အီရန်ခေါင်းဆောင်ကို သတ်ပစ်ရန် ဖြစ်နိုင်ခြေများကို ဒေါ်နယ်ထရမ့် ချိန်ဆနေဟုဆို

 977

Pika (NP News) - ဖေဖော်ဝါရီ ၂၂

အစိုးရအပြောင်းအလဲဖြစ်ရန် မျှော်လင့်ချက်များနှင့်အတူ အီရန်၏ခေါင်းဆောင်ကိုသတ်ပစ် ရန်ဖြစ်နိုင် ခြေများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ချိန်ဆနေကြောင်း အမေရိကန်နှင့်နိုင်ငံခြား အရာရှိများကိုကိုးကားပြီး Wall Street Journal က ရေးသားဖော်ပြခဲ့သည်။ သို့သော်လည်း အီရန်ခေါင်း ဆောင်ကိုသတ်ပစ်ရန်ဖြစ်နိုင်ခြေများနှင့် ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ဒေါ်နယ်ထရမ့်က ချမှတ်ရခြင်းမျိုးမရှိသေးကြောင်း Wall Street Journal က ရေးသားဖော်ပြခဲ့သည်။ အစီရင်ခံစာအရ အီရန်အစိုးရကိုဖြုတ်ချရန်အတွက် အီရန်နိုင်ငံရေးနှင့်စစ်ဘက်ဆိုင်ရာခေါင်း ဆောင်များကို သတ်ပစ်ရန်အလားအလာရှိသော သီတင်းပတ်များစွာကြာမြင့်မည့် လေကြောင်းတိုက်ခိုက်မှု အပါအဝင် တိုက်ခိုက်မှုရွေးချယ်ရေးဆိုင်ရာ ရှင်းလင်းချက်အများအပြားကို ဒေါ်နယ်ထရမ့်က လက်ခံရရှိခဲ့ ကြောင်းလည်းသိရသည်။
ထို့ပြင် အခြားရွေးချယ်စရာများမှာ နျူကလီးယားနှင့်ဒုံးကျည်နေရာများကို အာရုံစိုက်ခဲ့ကြောင်း သတင်းများ လည်းထွက်ပေါ်ခဲ့သည်။ သို့သော်လည်း အီရန်၏ နျူကလီးယားနှင့်ပဲ့ထိန်းဒုံးကျည်အစီအစဉ်များကိုဖျက်သိမ်းရန် အတွက် ဖိအားပေးရန် သံတမန်ရေးဖိအားများကို ဒေါ်နယ်ထရမ့်က အသုံးပြုလိုနေဆဲ ဖြစ်ကြောင်းလည်းသိရသည်။
လာမည့် ဖေဖော်ဝါရီလ(၂၁)ရက်တွင် အီရန်ကိုတိုက်ခိုက်ရန် အမေရိကန်စစ်တပ်က အသင့်ပြင်ထားကြောင်း သတင်းရင်းမြစ်အချို့ကိုကိုး ကားပြီး CBS သတင်းဌာနကရေးသားဖော်ပြခဲ့သည်။ ထို့ပြင် အလားအလာရှိသောစစ်ရေး အရဆောင်ရွက်မှုအချိန်ဇယားမှာ ယခု သီတင်းပတ်အကုန်ကို ကျော်လွန်သွားနိုင်ဖွယ်ရှိကြောင်း CBS သတင်းဌာနက ထပ်မံရေးသားဖော်ပြခဲ့သည်။

Zawgyi Version;
အီရန္ေခါင္းေဆာင္ကို သတ္ပစ္ရန္ ျဖစ္ႏိုင္ေျခမ်ားကို ေဒၚနယ္ထရမ့္ ခ်ိန္ဆေနဟုဆို
Pika (NP News) - ေဖေဖာ္ဝါရီ ၂၂

အစိုးရအေျပာင္းအလဲျဖစ္ရန္ ေမွ်ာ္လင့္ခ်က္မ်ားႏွင့္အတူ အီရန္၏ေခါင္းေဆာင္ကိုသတ္ပစ္ ရန္ျဖစ္ႏိုင္ ေျခမ်ားကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ခ်ိန္ဆေနေၾကာင္း အေမရိကန္ႏွင့္ႏိုင္ငံျခား အရာရွိမ်ားကိုကိုးကားၿပီး Wall Street Journal က ေရးသားေဖာ္ျပခဲ့သည္။ သို႔ေသာ္လည္း အီရန္ေခါင္း ေဆာင္ကိုသတ္ပစ္ရန္ျဖစ္ႏိုင္ေျခမ်ားႏွင့္ ပတ္သက္ၿပီး ေနာက္ဆုံး ဆုံးျဖတ္ခ်က္ကို ေဒၚနယ္ထရမ့္က ခ်မွတ္ရျခင္းမ်ိဳးမရွိေသးေၾကာင္း Wall Street Journal က ေရးသားေဖာ္ျပခဲ့သည္။ အစီရင္ခံစာအရ အီရန္အစိုးရကိုျဖဳတ္ခ်ရန္အတြက္ အီရန္ႏိုင္ငံေရးႏွင့္စစ္ဘက္ဆိုင္ရာေခါင္း ေဆာင္မ်ားကို သတ္ပစ္ရန္အလားအလာရွိေသာ သီတင္းပတ္မ်ားစြာၾကာျမင့္မည့္ ေလေၾကာင္းတိုက္ခိုက္မႈ အပါအဝင္ တိုက္ခိုက္မႈေ႐ြးခ်ယ္ေရးဆိုင္ရာ ရွင္းလင္းခ်က္အမ်ားအျပားကို ေဒၚနယ္ထရမ့္က လက္ခံရရွိခဲ့ ေၾကာင္းလည္းသိရသည္။
ထို႔ျပင္ အျခားေ႐ြးခ်ယ္စရာမ်ားမွာ န်ဴကလီးယားႏွင့္ဒုံးက်ည္ေနရာမ်ားကို အာ႐ုံစိုက္ခဲ့ေၾကာင္း သတင္းမ်ား လည္းထြက္ေပၚခဲ့သည္။ သို႔ေသာ္လည္း အီရန္၏ န်ဴကလီးယားႏွင့္ပဲ့ထိန္းဒုံးက်ည္အစီအစဥ္မ်ားကိုဖ်က္သိမ္းရန္ အတြက္ ဖိအားေပးရန္ သံတမန္ေရးဖိအားမ်ားကို ေဒၚနယ္ထရမ့္က အသုံးျပဳလိုေနဆဲ ျဖစ္ေၾကာင္းလည္းသိရသည္။
လာမည့္ ေဖေဖာ္ဝါရီလ(၂၁)ရက္တြင္ အီရန္ကိုတိုက္ခိုက္ရန္ အေမရိကန္စစ္တပ္က အသင့္ျပင္ထားေၾကာင္း သတင္းရင္းျမစ္အခ်ိဳ႕ကိုကိုး ကားၿပီး CBS သတင္းဌာနကေရးသားေဖာ္ျပခဲ့သည္။ ထို႔ျပင္ အလားအလာရွိေသာစစ္ေရး အရေဆာင္႐ြက္မႈအခ်ိန္ဇယားမွာ ယခု သီတင္းပတ္အကုန္ကို ေက်ာ္လြန္သြားႏိုင္ဖြယ္ရွိေၾကာင္း CBS သတင္းဌာနက ထပ္မံေရးသားေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.