများနေကြောင်း သိရသည်။အီရန်နိုင်ငံသည် အဆိုပါရုရှား တိုက်လေယာဉ်ကို ဝယ်ယူမည်ဆိုလျှင်ဒေသအတွင်း လေကြောင်းသာလွန်မှု အင်အားချိန်ခွင်လျာကိုအပြောင်းအလဲလုပ်ဆောင်လာဖွယ်ရှိနေကြောင်းသိရသည်။
ရုရှားကုန်သွယ်ရေးဝန်ကြီးသည် Su-57 အမျိုးအစားတိုက်လေယာဉ်ကို ရောင်းချရန် လက်မှတ်ရေးထိုးခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော်လည်းနိုင်ငံကိုအတိအကျပြောဆိုခြင်းမရှိခဲ့ရာအီရန်နိုင်ငံဖြစ်ရန်အလားလာများနေသည်ဟု သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။ရုရှားကုန်သွယ်ရေးဝန်ကြီးက '' Su-57 အမျိုးအစားတိုက်လေယာဉ်ကိုစိတ်ဝင်စားမှု အများကြီးရှိပြီး စာချုပ်တချို့ကိုလည်း ချုပ်ဆိုပြီးပါပြီ။ အသေးစိတ်ကိုတော့ ကျွန်တော် ထုတ်ဖော်ပြောကြားလို့မရပါဘူး ကျွန်တော်တို့ မကြာသေးခင်က Su-57E ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့အကောင်းဆုံး လေယာဉ်တွေထဲက တစ်ခုဖြစ်ပြီး လက်ရှိမှာ အကောင်းဆုံးလည်း ဖြစ်နိုင်ပါတယ်။ တိုက်ပွဲမှာလည်း စမ်းသပ်ပြီးသားပါ” ဟုပြောသည်။Su-57 အမျိုးအစားတိုက်လေယာဉ်သည် ပဉ္စမမျိုးဆက်တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး လေယာဉ်မှူးတစ်ဦးမောင်းနှင်ကာ အသံထက်မြန်သောမြန်နှုန်းဖြင့်ပျံသန်းနိုင်ဖွယ်ရှိနေကြောင်းသိရသည်။အီရန်နိုင်ငံသည် ၂၀၂၈ခုနှစ်တွင် ရုရှားနိုင်ငံ Su-57 အမျိုးအစားတိုက်လေယာဉ် ၁၂ စင်းကို လက်ခံရရှိဖွယ်ရှိနေသည်ဟု သတင်းများလည်းထွက်ပေါ်နေသည်

Zawgyi Version:
အီရန္က ႐ုရွားႏိုင္ငံထုတ္ အသံထက္ျမန္ေသာတိုက္ေလယာဥ္ကို ဝယ္ယူဖြယ္ရွိေနဟု သတင္းမ်ားထြက္ေပၚ
ဂ်န္ဇက္(NP News)ေဖေဖာ္ဝါရီ ၁၁
႐ုရွားအစိုးရက ၎တို႔သည္ Su-57 အမ်ိဳးအစားတိုက္ေလယာဥ္ကို ေရာင္းခ်ရန္ စာခ်ဳပ္လက္မွတ္ေရးထိုးခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ၿပီးေနာက္အီရန္ႏိုင္ငံသည္ အဆိုပါတိုက္ေလယာဥ္ကို ဝယ္ယူရန္အလားလာအေကာင္းဆုံးႏိုင္ငံျဖစ္ေနသည္ဟု သတင္းမ်ားထြက္ေပၚလ်က္ရွိေနသည္။ အီရန္သည္ စစ္ေအးေခတ္ကာလအတြင္းအသုံးျပဳခဲ့ၿပီး သက္တမ္းရင့္ေနေသာ စစ္ဘက္သုံး ေလယာဥ္မ်ားကိုအစားထိုးရန္အတြက္ ႐ုရွားႏိုင္ငံထုတ္ ေလယာဥ္ကို ဝယ္ယူရန္ အလားလာမ်ားေနေၾကာင္း သိရသည္။အီရန္ႏိုင္ငံသည္ အဆိုပါ႐ုရွား တိုက္ေလယာဥ္ကို ဝယ္ယူမည္ဆိုလွ်င္ေဒသအတြင္း ေလေၾကာင္းသာလြန္မႈ အင္အားခ်ိန္ခြင္လ်ာကိုအေျပာင္းအလဲလုပ္ေဆာင္လာဖြယ္ရွိေနေၾကာင္း
သိရသည္။ ႐ုရွားကုန္သြယ္ေရးဝန္ႀကီးသည္ Su-57 အမ်ိဳးအစားတိုက္ေလယာဥ္ကို ေရာင္းခ်ရန္ လက္မွတ္ေရးထိုးခဲ့သည္ဟု ထုတ္ေဖာ္ေျပာဆိုခဲ့ေသာ္လည္းႏိုင္ငံကိုအတိအက်ေျပာဆိုျခင္းမရွိခဲ့ရာအီရန္ႏိုင္ငံျဖစ္ရန္အလားလာမ်ားေနသည္ဟု သတင္းမ်ားထြက္ေပၚေနျခင္းျဖစ္သည္။႐ုရွားကုန္သြယ္ေရးဝန္ႀကီးက '' Su-57 အမ်ိဳးအစားတိုက္ေလယာဥ္ကိုစိတ္ဝင္စားမႈ အမ်ားႀကီးရွိၿပီး စာခ်ဳပ္တခ်ိဳ႕ကိုလည္း ခ်ဳပ္ဆိုၿပီးပါၿပီ။ အေသးစိတ္ကိုေတာ့ ကြၽန္ေတာ္ ထုတ္ေဖာ္ေျပာၾကားလို႔မရပါဘူး ကြၽန္ေတာ္တို႔ မၾကာေသးခင္က Su-57E ကို ထုတ္ေဖာ္ျပသခဲ့ပါတယ္။ ဒါဟာ ကမာၻ႔အေကာင္းဆုံး ေလယာဥ္ေတြထဲက တစ္ခုျဖစ္ၿပီး လက္ရွိမွာ အေကာင္းဆုံးလည္း ျဖစ္ႏိုင္ပါတယ္။ တိုက္ပြဲမွာလည္း စမ္းသပ္ၿပီးသားပါ” ဟုဟုေျပာသည္။Su-57 အမ်ိဳးအစားတိုက္ေလယာဥ္သည္ ပၪၥမမ်ိဳးဆက္တိုက္ေလယာဥ္အမ်ိဳးအစားျဖစ္ၿပီး ေလယာဥ္မႉးတစ္ဦးေမာင္းႏွင္ကာ အသံထက္ျမန္ေသာျမန္ႏႈန္းျဖင့္ပ်ံသန္းႏိုင္ဖြယ္ရွိေနေၾကာင္းသိရသည္။အီရန္ႏိုင္ငံသည္ ၂၀၂၈ခုႏွစ္တြင္ ႐ုရွားႏိုင္ငံ Su-57 အမ်ိဳးအစားတိုက္ေလယာဥ္ ၁၂ စင္းကို လက္ခံရရွိဖြယ္ရွိေနသည္ဟု သတင္းမ်ားလည္းထြက္ေပၚေနသည္

Related news

© 2021. All rights reserved.