စံချိန်တင်အရှုံးပေါ်မှုများကိုရင်ဆိုင်နေရသည့် Ford Motor ကုမ္ပဏီ

500

Pika (NP News) ဖေဖေါ်ဝါရီ -၁၅
(၂၀၂၅)ခုနှစ်တွင် ၎င်း၏လျှပ်စစ်ကားဌာနခွဲသည် အမေရိကန်ဒေါ်လာ(၄ ဒသမ ၈)ဘီလျံ အရှုံးပေါ်ခဲ့ပြီး အနည်း ဆုံး နောက်ထပ်(၂)နှစ်အထိ ဆက်လက်အရှုံးပေါ်နေဦးမည်ဖြစ်ကြောင်း Ford Motor ကုမ္ပဏီက သတင်းထုတ်ပြန် ခဲ့သည်။ ကျယ်ပြန့်သော စီးပွားရေးတင်းမာမှုများနှင့်အတူ အမေရိကန်ကား ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သော Ford Motor သည် စတုတ္ထမြောက်သုံးလပတ်တွင် အမေရိကန် ဒေါ်လာ (၁၁ ဒသမ ၁)ဘီလျံ အသားတင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ မီချီဂန်ပြည်နယ်အခြေစိုက် Ford Motor ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလတွင် EV ကားနှင့် ဆက်စပ် သော အမေရိကန်ဒေါ်လာ (၁၉ ဒသမ ၅)ဘီလျံကျဆင်းမှုအပြီး (၂၀၂၅)ခုနှစ် အတွက် တစ်နှစ်ပတ်လုံး အသားတင် အရှုံးမှာ အမေရိကန်ဒေါ်လာ(၈ ဒသမ ၂)ဘီလျံအထိရှိခဲ့ ကြောင်းသိရသည်။ Ford ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် Sherry House က ‘‘(၂၀၂၉)ခုနှစ်လောက်အထိ အရှုံးပေါ် နေဦးမယ်လို့ ကျွန်တော်တို့ခန့်မှန်းထားပါတယ်”ဟု ပြောဆိုခဲ့ သည်။ အခွန်နှင့် ထောက်ပံ့ရေးကွင်းဆက်ပြဿနာများက Ford ကုမ္ပဏီကို ထိခိုက်စေမှုနှင့်အတူ စတုတ္ထသုံးလပတ် အတွင်း ၎င်း၏အမြတ်သည် (၂၀၂၅)ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁)ဘီလျံအထိကျဆင်းသွားခဲ့ပြီး (၂၀၂၄)ခုနှစ်နှင့်နှိုင်း ယှဉ်မည်ဆိုပါက အမေရိကန် ဒေါ်လာ(၁ ဒသမ ၁)ဘီလျံကျဆင်းသွားခဲ့ကြောင်း သိရသည်။ Ford ကုမ္ပဏီ၏ အဓိက အလူမီနီယမ် ထောက်ပံ့ရေးဌာနတွင် စက်ရုံနှစ်ခု မီးလောင်မှုနှင့်အတူ မျှော်လင့်မထားသည့် အမေရိကန်ဒေါ်လာ သန်း (၉၀ဝ)အခွန်ကောက်ခံမှုများကြောင့် (၂၀၂၅)ခုနှစ်အတွင်း Ford ကုမ္ပဏီ၏ စုစုပေါင်းအခွန် ကောက်ခံမှုကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ(၂)ဘီလျံအထိ မြင့်တက်သွားခဲ့ကြောင်းသိရသည်။
(Ref : RT)

Zawgyi Version:
စံခ်ိန္တင္အရႈံးေပၚမႈမ်ားကိုရင္ဆိုင္ေနရသည့္ Ford Motor ကုမၸဏီ
Pika (NP News) ေဖေဖၚဝါရီ -၁၅
(၂၀၂၅)ခုႏွစ္တြင္ ၎၏လွ်ပ္စစ္ကားဌာနခြဲသည္ အေမရိကန္ေဒၚလာ(၄ ဒသမ ၈)ဘီလ်ံ အရႈံးေပၚခဲ့ၿပီး အနည္း ဆုံး ေနာက္ထပ္(၂)ႏွစ္အထိ ဆက္လက္အရႈံးေပၚေနဦးမည္ျဖစ္ေၾကာင္း Ford Motor ကုမၸဏီက သတင္းထုတ္ျပန္ ခဲ့သည္။ က်ယ္ျပန႔္ေသာ စီးပြားေရးတင္းမာမႈမ်ားႏွင့္အတူ အေမရိကန္ကား ထုတ္လုပ္သည့္ကုမၸဏီျဖစ္ေသာ Ford Motor သည္ စတုတၳေျမာက္သုံးလပတ္တြင္ အေမရိကန္ ေဒၚလာ (၁၁ ဒသမ ၁)ဘီလ်ံ အသားတင္ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။ မီခ်ီဂန္ျပည္နယ္အေျခစိုက္ Ford Motor ကုမၸဏီသည္ ၿပီးခဲ့သည့္ႏွစ္ဒီဇင္ဘာလတြင္ EV ကားႏွင့္ ဆက္စပ္ ေသာ အေမရိကန္ေဒၚလာ (၁၉ ဒသမ ၅)ဘီလ်ံက်ဆင္းမႈအၿပီး (၂၀၂၅)ခုႏွစ္ အတြက္ တစ္ႏွစ္ပတ္လုံး အသားတင္ အရႈံးမွာ အေမရိကန္ေဒၚလာ(၈ ဒသမ ၂)ဘီလ်ံအထိရွိခဲ့ ေၾကာင္းသိရသည္။ Ford ကုမၸဏီ၏ အမႈေဆာင္ အရာရွိခ်ဳပ္ Sherry House က ‘‘(၂၀၂၉)ခုႏွစ္ေလာက္အထိ အရႈံးေပၚ ေနဦးမယ္လို႔ ကြၽန္ေတာ္တို႔ခန႔္မွန္းထားပါတယ္”ဟု ေျပာဆိုခဲ့ သည္။ အခြန္ႏွင့္ ေထာက္ပံ့ေရးကြင္းဆက္ျပႆနာမ်ားက Ford ကုမၸဏီကို ထိခိုက္ေစမႈႏွင့္အတူ စတုတၳသုံးလပတ္ အတြင္း ၎၏အျမတ္သည္ (၂၀၂၅)ခုႏွစ္တြင္ အေမရိကန္ေဒၚလာ (၁)ဘီလ်ံအထိက်ဆင္းသြားခဲ့ၿပီး (၂၀၂၄)ခုႏွစ္ႏွင့္ႏႈိင္း ယွဥ္မည္ဆိုပါက အေမရိကန္ ေဒၚလာ(၁ ဒသမ ၁)ဘီလ်ံက်ဆင္းသြားခဲ့ေၾကာင္း သိရသည္။ Ford ကုမၸဏီ၏ အဓိက အလူမီနီယမ္ ေထာက္ပံ့ေရးဌာနတြင္ စက္႐ုံႏွစ္ခု မီးေလာင္မႈႏွင့္အတူ ေမွ်ာ္လင့္မထားသည့္ အေမရိကန္ေဒၚလာ သန္း (၉၀ဝ)အခြန္ေကာက္ခံမႈမ်ားေၾကာင့္ (၂၀၂၅)ခုႏွစ္အတြင္း Ford ကုမၸဏီ၏ စုစုေပါင္းအခြန္ ေကာက္ခံမႈကုန္က်စရိတ္မွာ အေမရိကန္ေဒၚလာ(၂)ဘီလ်ံအထိ ျမင့္တက္သြားခဲ့ေၾကာင္းသိရသည္။
(Ref : RT)