နျူကလီးယားအရေးနှင့်ပတ်သက်ပြီး အီရန်နှင့် သဘောတူညီမှုမရပါက စစ်ရေးအရ အရေးယူမည်ဟု အမေရိကန်သမ္မတ သတိပေး

 189

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေဖြင့် နျူကလီးယားအရေးနှင့်ပတ် သက်ပြီး သဘောတူ ညီမှုတစ်ခုမရရှိပါက လာမည့် (၁၀) ရက်အတွင်း ပြင်းထန်သော အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း “Board of Peace” အဖွင့်အစည်းအဝေး၌ မိန့်ခွန်းပြောဆိုချိန်အတွင်း ထပ်မံ သတိပေးလိုက်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့် (၂၀၂၅)ခုနှစ် ဇွန်လအတွင်းက အီရန် နျူကလီးယား စက်ရုံများကို အမေရိကန်က လေကြောင်းမှတိုက်ခိုက်ခဲ့မှုများကို ပြန်လည်ရည်òန်း ခဲ့ပြီးယခုအခါ နောက်တစ်ဆင့်သို့ တက်လှမ်းရမည့် အချိန်ရောက်လာပြီဖြစ်ကြောင်း ပြောဆိုထားသည်။ အမေရိကန်သမ္မတက “ကျွန်တော်တို့အနေနဲ့ နောက်တစ်ဆင့်ကို ဆက်တက်ရမလား၊ ဒါမှမဟုတ် သဘော တူညီမှုတစ်ခု ရသွားမလားဆိုတာ လာမယ့်(၁၀) ရက် လောက်အတွင်းမှာ ခင်ဗျားတို့ မြင်တွေ့ရပါလိမ့်မယ်။ အဓိပ္ပာယ်ပြည့်ဝတဲ့ သဘောတူညီမှုတစ်ခုမရရင် တော့ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်”ဟု ပြောသည်။
အမေရိကန်သည် လက်ရှိအချိန်တွင် (၂၀ဝ၃) ခုနှစ်ကဖြစ်ပွားခဲ့သည့် အီရတ်စစ်ပွဲ နောက်ပိုင်း အကြီးမား ဆုံးသော ရေတပ်နှင့် လေတပ်အင် အားကို အရှေ့အလယ်ပိုင်းဒေသသို့ စုစည်းစေလွှတ်ထားသလို လေယာဉ်တင် သင်္ဘောများနှင့် တိုက်လေယာဉ်များကို အသင့်အနေအထား ပြင်ဆင်ထားပြီး လိုအပ်ပါက သီတင်းပတ်အကုန်တွင် စစ်ဆင်ရေး စတင်နိုင် ရန်ပြင်ဆင်ထားကြောင်း သတင်များလည်း ထွက်ပေါ်နေသည်။
အမေရိကန်၏ခြိမ်းခြောက်မှုများကို တန်ပြန်ရန်အတွက် အီရန်နှင့် ရုရှားရေတပ်တို့သည် အိုမန်ပင်လယ်ကွေ့ (Sea of Oman) တွင် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိရာ ဒေသတွင်း စစ်ရေးအားပြိုင်မှု ပိုမိုပြင်းထန် လာလျက်ရှိနေ ကြောင်းသိရသည်။ ဂျီနီဗာတွင်ပြုလုပ်နေသော အမေရိကန်-အီရန် ကိုယ်စားလှယ်များ၏ ဆွေးနွေး ပွဲများမှာ တိုးတက်မှုအချို့ရှိနေသော်လည်း “အီရန်တွင် နျူကလီးယားလက်နက် လုံးဝမရှိရ” ဆိုသည့် အမေရိကန်၏ တောင်းဆိုချက်က နှစ်နိုင်ငံကြား ဆွေးနွေးမှုများကိုအဟန့်အတားဖြစ်စေခဲ့ကြောင်းသိရ သည်။
လက်ရှိအချိန်တွင် အမေရိကန်က အီရန်ကို တိုက်ခိုက်လာမည်ဆိုလျှင် အရှေ့အလယ်ပိုင်း ဒေသအတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများသည် အီရန်၏ ပစ်မှတ်ဖြစ်လာဖွယ်ရှိနေကြောင်း အီရန်အစိုးရက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို အသိပေးထားသည်။

Zawgyi Version;
န်ဴကလီးယားအေရးႏွင့္ပတ္သက္ၿပီး အီရန္ႏွင့္ သေဘာတူညီမႈမရပါက စစ္ေရးအရ အေရးယူမည္ဟု အေမရိကန္သမၼတ သတိေပး
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၂
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အီရန္ႏိုင္ငံအေနျဖင့္ န်ဴကလီးယားအေရးႏွင့္ပတ္ သက္ၿပီး သေဘာတူ ညီမႈတစ္ခုမရရွိပါက လာမည့္ (၁၀) ရက္အတြင္း ျပင္းထန္ေသာ အက်ိဳးဆက္မ်ားႏွင့္ ရင္ဆိုင္ရမည္ျဖစ္ေၾကာင္း “Board of Peace” အဖြင့္အစည္းအေဝး၌ မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း ထပ္မံ သတိေပးလိုက္သည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၿပီးခဲ့သည့္ (၂၀၂၅)ခုႏွစ္ ဇြန္လအတြင္းက အီရန္ န်ဴကလီးယား စက္႐ုံမ်ားကို အေမရိကန္က ေလေၾကာင္းမွတိုက္ခိုက္ခဲ့မႈမ်ားကို ျပန္လည္ရည္òန္း ခဲ့ၿပီးယခုအခါ ေနာက္တစ္ဆင့္သို႔ တက္လွမ္းရမည့္ အခ်ိန္ေရာက္လာၿပီျဖစ္ေၾကာင္း ေျပာဆိုထားသည္။ အေမရိကန္သမၼတက “ကြၽန္ေတာ္တို႔အေနနဲ႔ ေနာက္တစ္ဆင့္ကို ဆက္တက္ရမလား၊ ဒါမွမဟုတ္ သေဘာ တူညီမႈတစ္ခု ရသြားမလားဆိုတာ လာမယ့္(၁၀) ရက္ ေလာက္အတြင္းမွာ ခင္ဗ်ားတို႔ ျမင္ေတြ႕ရပါလိမ့္မယ္။ အဓိပၸာယ္ျပည့္ဝတဲ့ သေဘာတူညီမႈတစ္ခုမရရင္ ေတာ့ ဆိုး႐ြားတဲ့ အက်ိဳးဆက္ေတြ ျဖစ္လာလိမ့္မယ္”ဟု ေျပာသည္။
အေမရိကန္သည္ လက္ရွိအခ်ိန္တြင္ (၂၀ဝ၃) ခုႏွစ္ကျဖစ္ပြားခဲ့သည့္ အီရတ္စစ္ပြဲ ေနာက္ပိုင္း အႀကီးမား ဆုံးေသာ ေရတပ္ႏွင့္ ေလတပ္အင္ အားကို အေရွ႕အလယ္ပိုင္းေဒသသို႔ စုစည္းေစလႊတ္ထားသလို ေလယာဥ္တင္ သေဘၤာမ်ားႏွင့္ တိုက္ေလယာဥ္မ်ားကို အသင့္အေနအထား ျပင္ဆင္ထားၿပီး လိုအပ္ပါက သီတင္းပတ္အကုန္တြင္ စစ္ဆင္ေရး စတင္ႏိုင္ ရန္ျပင္ဆင္ထားေၾကာင္း သတင္မ်ားလည္း ထြက္ေပၚေနသည္။
အေမရိကန္၏ၿခိမ္းေျခာက္မႈမ်ားကို တန္ျပန္ရန္အတြက္ အီရန္ႏွင့္ ႐ုရွားေရတပ္တို႔သည္ အိုမန္ပင္လယ္ေကြ႕ (Sea of Oman) တြင္ ပူးေပါင္း စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္လ်က္ရွိရာ ေဒသတြင္း စစ္ေရးအားၿပိဳင္မႈ ပိုမိုျပင္းထန္ လာလ်က္ရွိေန ေၾကာင္းသိရသည္။ ဂ်ီနီဗာတြင္ျပဳလုပ္ေနေသာ အေမရိကန္-အီရန္ ကိုယ္စားလွယ္မ်ား၏ ေဆြးေႏြး ပြဲမ်ားမွာ တိုးတက္မႈအခ်ိဳ႕ရွိေနေသာ္လည္း “အီရန္တြင္ န်ဴကလီးယားလက္နက္ လုံးဝမရွိရ” ဆိုသည့္ အေမရိကန္၏ ေတာင္းဆိုခ်က္က ႏွစ္ႏိုင္ငံၾကား ေဆြးေႏြးမႈမ်ားကိုအဟန႔္အတားျဖစ္ေစခဲ့ေၾကာင္းသိရ သည္။
လက္ရွိအခ်ိန္တြင္ အေမရိကန္က အီရန္ကို တိုက္ခိုက္လာမည္ဆိုလွ်င္ အေရွ႕အလယ္ပိုင္း ေဒသအတြင္းရွိ အေမရိကန္စစ္အေျခစိုက္စခန္းမ်ားသည္ အီရန္၏ ပစ္မွတ္ျဖစ္လာဖြယ္ရွိေနေၾကာင္း အီရန္အစိုးရက ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ကို အသိေပးထားသည္။

Related news

© 2021. All rights reserved.