မန္တလေး - လားရှိုးလမ်း (သို့မဟုတ်) မျှော်လင့်ချက်အပြည့်ဖြင့် လမ်းမကြီး

 312

သုတကျော် ၊ သန့်ဇင် (NP News) - ဖေဖော်ဝါရီလ ၂၂

မြန်မာနိုင်ငံ၏ စီးပွားရေးတံခါးပေါက်ဖြစ် သော မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးသည် (၁၀၂၇) ဟု နာမည်ပေးထားသည့် တိုက်ခိုက်မှုများ အပြီးတွင် ရပ်တန့်လုမတတ်ဖြစ်ခဲ့ရသည်။

တိုက်ပွဲများ၊ လမ်းတံတားပျက်စီးမှုများနှင့် လုံခြုံရေးအရ ကန့်သတ်ချက်များကြောင့် ခရီးသွား ပြည်သူများနှင့် ကုန်သည်များအတွက် ခက်ခဲကြမ်း တမ်းသောလမ်းပိုင်းဖြစ်လာခဲ့သည်။ (၁၈၄) မိုင်ကျော် ကွာဝေးမည့် မန္တလေး - လားရှိုးလမ်းပိုင်းသည် ကြား တွင် ပြင်ဦးလွင် - နောင်ချို - သီပေါ စသည်ဖြင့် မြို့များကို ဖြတ်သန်းသွားခြင်းဖြစ်ပြီး ခရီးကြာမြင့် ချိန်မှာ (၆) နာရီ (၅၀) မိနစ် ဖြစ်သည်။
ယင်းလမ်းကြားတွင် နောင်ချိုမြို့၊ ကျောက် မဲမြို့နှင့် သီပေါမြို့တို့မှာ TNLA ၏ ထိန်းချုပ်မှု အောက်တွင်ရှိခဲ့ပြီး ယင်းနယ်မြေအကျော်တွင် MNDAA တို့ ရှိလေရာ အဆိုပါလမ်းပိုင်းသည် စိုးရိမ်ရသော လမ်းပိုင်းတစ်ခုအဖြစ် ကာလအတန်ကြာ တည်ရှိနေခဲ့သည်။
" လမ်းပိုင်းကို စိတ်မချတာရော ကိုယ့်မြို့ ကိုယ် စိုးရိမ်တာရောကြောင့် TNLA ထိန်းချုပ်ထား တုန်းမှာတော့ မပြန်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်" ဟု မဖြူ (အမည်လွှဲ)က NP News သို့ ဖြေကြားထားဖူးသည်။
ယင်းလမ်းပိုင်းကို နှစ်ပိုင်းခွဲပြောရန်လိုအပ် လာပါသည်။ မန္တလေးမှသီပေါအထိ တစ်ပိုင်း၊ သီပေါ မှလားရှိုးအထိ တစ်ပိုင်းဖြစ်ပြီး အခြေအနေမတူသော ကြောင့် ဖြစ်သည်။
သီပေါ၊ ကျောက်မဲ၊ နောင်ချိုအထိ TNLA ထိန်းချုပ်ခဲ့သည်သာမက တောင်ခမ်းအထိ TNLA တို့ရောက်လာခဲ့သည်။ ထိုစဉ်က TNLA နှင့် အပေါင်း ပါတို့၏ထိန်းချုပ်မှုအောက်မှ ယင်းမြို့တို့နှင့် လမ်းပန်း ဆက်သွယ်ရေးအခြေအနေမှာ ဒေသခံတို့အတွက် အိပ်မက်ဆိုးတစ်ခုသဖွယ်ဖြစ်ခဲ့သည်။
ကုန်တို့သည် ယခင်ကဲ့သို့ အလွယ်တကူ ဖြတ်သန်းနိုင်ခြင်း မရှိတော့။ သူပုန်ဂိတ်များက စစ် ဆေးရာတွင် အစိုးမရ။ လိုချင်သော ပစ္စည်းများကို လက်နက်ကိုင်တို့က နှိုက်ယူလိုက်ခြင်းများလည်း ရှိ လာသည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် အပြင် သွားရေးလာရေး အဆင်မပြေသောကြောင့် နောင်ချိုမြို့ဘက် ယခင်ထက် ဈေးအဆမတန် မြင့်တက်ခြင်းမျိုး ကြုံရသည်။ သွားရိုး လမ်းကောင်းမှ သွားမရခြင်းမျိုးရှိပြီး တောလမ်းများမှ သွားရခြင်းတို့ ရှိလာပြီး မတတ်သာမှသာ သွားရသောအခြေအနေ ထိတိုင် ဆိုက်ရောက်သွားခဲ့သည်။
" တစ်ခါက သွားနေရင်း သေနတ်သံကြား တော့ ကားကို ချက်ချင်းရပ်ပြီး ဘေးကိုဆင်း အနားက ပြောင်းခင်းထဲဝင်ပြေးရတာ။ ဘဝမှာ မှတ်မှတ်ရရ ပေါ့"ဟု ကိုစိုင်း(အမည်လွှဲ)ကလည်း ယခင် TNLA တို့ ယင်းဒေသကိုထိန်းချုပ်စဉ်အချိန်က NP News ကို ဖြေကြားထားဖူးသည်။
ထိုစဉ်ကအခြေအနေမှာ ဥပဒေမရှိတော့ သူပုန်တို့လက်အောက်တွင် နောင်ချို - ကျောက်မဲ - သီပေါဘက်သို့ သွားရမည့်ခရီးမှာ အသက်ကို "ဖက်နဲ့ထုပ်ထားပေတော့"ဟု ပြောနေသယောင်ပင် ရှိခဲ့သည်။ ထို့ပြင် ပိုဆိုးသည်က လက်နက်ကိုင်ထား သည့် အမည်မသိ လူတို့ကိုကြောက်ရသည့် စိုးထိတ် မှုတို့က ယင်းလမ်းတွင်စိုးမိုးခဲ့၏။ သူပုန်တို့ လက် အောက်တွင် မျက်နှာကြည့်နေရသည်ကလည်း ဒုက္ခ တစ်မျိုးပင်။
ယင်းနောက် တပ်မတော်က တောင်ခမ်း တွင် သမိုင်းဝင်အောင်ပွဲကိုရယူပြီး နယ်မြေချဲ့ကာ နောင်ချို၊ ကျောက်မဲ၊ သီပေါတို့ကို ဆက်လက် ထိန်း ချုပ်နိုင်ပြီးနောက် ယင်းဒေသမှ ပြည်သူတို့ မျှော်လင့် နေသောအခြေအနေကို ပြန်ရောက်လာခဲ့သည်။ ကာလအချို့ကြာ နေအိမ်စွန့်ခွာခဲ့ရသူတို့မှာ မိမိတို့ မွေးရပ်မြေသို့ အပြုံးပန်းများဖြင့် ပြန်လည် ဝင်ရောက် နိုင်ခဲ့ကြသည်။
" ကျွန်မ အခု ပြန်ရောက်ပြီ။ ကိုယ့်မွေး ရပ်မြေလောက် ဘယ်ဟာမှ မကောင်းဘူးလေ" ဟု အထက်ပါ မဖြူ (အမည်လွှဲ) ကပင် NP News သို့ ရွှင်ပျသောလေသံဖြင့် ပြန်လည်ဖြေကြား သည်။
တပ်မတော်က နယ်မြေပြန်လည် စိုးမိုးပြီး သည့်နောက် မန္တလေးမှ သီပေါအထိ လမ်းပန်း ဆက် သွယ်ရေး ကောင်းမွန်စေရန် ဆောင်ရွက်သည်။ ကျန်း မာရေး စောင့်ရှောက်မှုများ ဆောင်ရွက်သည်။ အစိုးရ အုပ်ချုပ်ရေး ယန္တရားလည်ပတ်ပြီး ပြည်သူတို့၏ အခြေခံလိုအပ်ချက်များကို လျင်မြန်စွာ ဖြည့်ဆည်း နိုင်ခဲ့သည်။
တပ်မတော်က သီပေါမြို့ကိုမသိမ်းမီ ကပင် ကျောက်မဲမြို့သို့ သွားရောက်ကာ အထုပ်ပြင် စောင့်ဆိုင်းခဲ့ကြသော ဒေသခံလူထုသည် မြန်မာနိုင်ငံ ပဋိပက္ခဆိုးကျိုးနှင့်အတူ တပ်မတော်အပေါ်ယုံ ကြည်မှုကိုလည်း ထင်ထင်ရှားရှားမြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
" အခုကတော့ ဒီမန္တလေး၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါပေါ့နော်။ ပြည်ထောင်စု လမ်းမကြီးကတော့ ကျွန်တော်တို့ကတော့ အခက် အခဲမရှိ သွားလာနိုင်ပါတယ်။ အဲဒီကနေမှ ကျွန်တော် တို့က ဟိုဘက်ခြမ်းကိုလည်း ကျွန်တော်တို့ လားရှိုး ဘက်ကို သွားလို့ရသလို တောင်ပိုင်းလမ်းကိုလည်း ကျွန်တော်တို့က အဆင်ပြေပြေနဲ့ သွားလို့ရတဲ့ အခြေ အနေ တစ်ခုမှာရှိလာပါတယ်။ ယခင်ကထက် ကျွန် တော်တို့ ဒီပြန်လည်ရရှိပြီးတဲ့ နောက်မှာတော့ ယခင် ကထက်စာရင် သွားလာရတာတွေလည်း ပိုပြီးတော့ လွယ်ကူ လာပါတယ်"ဟု သီပေါမြို့ခံတစ်ဦးက ဆို သည်။
မန္တလေး - သီပေါလမ်းပိုင်းအပြီး သီပေါ -လားရှိုးအပိုင်းကို ဆက်လက်ဖော်ပြပါမည်။ မြန်မာ နိုင်ငံ၏ နာမည်ကျော်စီးပွားရေးမြို့တော်တစ်ခုဖြစ် သည့် လားရှိုးမြို့ကို MNDAA ကထိန်းချုပ်ခဲ့သော် လည်း နောက်ပိုင်းတွင် အစိုးရက MNDAA နှင့် အပစ်ရပ်ကာ ပြန်လည်ရယူထားသည်။
လားရှိုးသည်လည်း အလားတူပင် မြို့သူ၊ မြို့သားတို့သည် ဗဟိုအစိုးရ၏ အုပ်ချုပ်ခြင်းကိုလိုလား သူက အများစုဖြစ်ခဲ့သည်။ အခြေခံအားဖြင့် လူမျိုး ပေါင်းစုံရောနှောနေထိုင်သည့် မြို့တစ်မြို့ဖြစ်သော် လည်း အခြားလူမျိုးတစ်မျိုးက ၎င်းတို့၏ ယဉ်ကျေးမှု ပုံစံခွက်အတွင်းထည့်သွင်းရန် ကြိုးပမ်းခြင်းကို လက်မခံနိုင်ခဲ့ကြပေ။
လားရှိုးသည် အစိုးရလက်တွင်း ပြန်လည် ရောက်ရှိလာပြီးသည့်နောက် MNDAA နှင့်လည်း အပစ်ရပ်ထားသောအခြေအနေတွင် သီပေါနှင့် လား ရှိုးကြားလမ်းပိုင်းမှာ ယခုနောက်ပိုင်းတွင် ပိုမိုအကောင်း မြင်ဖွယ်အသွင်မျိုးကိုတွေ့လာရသည်။ ယခင် တစ် ဖက်နှင့်တစ်ဖက်တင်းမာစဉ်အချိန်က ယင်းလမ်း သည်လည်း သွားရခက်သောလမ်းပိုင်းတစ်ပိုင်း ဖြစ် ခဲ့သည်။
" သီပေါ၊ လားရှိုးလမ်းပိုင်းကတော့ MNDAAထိန်းချုပ်မှုအောက်မှာပဲ ရှိသေးတယ်ပေါ့ နော်။ ဒါပေမဲ့ အရင်ကလောက်တော့ ကျွန်တော်တို့ ကတော့ သွားလာရတာ မခက်ခဲတော့ပါဘူး။ ဒီအရပ် သားပြည်သူ အိမ်စီးကားလေးတွေဘာတွေ သွားလာ ရတာတော့ လွယ်ကူပါတယ်ပေါ့။ ချောချောမွေ့မွေ့တော့ရှိပါတယ်ပေါ့။ အဲဒီလိုမျိုးတော့ပြောလို့ရပါ တယ်" ဟု ၎င်းကဆိုသည်။
မန္တလေးမှလားရှိုးမြို့အထိ လမ်းပိုင်းအခြေ အနေနှင့်ပတ်သက်၍ ဒေသခံများကမူ မကြာမီ ပိုမို အဆင်ပြေလာဖွယ်ရှိကြောင်း အကောင်းမြင်ထားကြ သည်။ စစ်ပွဲသည် မကောင်းကြောင်းကိုလည်း ဒေသ ခံတို့မှာ ဘဝနှင့်ရင်းကာ သိခဲ့ကြပြီးဖြစ်သည်။
" လက်ရှိအနေအထားမှာ‌တော့ ကျွန်တော် တို့ကတော့ ရှေးယခင်ကထက်စာရင် အများကြီးကောင်း မွန်တဲ့အနေအထားတစ်ခုကိုရောက်လာတယ်။ သိပ် မကြာခင်မှာလည်း ဒေသကို ပြန်လည်ပြီး‌တော့ ဦး မော့လာနိုင်ဖို့လည်းမျှော်လင့်တယ်ပေါ့"ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးပြီးသည့်နောက်တွင် လွှတ်တော် မခေါ်ရသေးသည့်တိုင် ရွေးချယ်ခံလွှတ်တော်ကိုယ် စားလှယ်များကား ပေါ်ပေါက်ခဲ့ပြီဖြစ်သည်။ ပြည်သူကရွေးချယ်ထားသည့် ယင်းလွှတ်တော်ကိုယ်စား လှယ်တို့၏အခန်းကဏ္ဍသည်လည်း ပဋိပက္ခဒေသ တွင် အရေးပါသောနေရာမှရှိနေမည်ဖြစ်သည်။
လက်ရှိတွင် တပ်မတော်က ပြန်လည်ထိန်း ချုပ်ထားပြီဖြစ်သည့် သီပေါမြို့နှင့်ပတ်သက်၍ ဒေသ တွင်း တည်ငြိမ်အေးချမ်းစေရန်ကြိုးပမ်းမည်ဟု ရှမ်း နှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံ က NP News သို့ပြောသည်။
" ပြည်ထောင်စုအစိုးရနဲ့ ကျွန်တော်တို့က ရှင်းလို့ရတဲ့ကိစ္စတွေ ပြည်ထောင်စုအစိုးရနဲ့ ကျွန် တော်တို့ကသွားမယ်။ နောက် ပြည်နယ်အစိုးရနဲ့ဆောင် ရွက်လို့ရတဲ့အခါ ပြည်နယ်အစိုးရနဲ့ ဆောင်ရွက်မယ့် ကိစ္စပေါ့။ စီးပွားရေးကိုတော့ စောစောက ကျွန်တော် တို့ပြောသလိုပေါ့။ သီပေါမြို့ဆိုတာက Tourism မှီခိုရတဲ့မြို့ပေါ့။ ခရီးသွားကိုမှီခိုပြီးတော့လုပ်ရတဲ့ ဒေသဖြစ်တဲ့အတွက် ကျွန်တော်တို့က ဒေသတည်ငြိမ် အေးချမ်းရေးကိုသာ ဦးစားပေးဆောင်ရွက်တယ်။ ဒီလိုတည်ငြိမ်အေးချမ်ရေးဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ စေ့စပ်ညှိနှိုင်းရေး လမ်းစဉ် ပေါ့ဗျာ"ဟု ၎င်းကဆိုသည်။
တည်ငြိမ်ရေးသည်သာ ဒေသခံစီးပွားရေး အတွက် အခရာကျကြောင်းလည်း ၎င်းကဆိုသည်။ " ကျွန်တော်တို့က အကောင်းဆုံးတည်ငြိမ်ရေးအ တွက် ဆောင်ရွက်သွားပြီး‌တော့ ဒေသခံ စီးပွားရေးပေါ့ ဗျာ။ ဒီခရီးသွားတွေလာမှ လူထုလာမှပဲ ဒေသတွင်းစီး ပွားရေးက အောင်မြင်မှာကိုး။ အဲဒီအတွက် ကျွန်တော် တို့က ဦးစားပေးဆောင်ရွက်သွားဖို့ ရှိပါတယ်။ နိုင်ငံ တော်အစိုးရအနေနဲ့လည်း လာသွားပါတယ်။ ဒီအပေါ် မှာလည်း မှတ်ချက်ပြုသွားပါတယ်။ ဒီအတိုင်းကို ကျွန်တော်တို့က ဆက်လက်ပြီးတော့ ဆောင်ရွက် သွားမှာပါ" ဟု ဆိုသည်။
ထူးခြားသည်က ယင်းလမ်းကြော တစ် လျှောက်မှ ပြည်သူများအနေဖြင့် တစ်ဦးနှင့် တစ်ဦး သေနတ်ဖြင့် ပစ်ခတ် ဖြေရှင်းခြင်းထက် စားပွဲဝိုင်းပေါ် ဖြေရှင်းခြင်းကသာလျှင် အဖြေဖြစ်ကြောင်းလည်း ယုံကြည်နေကြကြောင်း NP News က မေးမြန်းခွင့်ရခဲ့သူအချို့ကို အကဲခတ်ချက်အရ သိရ သည်။ ယင်းမှာ စစ်၏ဆိုးကျိုးကို ကိုယ်တိုင် ကြုံခဲ့ကြ ရသောကြောင့် ဖြစ်ပေလိမ့်မည်။
ယခင်ကဲ့သို့ မန္တလေးမှသည် လားရှိုး အထိ၊ ထိုမှ အိမ်နီးချင်းနိုင်ငံအထိ ကုန်သွယ်ရေး လမ်းကြောင်းများ ယခင်ကဲ့သို့ ဥဒဟိုပွင့်ရန်၊ ဒေသ တွင်း စီးပွားရေးကောင်းရန်ညှိနှိုင်းခြင်းဖြင့် အဖြေရှာ ရန် လိုလားနေကြသည်။
" တိုက်ယူရတဲ့အဖြေနဲ့ စားပွဲဝိုင်းမှာ ရှာယူ တဲ့ အဖြေက ပိုပြီးတော့ သင့်တော်ကောင်းမွန်တဲ့ အဖြေတစ်ခု ဖြစ်တယ်လေနော်။ ဒီအတွက်ကျတော့ ကျွန်တော်တို့က သိပ်မကြာခင်မှာ ရလဒ်ကောင်းတွေ ထွက်ပေါ်လာလိမ့်မယ် အရင်လိုပဲပြန်ဖြစ်ပါလိမ့်မယ် လို့ မျှော်လင့်တယ်"ဟု ကျောက်မဲမြို့ခံတစ်ဦးက ဆိုသည်။
ကျောက်မဲမြို့ခံ တစ်ဦးကမူ မန္တလေး- လားရှိုးလမ်းပိုင်းသည် ခယောင်းလမ်းအဖြစ်မှ အဆင် ပြေသော လမ်းတစ်ခုအဖြစ် ပျော့ပျောင်းသော အခြေ အနေကို ရောက်တော့မည်ဖြစ်ကြောင်း တင်စားပြော ကြားလိုသည်ဟု ဆိုသည်။ ယင်းကို ဒေသခံက " ခယောင်းလမ်းဖြစ်သော်လည်းပဲ ကျွန်တော်တို့ကတော့ သိပ်မကြာခင်မှာတော့ ပျော့ပျောင်းညင်သာတဲ့ လမ်း ပိုင်းလေးတစ်ခုပေါ့။ ဆူးခယောင်းကြမ်းတမ်းတဲ့ အနေအထားကနေ ပျော့ပျောင်းတဲ့ အနေအထား ၊ အဆင်းလှတဲ့ လမ်းဖြစ်တော့မယ်လို့ မျှော်လင့်တယ်"ဟုဆိုသည်။

Zawgyi Version;
မႏၲေလး - လားရႈိးလမ္း (သို႔မဟုတ္) ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္ လမ္းမႀကီး
သုတေက်ာ္ ၊ သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီလ ၂၂

ျမန္မာႏိုင္ငံ၏ စီးပြားေရးတံခါးေပါက္ျဖစ္ ေသာ မႏၲေလး-လားရႈိး ျပည္ေထာင္စုလမ္းမႀကီးသည္ (၁၀၂၇) ဟု နာမည္ေပးထားသည့္ တိုက္ခိုက္မႈမ်ား အၿပီးတြင္ ရပ္တန႔္လုမတတ္ျဖစ္ခဲ့ရသည္။

တိုက္ပြဲမ်ား၊ လမ္းတံတားပ်က္စီးမႈမ်ားႏွင့္ လုံၿခဳံေရးအရ ကန႔္သတ္ခ်က္မ်ားေၾကာင့္ ခရီးသြား ျပည္သူမ်ားႏွင့္ ကုန္သည္မ်ားအတြက္ ခက္ခဲၾကမ္း တမ္းေသာလမ္းပိုင္းျဖစ္လာခဲ့သည္။ (၁၈၄) မိုင္ေက်ာ္ ကြာေဝးမည့္ မႏၲေလး - လားရႈိးလမ္းပိုင္းသည္ ၾကား တြင္ ျပင္ဦးလြင္ - ေနာင္ခ်ိဳ - သီေပါ စသည္ျဖင့္ ၿမိဳ႕မ်ားကို ျဖတ္သန္းသြားျခင္းျဖစ္ၿပီး ခရီးၾကာျမင့္ ခ်ိန္မွာ (၆) နာရီ (၅၀) မိနစ္ ျဖစ္သည္။
ယင္းလမ္းၾကားတြင္ ေနာင္ခ်ိဳၿမိဳ႕၊ ေက်ာက္ မဲၿမိဳ႕ႏွင့္ သီေပါၿမိဳ႕တို႔မွာ TNLA ၏ ထိန္းခ်ဳပ္မႈ ေအာက္တြင္ရွိခဲ့ၿပီး ယင္းနယ္ေျမအေက်ာ္တြင္ MNDAA တို႔ ရွိေလရာ အဆိုပါလမ္းပိုင္းသည္ စိုးရိမ္ရေသာ လမ္းပိုင္းတစ္ခုအျဖစ္ ကာလအတန္ၾကာ တည္ရွိေနခဲ့သည္။
" လမ္းပိုင္းကို စိတ္မခ်တာေရာ ကိုယ့္ၿမိဳ႕ ကိုယ္ စိုးရိမ္တာေရာေၾကာင့္ TNLA ထိန္းခ်ဳပ္ထား တုန္းမွာေတာ့ မျပန္ေတာ့ဘူးလို႔ ဆုံးျဖတ္ထားတယ္" ဟု မျဖဴ (အမည္လႊဲ)က NP News သို႔ ေျဖၾကားထားဖူးသည္။
ယင္းလမ္းပိုင္းကို ႏွစ္ပိုင္းခြဲေျပာရန္လိုအပ္ လာပါသည္။ မႏၲေလးမွသီေပါအထိ တစ္ပိုင္း၊ သီေပါ မွလားရႈိးအထိ တစ္ပိုင္းျဖစ္ၿပီး အေျခအေနမတူေသာ ေၾကာင့္ ျဖစ္သည္။
သီေပါ၊ ေက်ာက္မဲ၊ ေနာင္ခ်ိဳအထိ TNLA ထိန္းခ်ဳပ္ခဲ့သည္သာမက ေတာင္ခမ္းအထိ TNLA တို႔ေရာက္လာခဲ့သည္။ ထိုစဥ္က TNLA ႏွင့္ အေပါင္း ပါတို႔၏ထိန္းခ်ဳပ္မႈေအာက္မွ ယင္းၿမိဳ႕တို႔ႏွင့္ လမ္းပန္း ဆက္သြယ္ေရးအေျခအေနမွာ ေဒသခံတို႔အတြက္ အိပ္မက္ဆိုးတစ္ခုသဖြယ္ျဖစ္ခဲ့သည္။
ကုန္တို႔သည္ ယခင္ကဲ့သို႔ အလြယ္တကူ ျဖတ္သန္းႏိုင္ျခင္း မရွိေတာ့။ သူပုန္ဂိတ္မ်ားက စစ္ ေဆးရာတြင္ အစိုးမရ။ လိုခ်င္ေသာ ပစၥည္းမ်ားကို လက္နက္ကိုင္တို႔က ႏႈိက္ယူလိုက္ျခင္းမ်ားလည္း ရွိ လာသည္။ လမ္းပန္းဆက္သြယ္ေရးခက္ခဲသည့္ အျပင္ သြားေရးလာေရး အဆင္မေျပေသာေၾကာင့္ ေနာင္ခ်ိဳၿမိဳ႕ဘက္ ယခင္ထက္ ေဈးအဆမတန္ ျမင့္တက္ျခင္းမ်ိဳး ႀကဳံရသည္။ သြား႐ိုး လမ္းေကာင္းမွ သြားမရျခင္းမ်ိဳးရွိၿပီး ေတာလမ္းမ်ားမွ သြားရျခင္းတို႔ ရွိလာၿပီး မတတ္သာမွသာ သြားရေသာအေျခအေန ထိတိုင္ ဆိုက္ေရာက္သြားခဲ့သည္။
" တစ္ခါက သြားေနရင္း ေသနတ္သံၾကား ေတာ့ ကားကို ခ်က္ခ်င္းရပ္ၿပီး ေဘးကိုဆင္း အနားက ေျပာင္းခင္းထဲဝင္ေျပးရတာ။ ဘဝမွာ မွတ္မွတ္ရရ ေပါ့"ဟု ကိုစိုင္း(အမည္လႊဲ)ကလည္း ယခင္ TNLA တို႔ ယင္းေဒသကိုထိန္းခ်ဳပ္စဥ္အခ်ိန္က NP News ကို ေျဖၾကားထားဖူးသည္။
ထိုစဥ္ကအေျခအေနမွာ ဥပေဒမရွိေတာ့ သူပုန္တို႔လက္ေအာက္တြင္ ေနာင္ခ်ိဳ - ေက်ာက္မဲ - သီေပါဘက္သို႔ သြားရမည့္ခရီးမွာ အသက္ကို "ဖက္နဲ႔ထုပ္ထားေပေတာ့"ဟု ေျပာေနသေယာင္ပင္ ရွိခဲ့သည္။ ထို႔ျပင္ ပိုဆိုးသည္က လက္နက္ကိုင္ထား သည့္ အမည္မသိ လူတို႔ကိုေၾကာက္ရသည့္ စိုးထိတ္ မႈတို႔က ယင္းလမ္းတြင္စိုးမိုးခဲ့၏။ သူပုန္တို႔ လက္ ေအာက္တြင္ မ်က္ႏွာၾကည့္ေနရသည္ကလည္း ဒုကၡ တစ္မ်ိဳးပင္။
ယင္းေနာက္ တပ္မေတာ္က ေတာင္ခမ္း တြင္ သမိုင္းဝင္ေအာင္ပြဲကိုရယူၿပီး နယ္ေျမခ်ဲ႕ကာ ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ သီေပါတို႔ကို ဆက္လက္ ထိန္း ခ်ဳပ္ႏိုင္ၿပီးေနာက္ ယင္းေဒသမွ ျပည္သူတို႔ ေမွ်ာ္လင့္ ေနေသာအေျခအေနကို ျပန္ေရာက္လာခဲ့သည္။ ကာလအခ်ိဳ႕ၾကာ ေနအိမ္စြန႔္ခြာခဲ့ရသူတို႔မွာ မိမိတို႔ ေမြးရပ္ေျမသို႔ အၿပဳံးပန္းမ်ားျဖင့္ ျပန္လည္ ဝင္ေရာက္ ႏိုင္ခဲ့ၾကသည္။
" ကြၽန္မ အခု ျပန္ေရာက္ၿပီ။ ကိုယ့္ေမြး ရပ္ေျမေလာက္ ဘယ္ဟာမွ မေကာင္းဘူးေလ" ဟု အထက္ပါ မျဖဴ (အမည္လႊဲ) ကပင္ NP News သို႔ ႐ႊင္ပ်ေသာေလသံျဖင့္ ျပန္လည္ေျဖၾကား သည္။
တပ္မေတာ္က နယ္ေျမျပန္လည္ စိုးမိုးၿပီး သည့္ေနာက္ မႏၲေလးမွ သီေပါအထိ လမ္းပန္း ဆက္ သြယ္ေရး ေကာင္းမြန္ေစရန္ ေဆာင္႐ြက္သည္။ က်န္း မာေရး ေစာင့္ေရွာက္မႈမ်ား ေဆာင္႐ြက္သည္။ အစိုးရ အုပ္ခ်ဳပ္ေရး ယႏၲရားလည္ပတ္ၿပီး ျပည္သူတို႔၏ အေျခခံလိုအပ္ခ်က္မ်ားကို လ်င္ျမန္စြာ ျဖည့္ဆည္း ႏိုင္ခဲ့သည္။
တပ္မေတာ္က သီေပါၿမိဳ႕ကိုမသိမ္းမီ ကပင္ ေက်ာက္မဲၿမိဳ႕သို႔ သြားေရာက္ကာ အထုပ္ျပင္ ေစာင့္ဆိုင္းခဲ့ၾကေသာ ေဒသခံလူထုသည္ ျမန္မာႏိုင္ငံ ပဋိပကၡဆိုးက်ိဳးႏွင့္အတူ တပ္မေတာ္အေပၚယုံ ၾကည္မႈကိုလည္း ထင္ထင္ရွားရွားျမင္ေတြ႕ခဲ့ရျခင္း ျဖစ္သည္။
" အခုကေတာ့ ဒီမႏၲေလး၊ ျပင္ဦးလြင္၊ ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ သီေပါေပါ့ေနာ္။ ျပည္ေထာင္စု လမ္းမႀကီးကေတာ့ ကြၽန္ေတာ္တို႔ကေတာ့ အခက္ အခဲမရွိ သြားလာႏိုင္ပါတယ္။ အဲဒီကေနမွ ကြၽန္ေတာ္ တို႔က ဟိုဘက္ျခမ္းကိုလည္း ကြၽန္ေတာ္တို႔ လားရႈိး ဘက္ကို သြားလို႔ရသလို ေတာင္ပိုင္းလမ္းကိုလည္း ကြၽန္ေတာ္တို႔က အဆင္ေျပေျပနဲ႔ သြားလို႔ရတဲ့ အေျခ အေန တစ္ခုမွာရွိလာပါတယ္။ ယခင္ကထက္ ကြၽန္ ေတာ္တို႔ ဒီျပန္လည္ရရွိၿပီးတဲ့ ေနာက္မွာေတာ့ ယခင္ ကထက္စာရင္ သြားလာရတာေတြလည္း ပိုၿပီးေတာ့ လြယ္ကူ လာပါတယ္"ဟု သီေပါၿမိဳ႕ခံတစ္ဦးက ဆို သည္။
မႏၲေလး - သီေပါလမ္းပိုင္းအၿပီး သီေပါ -လားရႈိးအပိုင္းကို ဆက္လက္ေဖာ္ျပပါမည္။ ျမန္မာ ႏိုင္ငံ၏ နာမည္ေက်ာ္စီးပြားေရးၿမိဳ႕ေတာ္တစ္ခုျဖစ္ သည့္ လားရႈိးၿမိဳ႕ကို MNDAA ကထိန္းခ်ဳပ္ခဲ့ေသာ္ လည္း ေနာက္ပိုင္းတြင္ အစိုးရက MNDAA ႏွင့္ အပစ္ရပ္ကာ ျပန္လည္ရယူထားသည္။
လားရႈိးသည္လည္း အလားတူပင္ ၿမိဳ႕သူ၊ ၿမိဳ႕သားတို႔သည္ ဗဟိုအစိုးရ၏ အုပ္ခ်ဳပ္ျခင္းကိုလိုလား သူက အမ်ားစုျဖစ္ခဲ့သည္။ အေျခခံအားျဖင့္ လူမ်ိဳး ေပါင္းစုံေရာေႏွာေနထိုင္သည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေသာ္ လည္း အျခားလူမ်ိဳးတစ္မ်ိဳးက ၎တို႔၏ ယဥ္ေက်းမႈ ပုံစံခြက္အတြင္းထည့္သြင္းရန္ ႀကိဳးပမ္းျခင္းကို လက္မခံႏိုင္ခဲ့ၾကေပ။
လားရႈိးသည္ အစိုးရလက္တြင္း ျပန္လည္ ေရာက္ရွိလာၿပီးသည့္ေနာက္ MNDAA ႏွင့္လည္း အပစ္ရပ္ထားေသာအေျခအေနတြင္ သီေပါႏွင့္ လား ရႈိးၾကားလမ္းပိုင္းမွာ ယခုေနာက္ပိုင္းတြင္ ပိုမိုအေကာင္း ျမင္ဖြယ္အသြင္မ်ိဳးကိုေတြ႕လာရသည္။ ယခင္ တစ္ ဖက္ႏွင့္တစ္ဖက္တင္းမာစဥ္အခ်ိန္က ယင္းလမ္း သည္လည္း သြားရခက္ေသာလမ္းပိုင္းတစ္ပိုင္း ျဖစ္ ခဲ့သည္။
" သီေပါ၊ လားရႈိးလမ္းပိုင္းကေတာ့ MNDAAထိန္းခ်ဳပ္မႈေအာက္မွာပဲ ရွိေသးတယ္ေပါ့ ေနာ္။ ဒါေပမဲ့ အရင္ကေလာက္ေတာ့ ကြၽန္ေတာ္တို႔ ကေတာ့ သြားလာရတာ မခက္ခဲေတာ့ပါဘူး။ ဒီအရပ္ သားျပည္သူ အိမ္စီးကားေလးေတြဘာေတြ သြားလာ ရတာေတာ့ လြယ္ကူပါတယ္ေပါ့။ ေခ်ာေခ်ာေမြ႕ေမြ႕ေတာ့ရွိပါတယ္ေပါ့။ အဲဒီလိုမ်ိဳးေတာ့ေျပာလို႔ရပါ တယ္" ဟု ၎ကဆိုသည္။
မႏၲေလးမွလားရႈိးၿမိဳ႕အထိ လမ္းပိုင္းအေျခ အေနႏွင့္ပတ္သက္၍ ေဒသခံမ်ားကမူ မၾကာမီ ပိုမို အဆင္ေျပလာဖြယ္ရွိေၾကာင္း အေကာင္းျမင္ထားၾက သည္။ စစ္ပြဲသည္ မေကာင္းေၾကာင္းကိုလည္း ေဒသ ခံတို႔မွာ ဘဝႏွင့္ရင္းကာ သိခဲ့ၾကၿပီးျဖစ္သည္။
" လက္ရွိအေနအထားမွာ‌ေတာ့ ကြၽန္ေတာ္ တို႔ကေတာ့ ေရွးယခင္ကထက္စာရင္ အမ်ားႀကီးေကာင္း မြန္တဲ့အေနအထားတစ္ခုကိုေရာက္လာတယ္။ သိပ္ မၾကာခင္မွာလည္း ေဒသကို ျပန္လည္ၿပီး‌ေတာ့ ဦး ေမာ့လာႏိုင္ဖို႔လည္းေမွ်ာ္လင့္တယ္ေပါ့"ဟု ၎က ဆိုသည္။
လက္ရွိတြင္ ပါတီစုံဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲႀကီးၿပီးသည့္ေနာက္တြင္ လႊတ္ေတာ္ မေခၚရေသးသည့္တိုင္ ေ႐ြးခ်ယ္ခံလႊတ္ေတာ္ကိုယ္ စားလွယ္မ်ားကား ေပၚေပါက္ခဲ့ၿပီျဖစ္သည္။ ျပည္သူကေ႐ြးခ်ယ္ထားသည့္ ယင္းလႊတ္ေတာ္ကိုယ္စား လွယ္တို႔၏အခန္းက႑သည္လည္း ပဋိပကၡေဒသ တြင္ အေရးပါေသာေနရာမွရွိေနမည္ျဖစ္သည္။
လက္ရွိတြင္ တပ္မေတာ္က ျပန္လည္ထိန္း ခ်ဳပ္ထားၿပီျဖစ္သည့္ သီေပါၿမိဳ႕ႏွင့္ပတ္သက္၍ ေဒသ တြင္း တည္ၿငိမ္ေအးခ်မ္းေစရန္ႀကိဳးပမ္းမည္ဟု ရွမ္း ႏွင့္တိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ (က်ားျဖဴ) မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေကာင္းသက္စံ က NP News သို႔ေျပာသည္။
" ျပည္ေထာင္စုအစိုးရနဲ႔ ကြၽန္ေတာ္တို႔က ရွင္းလို႔ရတဲ့ကိစၥေတြ ျပည္ေထာင္စုအစိုးရနဲ႔ ကြၽန္ ေတာ္တို႔ကသြားမယ္။ ေနာက္ ျပည္နယ္အစိုးရနဲ႔ေဆာင္ ႐ြက္လို႔ရတဲ့အခါ ျပည္နယ္အစိုးရနဲ႔ ေဆာင္႐ြက္မယ့္ ကိစၥေပါ့။ စီးပြားေရးကိုေတာ့ ေစာေစာက ကြၽန္ေတာ္ တို႔ေျပာသလိုေပါ့။ သီေပါၿမိဳ႕ဆိုတာက Tourism မွီခိုရတဲ့ၿမိဳ႕ေပါ့။ ခရီးသြားကိုမွီခိုၿပီးေတာ့လုပ္ရတဲ့ ေဒသျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔က ေဒသတည္ၿငိမ္ ေအးခ်မ္းေရးကိုသာ ဦးစားေပးေဆာင္႐ြက္တယ္။ ဒီလိုတည္ၿငိမ္ေအးခ်မ္ေရးေဆာင္႐ြက္တဲ့အခါမွာ ကြၽန္ေတာ္တို႔အေနနဲ႔ ေစ့စပ္ညႇိႏႈိင္းေရး လမ္းစဥ္ ေပါ့ဗ်ာ"ဟု ၎ကဆိုသည္။
တည္ၿငိမ္ေရးသည္သာ ေဒသခံစီးပြားေရး အတြက္ အခရာက်ေၾကာင္းလည္း ၎ကဆိုသည္။ " ကြၽန္ေတာ္တို႔က အေကာင္းဆုံးတည္ၿငိမ္ေရးအ တြက္ ေဆာင္႐ြက္သြားၿပီး‌ေတာ့ ေဒသခံ စီးပြားေရးေပါ့ ဗ်ာ။ ဒီခရီးသြားေတြလာမွ လူထုလာမွပဲ ေဒသတြင္းစီး ပြားေရးက ေအာင္ျမင္မွာကိုး။ အဲဒီအတြက္ ကြၽန္ေတာ္ တို႔က ဦးစားေပးေဆာင္႐ြက္သြားဖို႔ ရွိပါတယ္။ ႏိုင္ငံ ေတာ္အစိုးရအေနနဲ႔လည္း လာသြားပါတယ္။ ဒီအေပၚ မွာလည္း မွတ္ခ်က္ျပဳသြားပါတယ္။ ဒီအတိုင္းကို ကြၽန္ေတာ္တို႔က ဆက္လက္ၿပီးေတာ့ ေဆာင္႐ြက္ သြားမွာပါ" ဟု ဆိုသည္။
ထူးျခားသည္က ယင္းလမ္းေၾကာ တစ္ ေလွ်ာက္မွ ျပည္သူမ်ားအေနျဖင့္ တစ္ဦးႏွင့္ တစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ ေျဖရွင္းျခင္းထက္ စားပြဲဝိုင္းေပၚ ေျဖရွင္းျခင္းကသာလွ်င္ အေျဖျဖစ္ေၾကာင္းလည္း ယုံၾကည္ေနၾကေၾကာင္း NP News က ေမးျမန္းခြင့္ရခဲ့သူအခ်ိဳ႕ကို အကဲခတ္ခ်က္အရ သိရ သည္။ ယင္းမွာ စစ္၏ဆိုးက်ိဳးကို ကိုယ္တိုင္ ႀကဳံခဲ့ၾက ရေသာေၾကာင့္ ျဖစ္ေပလိမ့္မည္။
ယခင္ကဲ့သို႔ မႏၲေလးမွသည္ လားရႈိး အထိ၊ ထိုမွ အိမ္နီးခ်င္းႏိုင္ငံအထိ ကုန္သြယ္ေရး လမ္းေၾကာင္းမ်ား ယခင္ကဲ့သို႔ ဥဒဟိုပြင့္ရန္၊ ေဒသ တြင္း စီးပြားေရးေကာင္းရန္ညႇိႏႈိင္းျခင္းျဖင့္ အေျဖရွာ ရန္ လိုလားေနၾကသည္။
" တိုက္ယူရတဲ့အေျဖနဲ႔ စားပြဲဝိုင္းမွာ ရွာယူ တဲ့ အေျဖက ပိုၿပီးေတာ့ သင့္ေတာ္ေကာင္းမြန္တဲ့ အေျဖတစ္ခု ျဖစ္တယ္ေလေနာ္။ ဒီအတြက္က်ေတာ့ ကြၽန္ေတာ္တို႔က သိပ္မၾကာခင္မွာ ရလဒ္ေကာင္းေတြ ထြက္ေပၚလာလိမ့္မယ္ အရင္လိုပဲျပန္ျဖစ္ပါလိမ့္မယ္ လို႔ ေမွ်ာ္လင့္တယ္"ဟု ေက်ာက္မဲၿမိဳ႕ခံတစ္ဦးက ဆိုသည္။
ေက်ာက္မဲၿမိဳ႕ခံ တစ္ဦးကမူ မႏၲေလး- လားရႈိးလမ္းပိုင္းသည္ ခေယာင္းလမ္းအျဖစ္မွ အဆင္ ေျပေသာ လမ္းတစ္ခုအျဖစ္ ေပ်ာ့ေပ်ာင္းေသာ အေျခ အေနကို ေရာက္ေတာ့မည္ျဖစ္ေၾကာင္း တင္စားေျပာ ၾကားလိုသည္ဟု ဆိုသည္။ ယင္းကို ေဒသခံက " ခေယာင္းလမ္းျဖစ္ေသာ္လည္းပဲ ကြၽန္ေတာ္တို႔ကေတာ့ သိပ္မၾကာခင္မွာေတာ့ ေပ်ာ့ေပ်ာင္းညင္သာတဲ့ လမ္း ပိုင္းေလးတစ္ခုေပါ့။ ဆူးခေယာင္းၾကမ္းတမ္းတဲ့ အေနအထားကေန ေပ်ာ့ေပ်ာင္းတဲ့ အေနအထား ၊ အဆင္းလွတဲ့ လမ္းျဖစ္ေတာ့မယ္လို႔ ေမွ်ာ္လင့္တယ္"ဟုဆိုသည္။

Related news

© 2021. All rights reserved.