ဟွိုင်အန်းမြို့အကြောင်း

307

Pika (NP News) - ဖေဖော်ဝါရီ ၁၄
ဟွိုင်အန်းမြို့သည် ဗီယက်နမ်ပြည်နယ် အလယ်ပိုင်းရှိ ကွမ်နန်ပြည်နယ်၏ မြို့ဟောင်း တစ်ခု ဖြစ်ပြီး မီးပုံးထွန်းထားသောလမ်းများ၊ အဝါရောင်အဆောက်အအုံများနှင့် အပ်ချုပ်ဆိုင်များကြောင့် ထင်ရှားကျော်ကြားသော ဟွိုင်အန်းရှေး ဟောင်းမြို့ကို (၁၉၉၉)ခုနှစ်မှစတင်ကာ ယူနက်စကို၏ ကမ္ဘာ့ အမွေအနှစ်နေရာတစ်ခုအဖြစ်သတ်မှတ်ခဲ့ကြောင်းသိရသည်။ ဟွိုင်အန်းမြို့သည် (၁၅)ရာစုမှ (၁၉)ရာစု အထိ အရှေ့တောင်အာရှတွင်ထွန်းကားခဲ့သော ကုန်သွယ်ရေးဆိပ်ကမ်းနေ ရာတစ်ခုဖြစ်ခဲ့ကြောင်းလည်း သိရသည်။ ဗီယက်နမ်၏ (၂၀၂၅)ခုနှစ် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများမတိုင်မီအချိန်အထိ ဟွိုင်အန်း မြို့သည် ကွမ်နန်ပြည်နယ်၏ အဆင့်(၃) ပြည်နယ်မြို့တော်ဖြစ်ခဲ့ကာ ဗီယက်နမ်၏ တိုက်ရိုက်ထိန်းချုပ် ထားသော မြူနီစီပယ်ဖြစ်သည့် ဒါနန်မြို့နှင့်ပေါင်းစည်းခဲ့ကြောင်း သိရသည်။ ထို့ပြင် (၂၀၂၃)ခုနှစ်တွင် ဟွိုင်အန်းမြို့ကို ယူနက်စကို၏ဖန်တီးမှုမြို့များကွန်ရက်ထဲတွင် ထည့်သွင်းခဲ့ကြောင်းသိရသည်။ ဟွိုင် အန်းမြို့၏ အဆောက်အအုံများနှင့်လမ်းပုံစံသည် ဌာနေ ဗီယက်နမ်နှင့် နိုင်ငံခြားလွှမ်းမိုးမှုများ ရောနှော နေသည်ကိုထင်ဟပ်စေပြီး မြို့အတွင်းရှိ ထင်ရှားသောနေရာတစ်ခုမှာ (၁၆)ရာစုနှင့် (၁၇)ရာစုအတွင်း တည်ဆောက်ခဲ့သော ဂျပန်တံတားဖြစ်ကြောင်းလည်းသိရသည်။
အမွေအနှစ်နှင့် ခရီးသွားလုပ်ငန်း
ဟွိုင်အန်းမြို့သည် (၁၅)ရာစုမှ(၁၉) ရာစုအတွင်း အရှေ့တောင်အာရှတွင်ထွန်းကားခဲ့သော ကောင်းမွန်စွာထိန်းသိမ်းထားသည့် ကုန် သွယ်ရေးဆိပ်ကမ်းတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပြီး ဒေသတွင်း နှင့်ပြည်ပလွှမ်းမိုးမှုများ ရောနှောပါဝင်သည့် အဆောက်အအုံများရှိကြောင်းလည်းသိရသည်။ (၂၀ဝ၈) ခုနှစ်တွင်ထုတ်ပြန်ခဲ့သော ယူနက်စကို၏ ဟွိုင်အန်းမြို့အပေါ်သက်ရောက်မှု အစီရင်ခံစာအရ ခရီးသွား လုပ်ငန်းမှအမွေအနှစ်များကို ကာကွယ်ရန် အာဏာပိုင်များအတွက် စိန်ခေါ်မှုများ ရှိလာခဲ့ကြောင်းသိရ သည်။
ဟွိုင်အန်းမြို့သို့လာရောက်လည်ပတ်သော ခရီးသွားအရေအတွက်များပြားလာမှုနှင့် အတူ ခရီး သွားဧည့်သည်များသည် ရှေးဟောင်းရပ်ကွက်များကို လည်ပတ်ခြင်းတင်မဟုတ်ဘဲ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ကနူးလှေ သို့မဟုတ် မော်တော်ဘုတ်များဖြင့် စူးစမ်းလေ့လာခြင်းတို့ကဲ့သို့သောလှုပ်ရှားမှုများ လည်း ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ သူဘွန်မြစ်သည် စတင်ရှာဖွေတွေ့ရှိပြီးနောက် နှစ်ပေါင်း (၅၀ဝ) ကျော်အကြာအထိ ဟွိုင်အန်းမြို့၏ အစားအစာထုတ်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် မရှိမဖြစ်လိုအပ်နေသည့်ပုံစံ တစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်းသိရသည်။
(၁၅)ရာစုနှောင်းပိုင်း သို့မဟုတ် (၁၆)ရာစုအစောပိုင်းက သင်္ဘောပျက်တစ်ခုဖြစ်သော ဟွိုင်အန်း သင်္ဘောပျက်ကို (၁၉၉၀)ပြည့်နှစ်တွင် မြို့၏ကမ်းလွန် ချန်းကျွန်းစုများအနီးတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ (၁၉၉၆)ခုနှစ်မှာ (၁၉၉၉)ခုနှစ်ကြားတွင် ဗီယက်နမ် အမျိုးသား ဆယ်ယူရေးကော်ပိုရေးရှင်း နှင့် အောက်စဖို့ဒ်တက္ကသိုလ်၏ ရေကြောင်း ရှေးဟောင်းသုတေသနဌာနခွဲအပါအဝင် တူးဖော်ရေး အဖွဲ့ များက ရှေးဟောင်းပစ္စည်းသုံးသိန်းနီးပါးကို အဆိုပါသင်္ဘောပျက်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရ သည်။
ဟွိုင်အန်းမြို့၏ နောက်ထပ်ခရီးသွားဆွဲဆောင်မှုနေရာတစ်ခုမှာ လပြည့်နေ့တိုင်းကျင်းပသည့် ဟွိုင်အန်းမီးအိမ်လပြည့်နေ့ပွဲတော်ဖြစ်ပြီး ဘိုးဘွားများကို ဂုဏ်ပြုသည့်ပွဲတော်တစ်ခုလည်းဖြစ်သည်။ အဆိုပါ ပွဲတော်တွင် လူများက ကြွယ်ဝချမ်းသာမှုနှင့် ကံကောင်းခြင်းတို့အတွက် ပန်းများ၊ မီးအိမ်များ၊ ဖယောင်းတိုင်များနှင့် သစ်သီးများကို လဲလှယ်ခြင်းများပြုလုပ်ကြကြောင်းသိရသည်။
ထို့ပြင် ဟွိုင်အန်းမြို့၏ Impression Theme ပန်းခြံတွင်ကျင်းပသည့် ဟွိုင်အန်းမြို့အမှတ်တရ ပြပွဲသည် မြို့၏နှစ်ပေါင်း(၄၀ဝ)ကျော်သမိုင်းကြောင်းကိုပြသသည့် ကြီးမားသောပြဇာတ်ဖျော်ဖြေမှု တစ် ခုလည်းဖြစ်သည်။ အဆိုပါပွဲတော်အတွင်း လူပေါင်း(၅၀ဝ)ကျော်သည် စတုရန်းမီတာ (၂၅၀ဝဝ) ကျယ် ဝန်းသောစင်မြင့်ပေါ်တွင် ကျေးလက်ရွာလေးတစ်ရွာမှ အရှေ့တောင်အာရှ၏ အဓိက ကုန်သွယ်ရေး ဆိပ် ကမ်းတစ်ခုအဖြစ် ဟွိုင်အန်းမြို့က အသွင်ပြောင်းလဲလာပုံကို သရုပ်ဖော်ကပြကြကြောင်းသိရသည်။
(၂၀၁၉)ခုနှစ်တွင် ဟွိုင်အန်းမြို့သည် ဗီယက်နမ်၏ အဓိကယဉ်ကျေးမှုအခြေခံခရီးသွားဒေသများ ထဲမှတစ်ခုအဖြစ် စာရင်းသွင်းခံခဲ့ရပြီး ခရီးသွားလုပ်ငန်းကြီးထွားလာမှုသည် မြို့၏ ရေရှည်တည်တံ့ခိုင် မြဲမှုကို ခြိမ်းခြောက်နေကြောင်းသိရသည်။ အတိတ်ကာလများအတွင်း ကြီးထွားလာခဲ့သော ခရီးသွား လုပ်ငန်းကြောင့် ချန်ကျွန်းစု-ဟွိုင်အန်း ရေကြောင်းဆိုင်ရာကာကွယ်ထားသောဧရိယာ၏ ဂေဟ စနစ်ကို ထိခိုက်ပျက်စီးစေခဲ့ကြောင်းလည်းသိရသည်။
ဗိသုကာလက်ရာ အထင်ကရနေရာများ
ဟွိုင်အန်းမြို့တွင် ကိုလိုနီခေတ်အတွင်းရှိ အဆောက်အအုံများစွာရှိသော်လည်း မြို့သည် ၎င်း၏ သမိုင်းဝင် တိုးတက်မှုနှင့်ကျဆင်းမှုကို ထင်ဟပ်စေသည့်အထင်ကရနေရာများကိုထိန်းသိမ်းထားကြောင်း သိရသည်။ (၁၆)ရာစုမှ(၁၈)ရာစုအစောပိုင်းအထိ ဟွိုင်အန်းမြို့တွင်းရှိ အဆောက်အအုံအများစုကို ဆိပ် ကမ်းများ၊ ရေတွင်းများ၊ တံတားများ၊ ဂူဗိမာန်များ၊ ဘုရားကျောင်းများနှင့် ဈေးဆိုင်တို့ကဲ့သို့သော လက် တွေ့ကျသည့်ရည်ရွယ်ချက်များအတွက် အသုံးပြုခဲ့သည်။ (၁၈)ရာစုမှစတင်ကာ ဆိပ်ကမ်းလုပ်ငန်းများ ကျဆင်းလာသည်နှင့်အမျှ ကွန်ဖြူးရှပ်ဘုရားကျောင်းများ၊ ယဉ်ကျေးမှုနေရာများ၊ ရိုးရာနေအိမ်များနှင့် ဘုရားကျောင်းများသည် ပိုမိုထင်ရှားလာခဲ့ကြောင်းလည်းသိရသည်။ (၂၀ဝဝ)ပြည့်နှစ် ဒီဇင်ဘာလအထိ ဟွိုင်အန်းမြို့၏ ကမ္ဘာအမွေအနှစ်နေရာတွင် ရှေးဟောင်းပစ္စည်းစုစုပေါင်း(၁၃၆၀)ခုပါဝင်ခဲ့ပြီး ရှေး ဟောင်းရိုးရာအိမ်(၁၀၆၈)လုံး၊ ရေတွင်း(၁၁)လုံး၊ ဝတ်ပြုရာနေရာ(၃၈)ခု၊ စေတီ(၁၉)ခု၊ ဘုရားကျောင်း (၄၃)ခု၊ အထူးဂူဗိမာန်(၄၄)ခုနှင့် တံတား တစ်စင်းတို့ဖြစ်ကာ အများစုမှာ ဟွိုင်အန်း ရှေး ဟောင်းမြို့တွင်း တွင် တည်ရှိကြောင်းသိရသည်။
ဟွိုင်အန်းရှေးဟောင်းမြို့
ဟွိုင်အန်းမြို့ မင်အန်းရပ်ကွက်တွင်တည်ရှိသော ရှေးဟောင်းမြို့သည် စစ်တုရင်ခုံပုံစံကဲ့သို့ တိုတို နှင့်ကွေ့ကောက်သောလမ်းများဖြင့် ဖွဲ့စည်းထားကာ (၂)စတုရန်းကီလိုမီတာခန့် ကျယ်ဝန်းကြောင်း သိရ သည်။ ရှေးဟောင်းမြို့၏ မြစ်ကမ်းနံဘေးတွင် Bạch Đằng လမ်းရှိပြီး Nguyễn Thái Học နှင့် Trần Phú လမ်းများသည် ဂျပန်တံတားမှတစ်ဆင့် Nguyễn Thị Minh Khai လမ်းနှင့်ဆက်သွယ်ထားသည်။ ရှေး ဟောင်းမြို့၏ မြေမျက်နှာသွင်ပြင်သည် မြောက်မှတောင်သို့ အနည်းငယ်တိမ်းစောင်းနေပြီး Nguyễn Huệ? Lê Lợi? Hoàng Văn Thụ နှင့် Trần Quý Cáp ကဲ့သို့သောလမ်းများသည် ကုန်းတွင်းပိုင်းသို့ အနည်းငယ်စောင်းနေကြောင်းသိရသည်။
Trần Phú လမ်းတွင် တရုတ်လူထုခန်းမ (၅)ခုအပါအဝင် ဗိသုကာလက်ရာများစွာရှိကြောင်း သိရသည်။ Trần Phú နှင့် Nguyễn Huệ လမ်းထောင့်တွင် Minh Hương ဗိသုကာလက်ရာ၏ ထင်ရှား သော အမှတ်အသားတစ်ခုဖြစ်သည့် Quan Công ဘုရားကျောင်းလည်းရှိသည်။အနီး အနားတွင် ဟွိုင် အန်းသမိုင်းနှင့်ယဉ်ကျေးမှုပြတိုက်လည်းရှိပြီး Sa Huỳnh ယဉ်ကျေးမှုပြတိုက်၊ ကုန်သွယ်ရေး ကြွေထည် ပြတိုက်တို့နှင့် ချိတ်ဆက်မှုများလုပ်ဆောင်ထားကြောင်းသိရသည်။ ဂျပန်တံတား အလွန်ရှိ Nguyễn Thị Minh Khai လမ်းတွင် အနီရောင်အုတ်ဘေးလမ်းများပါရှိသော ရိုးရာနေအိမ်များရှိပြီး Nguyễn Thái Học လမ်း၏အနောက်ဘက်ခြမ်းတွင် ပြင်သစ်ပုံစံမျက်နှာစာများ ရှိကာ အရှေ့ဘက်ခြမ်းတွင် နှစ်ထပ်အိမ်ကြီး များပါရှိသော စည်းကားသည့်ဈေးဝယ်စင်တာတစ်ခုပါရှိကြောင်းသိရသည်။ ဟွိုင်အန်းရှေးဟောင်းမြို့ အ ရှေ့ဘက်ရှိ ပြင်သစ်ရပ်ကွက်တွင် Phan Bội Châu လမ်းရှိ တစ်ထပ်တိုက်ဥရောပပုံစံနေအိမ်များ ပါဝင် ပြီး တစ်ချိန်က ကိုလိုနီအစိုးရဝန်ထမ်းများ နေထိုင်ရာ အဆောင်များအဖြစ်အသုံးပြုခဲ့ကြောင်းသိရသည်။

Zawgyi Version;
ဟြိဳင္အန္းၿမိဳ႕အေၾကာင္း
Pika (NP News) - ေဖေဖာ္ဝါရီ ၁၄
ဟြိဳင္အန္းၿမိဳ႕သည္ ဗီယက္နမ္ျပည္နယ္ အလယ္ပိုင္းရွိ ကြမ္နန္ျပည္နယ္၏ ၿမိဳ႕ေဟာင္း တစ္ခု ျဖစ္ၿပီး မီးပုံးထြန္းထားေသာလမ္းမ်ား၊ အဝါေရာင္အေဆာက္အအုံမ်ားႏွင့္ အပ္ခ်ဳပ္ဆိုင္မ်ားေၾကာင့္ ထင္ရွားေက်ာ္ၾကားေသာ ဟြိဳင္အန္းေရွး ေဟာင္းၿမိဳ႕ကို (၁၉၉၉)ခုႏွစ္မွစတင္ကာ ယူနက္စကို၏ ကမာၻ႔ အေမြအႏွစ္ေနရာတစ္ခုအျဖစ္သတ္မွတ္ခဲ့ေၾကာင္းသိရသည္။ ဟြိဳင္အန္းၿမိဳ႕သည္ (၁၅)ရာစုမွ (၁၉)ရာစု အထိ အေရွ႕ေတာင္အာရွတြင္ထြန္းကားခဲ့ေသာ ကုန္သြယ္ေရးဆိပ္ကမ္းေန ရာတစ္ခုျဖစ္ခဲ့ေၾကာင္းလည္း သိရသည္။ ဗီယက္နမ္၏ (၂၀၂၅)ခုႏွစ္ အုပ္ခ်ဳပ္ေရးျပဳျပင္ေျပာင္းလဲမႈမ်ားမတိုင္မီအခ်ိန္အထိ ဟြိဳင္အန္း ၿမိဳ႕သည္ ကြမ္နန္ျပည္နယ္၏ အဆင့္(၃) ျပည္နယ္ၿမိဳ႕ေတာ္ျဖစ္ခဲ့ကာ ဗီယက္နမ္၏ တိုက္႐ိုက္ထိန္းခ်ဳပ္ ထားေသာ ျမဴနီစီပယ္ျဖစ္သည့္ ဒါနန္ၿမိဳ႕ႏွင့္ေပါင္းစည္းခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ (၂၀၂၃)ခုႏွစ္တြင္ ဟြိဳင္အန္းၿမိဳ႕ကို ယူနက္စကို၏ဖန္တီးမႈၿမိဳ႕မ်ားကြန္ရက္ထဲတြင္ ထည့္သြင္းခဲ့ေၾကာင္းသိရသည္။ ဟြိဳင္ အန္းၿမိဳ႕၏ အေဆာက္အအုံမ်ားႏွင့္လမ္းပုံစံသည္ ဌာေန ဗီယက္နမ္ႏွင့္ ႏိုင္ငံျခားလႊမ္းမိုးမႈမ်ား ေရာေႏွာ ေနသည္ကိုထင္ဟပ္ေစၿပီး ၿမိဳ႕အတြင္းရွိ ထင္ရွားေသာေနရာတစ္ခုမွာ (၁၆)ရာစုႏွင့္ (၁၇)ရာစုအတြင္း တည္ေဆာက္ခဲ့ေသာ ဂ်ပန္တံတားျဖစ္ေၾကာင္းလည္းသိရသည္။
အေမြအႏွစ္ႏွင့္ ခရီးသြားလုပ္ငန္း
ဟြိဳင္အန္းၿမိဳ႕သည္ (၁၅)ရာစုမွ(၁၉) ရာစုအတြင္း အေရွ႕ေတာင္အာရွတြင္ထြန္းကားခဲ့ေသာ ေကာင္းမြန္စြာထိန္းသိမ္းထားသည့္ ကုန္ သြယ္ေရးဆိပ္ကမ္းတစ္ခုအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ေဒသတြင္း ႏွင့္ျပည္ပလႊမ္းမိုးမႈမ်ား ေရာေႏွာပါဝင္သည့္ အေဆာက္အအုံမ်ားရွိေၾကာင္းလည္းသိရသည္။ (၂၀ဝ၈) ခုႏွစ္တြင္ထုတ္ျပန္ခဲ့ေသာ ယူနက္စကို၏ ဟြိဳင္အန္းၿမိဳ႕အေပၚသက္ေရာက္မႈ အစီရင္ခံစာအရ ခရီးသြား လုပ္ငန္းမွအေမြအႏွစ္မ်ားကို ကာကြယ္ရန္ အာဏာပိုင္မ်ားအတြက္ စိန္ေခၚမႈမ်ား ရွိလာခဲ့ေၾကာင္းသိရ သည္။
ဟြိဳင္အန္းၿမိဳ႕သို႔လာေရာက္လည္ပတ္ေသာ ခရီးသြားအေရအတြက္မ်ားျပားလာမႈႏွင့္ အတူ ခရီး သြားဧည့္သည္မ်ားသည္ ေရွးေဟာင္းရပ္ကြက္မ်ားကို လည္ပတ္ျခင္းတင္မဟုတ္ဘဲ ေမာ္ေတာ္ဆိုင္ကယ္၊ စက္ဘီး၊ ကႏူးေလွ သို႔မဟုတ္ ေမာ္ေတာ္ဘုတ္မ်ားျဖင့္ စူးစမ္းေလ့လာျခင္းတို႔ကဲ့သို႔ေသာလႈပ္ရွားမႈမ်ား လည္း ထြက္ေပၚလာခဲ့ေၾကာင္း သိရသည္။ သူဘြန္ျမစ္သည္ စတင္ရွာေဖြေတြ႕ရွိၿပီးေနာက္ ႏွစ္ေပါင္း (၅၀ဝ) ေက်ာ္အၾကာအထိ ဟြိဳင္အန္းၿမိဳ႕၏ အစားအစာထုတ္လုပ္ေရးႏွင့္ သယ္ယူပို႔ေဆာင္ေရးအတြက္ မရွိမျဖစ္လိုအပ္ေနသည့္ပုံစံ တစ္ခုအျဖစ္ ရွိေနဆဲျဖစ္ေၾကာင္းသိရသည္။
(၁၅)ရာစုေႏွာင္းပိုင္း သို႔မဟုတ္ (၁၆)ရာစုအေစာပိုင္းက သေဘၤာပ်က္တစ္ခုျဖစ္ေသာ ဟြိဳင္အန္း သေဘၤာပ်က္ကို (၁၉၉၀)ျပည့္ႏွစ္တြင္ ၿမိဳ႕၏ကမ္းလြန္ ခ်န္းကြၽန္းစုမ်ားအနီးတြင္ ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ (၁၉၉၆)ခုႏွစ္မွာ (၁၉၉၉)ခုႏွစ္ၾကားတြင္ ဗီယက္နမ္ အမ်ိဳးသား ဆယ္ယူေရးေကာ္ပိုေရးရွင္း ႏွင့္ ေအာက္စဖို႔ဒ္တကၠသိုလ္၏ ေရေၾကာင္း ေရွးေဟာင္းသုေတသနဌာနခြဲအပါအဝင္ တူးေဖာ္ေရး အဖြဲ႕ မ်ားက ေရွးေဟာင္းပစၥည္းသုံးသိန္းနီးပါးကို အဆိုပါသေဘၤာပ်က္အတြင္းမွ ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရ သည္။
ဟြိဳင္အန္းၿမိဳ႕၏ ေနာက္ထပ္ခရီးသြားဆြဲေဆာင္မႈေနရာတစ္ခုမွာ လျပည့္ေန႔တိုင္းက်င္းပသည့္ ဟြိဳင္အန္းမီးအိမ္လျပည့္ေန႔ပြဲေတာ္ျဖစ္ၿပီး ဘိုးဘြားမ်ားကို ဂုဏ္ျပဳသည့္ပြဲေတာ္တစ္ခုလည္းျဖစ္သည္။ အဆိုပါ ပြဲေတာ္တြင္ လူမ်ားက ႂကြယ္ဝခ်မ္းသာမႈႏွင့္ ကံေကာင္းျခင္းတို႔အတြက္ ပန္းမ်ား၊ မီးအိမ္မ်ား၊ ဖေယာင္းတိုင္မ်ားႏွင့္ သစ္သီးမ်ားကို လဲလွယ္ျခင္းမ်ားျပဳလုပ္ၾကေၾကာင္းသိရသည္။
ထို႔ျပင္ ဟြိဳင္အန္းၿမိဳ႕၏ Impression Theme ပန္းၿခံတြင္က်င္းပသည့္ ဟြိဳင္အန္းၿမိဳ႕အမွတ္တရ ျပပြဲသည္ ၿမိဳ႕၏ႏွစ္ေပါင္း(၄၀ဝ)ေက်ာ္သမိုင္းေၾကာင္းကိုျပသသည့္ ႀကီးမားေသာျပဇာတ္ေဖ်ာ္ေျဖမႈ တစ္ ခုလည္းျဖစ္သည္။ အဆိုပါပြဲေတာ္အတြင္း လူေပါင္း(၅၀ဝ)ေက်ာ္သည္ စတုရန္းမီတာ (၂၅၀ဝဝ) က်ယ္ ဝန္းေသာစင္ျမင့္ေပၚတြင္ ေက်းလက္႐ြာေလးတစ္႐ြာမွ အေရွ႕ေတာင္အာရွ၏ အဓိက ကုန္သြယ္ေရး ဆိပ္ ကမ္းတစ္ခုအျဖစ္ ဟြိဳင္အန္းၿမိဳ႕က အသြင္ေျပာင္းလဲလာပုံကို သ႐ုပ္ေဖာ္ကျပၾကေၾကာင္းသိရသည္။
(၂၀၁၉)ခုႏွစ္တြင္ ဟြိဳင္အန္းၿမိဳ႕သည္ ဗီယက္နမ္၏ အဓိကယဥ္ေက်းမႈအေျခခံခရီးသြားေဒသမ်ား ထဲမွတစ္ခုအျဖစ္ စာရင္းသြင္းခံခဲ့ရၿပီး ခရီးသြားလုပ္ငန္းႀကီးထြားလာမႈသည္ ၿမိဳ႕၏ ေရရွည္တည္တံ့ခိုင္ ၿမဲမႈကို ၿခိမ္းေျခာက္ေနေၾကာင္းသိရသည္။ အတိတ္ကာလမ်ားအတြင္း ႀကီးထြားလာခဲ့ေသာ ခရီးသြား လုပ္ငန္းေၾကာင့္ ခ်န္ကြၽန္းစု-ဟြိဳင္အန္း ေရေၾကာင္းဆိုင္ရာကာကြယ္ထားေသာဧရိယာ၏ ေဂဟ စနစ္ကို ထိခိုက္ပ်က္စီးေစခဲ့ေၾကာင္းလည္းသိရသည္။
ဗိသုကာလက္ရာ အထင္ကရေနရာမ်ား
ဟြိဳင္အန္းၿမိဳ႕တြင္ ကိုလိုနီေခတ္အတြင္းရွိ အေဆာက္အအုံမ်ားစြာရွိေသာ္လည္း ၿမိဳ႕သည္ ၎၏ သမိုင္းဝင္ တိုးတက္မႈႏွင့္က်ဆင္းမႈကို ထင္ဟပ္ေစသည့္အထင္ကရေနရာမ်ားကိုထိန္းသိမ္းထားေၾကာင္း သိရသည္။ (၁၆)ရာစုမွ(၁၈)ရာစုအေစာပိုင္းအထိ ဟြိဳင္အန္းၿမိဳ႕တြင္းရွိ အေဆာက္အအုံအမ်ားစုကို ဆိပ္ ကမ္းမ်ား၊ ေရတြင္းမ်ား၊ တံတားမ်ား၊ ဂူဗိမာန္မ်ား၊ ဘုရားေက်ာင္းမ်ားႏွင့္ ေဈးဆိုင္တို႔ကဲ့သို႔ေသာ လက္ ေတြ႕က်သည့္ရည္႐ြယ္ခ်က္မ်ားအတြက္ အသုံးျပဳခဲ့သည္။ (၁၈)ရာစုမွစတင္ကာ ဆိပ္ကမ္းလုပ္ငန္းမ်ား က်ဆင္းလာသည္ႏွင့္အမွ် ကြန္ျဖဴးရွပ္ဘုရားေက်ာင္းမ်ား၊ ယဥ္ေက်းမႈေနရာမ်ား၊ ႐ိုးရာေနအိမ္မ်ားႏွင့္ ဘုရားေက်ာင္းမ်ားသည္ ပိုမိုထင္ရွားလာခဲ့ေၾကာင္းလည္းသိရသည္။ (၂၀ဝဝ)ျပည့္ႏွစ္ ဒီဇင္ဘာလအထိ ဟြိဳင္အန္းၿမိဳ႕၏ ကမာၻအေမြအႏွစ္ေနရာတြင္ ေရွးေဟာင္းပစၥည္းစုစုေပါင္း(၁၃၆၀)ခုပါဝင္ခဲ့ၿပီး ေရွး ေဟာင္း႐ိုးရာအိမ္(၁၀၆၈)လုံး၊ ေရတြင္း(၁၁)လုံး၊ ဝတ္ျပဳရာေနရာ(၃၈)ခု၊ ေစတီ(၁၉)ခု၊ ဘုရားေက်ာင္း (၄၃)ခု၊ အထူးဂူဗိမာန္(၄၄)ခုႏွင့္ တံတား တစ္စင္းတို႔ျဖစ္ကာ အမ်ားစုမွာ ဟြိဳင္အန္း ေရွး ေဟာင္းၿမိဳ႕တြင္း တြင္ တည္ရွိေၾကာင္းသိရသည္။
ဟြိဳင္အန္းေရွးေဟာင္းၿမိဳ႕
ဟြိဳင္အန္းၿမိဳ႕ မင္အန္းရပ္ကြက္တြင္တည္ရွိေသာ ေရွးေဟာင္းၿမိဳ႕သည္ စစ္တုရင္ခုံပုံစံကဲ့သို႔ တိုတို ႏွင့္ေကြ႕ေကာက္ေသာလမ္းမ်ားျဖင့္ ဖြဲ႕စည္းထားကာ (၂)စတုရန္းကီလိုမီတာခန႔္ က်ယ္ဝန္းေၾကာင္း သိရ သည္။ ေရွးေဟာင္းၿမိဳ႕၏ ျမစ္ကမ္းနံေဘးတြင္ Bạch Đằng လမ္းရွိၿပီး Nguyễn Thái Học ႏွင့္ Trần Phú လမ္းမ်ားသည္ ဂ်ပန္တံတားမွတစ္ဆင့္ Nguyễn Thị Minh Khai လမ္းႏွင့္ဆက္သြယ္ထားသည္။ ေရွး ေဟာင္းၿမိဳ႕၏ ေျမမ်က္ႏွာသြင္ျပင္သည္ ေျမာက္မွေတာင္သို႔ အနည္းငယ္တိမ္းေစာင္းေနၿပီး Nguyễn Huệ? Lê Lợi? Hoàng Văn Thụ ႏွင့္ Trần Quý Cáp ကဲ့သို႔ေသာလမ္းမ်ားသည္ ကုန္းတြင္းပိုင္းသို႔ အနည္းငယ္ေစာင္းေနေၾကာင္းသိရသည္။
Trần Phú လမ္းတြင္ တ႐ုတ္လူထုခန္းမ (၅)ခုအပါအဝင္ ဗိသုကာလက္ရာမ်ားစြာရွိေၾကာင္း သိရသည္။ Trần Phú ႏွင့္ Nguyễn Huệ လမ္းေထာင့္တြင္ Minh Hương ဗိသုကာလက္ရာ၏ ထင္ရွား ေသာ အမွတ္အသားတစ္ခုျဖစ္သည့္ Quan Công ဘုရားေက်ာင္းလည္းရွိသည္။အနီး အနားတြင္ ဟြိဳင္ အန္းသမိုင္းႏွင့္ယဥ္ေက်းမႈျပတိုက္လည္းရွိၿပီး Sa Huỳnh ယဥ္ေက်းမႈျပတိုက္၊ ကုန္သြယ္ေရး ေႂကြထည္ ျပတိုက္တို႔ႏွင့္ ခ်ိတ္ဆက္မႈမ်ားလုပ္ေဆာင္ထားေၾကာင္းသိရသည္။ ဂ်ပန္တံတား အလြန္ရွိ Nguyễn Thị Minh Khai လမ္းတြင္ အနီေရာင္အုတ္ေဘးလမ္းမ်ားပါရွိေသာ ႐ိုးရာေနအိမ္မ်ားရွိၿပီး Nguyễn Thái Học လမ္း၏အေနာက္ဘက္ျခမ္းတြင္ ျပင္သစ္ပုံစံမ်က္ႏွာစာမ်ား ရွိကာ အေရွ႕ဘက္ျခမ္းတြင္ ႏွစ္ထပ္အိမ္ႀကီး မ်ားပါရွိေသာ စည္းကားသည့္ေဈးဝယ္စင္တာတစ္ခုပါရွိေၾကာင္းသိရသည္။ ဟြိဳင္အန္းေရွးေဟာင္းၿမိဳ႕ အ ေရွ႕ဘက္ရွိ ျပင္သစ္ရပ္ကြက္တြင္ Phan Bội Châu လမ္းရွိ တစ္ထပ္တိုက္ဥေရာပပုံစံေနအိမ္မ်ား ပါဝင္ ၿပီး တစ္ခ်ိန္က ကိုလိုနီအစိုးရဝန္ထမ္းမ်ား ေနထိုင္ရာ အေဆာင္မ်ားအျဖစ္အသုံးျပဳခဲ့ေၾကာင္းသိရသည္။