နိုင်ဂျီးရီးယားက မိုင်းတွင်းတစ်ခုမှာ အဆိပ်ဓါတ်ငွေ့တွေ ယိုစိမ့်မှုကြောင့် အနည်းဆုံးလူ(၃၇)ဦးသေဆုံး

 252

Pika (NP News) - ဖေဖော်ဝါရီ ၂၁

နိုင်ဂျီးရီးယားမြောက်ပိုင်း-အလယ်ပိုင်းမှာရှိတဲ့ မိုင်းတွင်းတစ်ခုမှာ အဆိပ်ဓါတ်ငွေ့ယိုစိမ့်ခဲ့မှုကြောင့် အနည်းဆုံး လူ(၃၇)ဦးသေဆုံးပြီး အခြားလူ(၂၆)ဦးကို ဆေးရုံတင်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ဟာ Plateau ပြည်နယ် Wase ဧရိယာမှာရှိတဲ့ Kampani Zurak ရပ်ကွက်မှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
တာဝန်ရှိသူတစ်ဦးက “အစောပိုင်းစုံစမ်းစစ်ဆေးမှုတွေအရတော့ ခဲအောက်ဆိုက်ဒ်နဲ့လူသားတွေအတွက် အဆိပ်သင့်မှုတွေကိုဖြစ်စေနိုင်တဲ့ ဆာလဖာနဲ့ကာဗွန်မိုနောက်ဆိုက်ဒ်လိုမျိုး အခြားဆက်စပ်ဓါတ်ငွေ့တွေ ရုတ်တရက်ထွက်ရှိလာတာကြောင့် မိုင်းတွင်းလုပ်သားတွေ အဆိပ်သင့်ပြီးသေဆုံးခဲ့ရတာဖြစ်ပါတယ်။ အဆိပ်ဓါတ်ငွေ့တွေ ရှူရှိုက်မိခဲ့တဲ့ အခြားလူ(၂၅)ဦးကိုလည်း ဆေးရုံကိုချက်ချင်းပို့ဆောင်ခဲ့ရပါတယ်” လို့ ပြောခဲ့ပါ တယ်။
ဒါ့ပြင် သေဆုံးသွားခဲ့တဲ့ မိုင်းတွင်းလုပ်သားတွေရဲ့ရုပ်အလောင်းတွေကို ဘာသာရေးထုံးတမ်းစဉ်လာတွေအရ သင်္ဂြိုလ်ဖို့ မိသားစုဝင်တွေဆီကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် နိုင်ဂျီရီးယားအစိုးရဟာ မိုင်းတွင်းလုပ်ငန်းခွင်ကို ပိတ်ပစ်လိုက်ပြီး ယိုစိမ့်မှုဘာကြောင့် ဖြစ်ပွားရသလဲဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ႏိုင္ဂ်ီးရီးယားက မိုင္းတြင္းတစ္ခုမွာ အဆိပ္ဓါတ္ေငြ႕ေတြ ယိုစိမ့္မႈေၾကာင့္ အနည္းဆုံးလူ(၃၇)ဦးေသဆုံး
Pika (NP News) - ေဖေဖာ္ဝါရီ ၂၁

ႏိုင္ဂ်ီးရီးယားေျမာက္ပိုင္း-အလယ္ပိုင္းမွာရွိတဲ့ မိုင္းတြင္းတစ္ခုမွာ အဆိပ္ဓါတ္ေငြ႕ယိုစိမ့္ခဲ့မႈေၾကာင့္ အနည္းဆုံး လူ(၃၇)ဦးေသဆုံးၿပီး အျခားလူ(၂၆)ဦးကို ေဆး႐ုံတင္ခဲ့ရတယ္လို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အဲဒီျဖစ္ရပ္ဟာ Plateau ျပည္နယ္ Wase ဧရိယာမွာရွိတဲ့ Kampani Zurak ရပ္ကြက္မွာျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
တာဝန္ရွိသူတစ္ဦးက “အေစာပိုင္းစုံစမ္းစစ္ေဆးမႈေတြအရေတာ့ ခဲေအာက္ဆိုက္ဒ္နဲ႔လူသားေတြအတြက္ အဆိပ္သင့္မႈေတြကိုျဖစ္ေစႏိုင္တဲ့ ဆာလဖာနဲ႔ကာဗြန္မိုေနာက္ဆိုက္ဒ္လိုမ်ိဳး အျခားဆက္စပ္ဓါတ္ေငြ႕ေတြ ႐ုတ္တရက္ထြက္ရွိလာတာေၾကာင့္ မိုင္းတြင္းလုပ္သားေတြ အဆိပ္သင့္ၿပီးေသဆုံးခဲ့ရတာျဖစ္ပါတယ္။ အဆိပ္ဓါတ္ေငြ႕ေတြ ရႉရႈိက္မိခဲ့တဲ့ အျခားလူ(၂၅)ဦးကိုလည္း ေဆး႐ုံကိုခ်က္ခ်င္းပို႔ေဆာင္ခဲ့ရပါတယ္” လို႔ ေျပာခဲ့ပါ တယ္။
ဒါ့ျပင္ ေသဆုံးသြားခဲ့တဲ့ မိုင္းတြင္းလုပ္သားေတြရဲ႕႐ုပ္အေလာင္းေတြကို ဘာသာေရးထုံးတမ္းစဥ္လာေတြအရ သၿဂႋဳလ္ဖို႔ မိသားစုဝင္ေတြဆီကို ျပန္လည္ပို႔ေဆာင္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။ အဲဒီျဖစ္ရပ္ျဖစ္ပြားခဲ့ၿပီးေနာက္ ႏိုင္ဂ်ီရီးယားအစိုးရဟာ မိုင္းတြင္းလုပ္ငန္းခြင္ကို ပိတ္ပစ္လိုက္ၿပီး ယိုစိမ့္မႈဘာေၾကာင့္ ျဖစ္ပြားရသလဲဆိုတာကို စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.