အီရန် IRGC အဖွဲ့၏ ရွှေ၊ ယူရိုနှင့်ခရစ်ပတိုကွန်ရက်များကို သိမ်းဆည်းရန် (EU) စီစဉ်နေ

 239

ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၂

ဥရောပသမဂ္ဂ(EU)သည် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှု(Sanctions)များကိုရှောင်ကွင်း နေသည့် အီရန်နိုင်ငံ၏ အစ္စလာမ္မစ်တော်လှန်ရေးအ စောင့်တပ်(IRGC)အပေါ် စီးပွားရေးအရ အပြင်းထန်ဆုံး ပိတ်ပင်သိမ်းဆည်းမှုများ လုပ်ဆောင်ရန် စီစဉ်နေ ကြောင်းသိရသည်။ EU သည် ဥရောပသို့ခိုးဝှက်စီး ဆင်းနေသည့် IRGC နှင့်ဆက်စပ်နေသော ဘီလျံချီ သည့်ယူရိုငွေကြေးများ၊ ရွှေတုံးရွှေခဲများနှင့် Crypto­currency ပိုင်ဆိုင်မှုများကိုသိမ်းဆည်းရန် စဉ်းစား နေခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။ Blockchain စုံစမ်းထောက်လှမ်းရေးအဖွဲ့က IRGC သည် ဗြိတိန် တွင်မှတ်ပုံတင်ထားသည့် Zedcex နှင့် Zedxion ကဲ့သို့သော Crypto Exchanges များမှ တစ်ဆင့် ဒေါ်လာ (၁)ဘီလျံမှ (၃)ဘီလျံအထိ လျှို့ ဝှက်လွှဲပြောင်းခဲ့ကြောင်းတွေ့ရှိခဲ့ရသည်ဟုသိရ သည်။
အစ္စရေးအာဏာပိုင်များကလည်း ပြီးခဲ့သည့်နှစ်ကတည်းက IRGC ထိန်းချုပ်ထားသည့် ဒီဂျစ်တယ်ပိုက်ဆံအိတ် (Wallets) ပေါင်း (၁၈၇) ခုကို အကြမ်းဖက်မှုရန်ပုံငွေအဖြစ်သတ်မှတ်ပြီး ပိတ်ပင်ရန် ကြိုးပမ်းခဲ့ဖူးကြောင်းသိရသည်။ နိုင်ငံတကာက ဒေါ် လာနဲ့ယူရိုငွေစီးဆင်းမှုတွေကို ပိတ်ဆို့လိုက်ချိန်တွင် အီရန်နှင့်ရုရှားကဲ့သို့နိုင်ငံများသည် ကမ္ဘာ့ရွှေဈေး ကွက်(Gold Market)နှင့် ဒီဂျစ်တယ်ငွေကြေးများ ဆီ ဦးလှည့်လာခဲ့ကြောင်းသိရသည်။
EU ၏ လုပ်ဆောင်ချက်သည် ဒီဂျစ်တယ် ပိုင်ဆိုင်မှုများကိုသာမက၊ ဥရောပမြေပေါ်တွင် ရှယ်ယာများ၊ ကုမ္ပဏီ အတုများနှင့် ရင်းနှီးမြှုပ်နှံထားသည့် IRGC ၏ရုပ်ပိုင်းဆိုင်ရာ ရွှေများနှင့်ယူရိုငွေများကိုပါ ပစ်မှတ်ထား သိမ်းဆည်းဖွယ်ရှိ နေကြောင်းသိရသည်။ ထို့ပြင် IRGC ၏ စစ်ရေးစစ်ရာချဲ့ထွင်မှုများနှင့် နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့နေ သည့်ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်လိုက်သလို မျိုးဖြစ်လာဖွယ်ရှိနေသည်။ EU ၏လုပ်ဆောင်ချက် သည် အီရန်တစ်နိုင်ငံတည်းကိုသာ ပစ်မှတ်ထားသည် မဟုတ်ဘဲ ရုရှား၏ စစ်ပွဲရန်ပုံငွေအတွက် အဓိက အသက်ရှူ ပေါက်ဖြစ်နေသည့် ရုရှားအခြေစိုက် Crypto Exchange များနှင့်ငွေကြေးလွှဲပြောင်းမှုအားလုံးကိုပါ အပြီးတိုင် ပိတ်ပင်ရန် တစ်ပြိုင်နက်တည်း ပြင်ဆင်နေခြင်းဖြစ်ကြောင်းသိရသည်။ ဥရောပသမဂ္ဂ(EU)သည် လက်ရှိအချိန်တွင် အီရန်၏ IRGC အဖွဲ့အ စည်းကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ် ထားကြောင်းသိရသည်။

Zawgyi Version;
အီရန္ IRGC အဖြဲ႕၏ ေ႐ႊ၊ ယူ႐ိုႏွင့္ခရစ္ပတိုကြန္ရက္မ်ားကို သိမ္းဆည္းရန္ (EU) စီစဥ္ေန
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၂
ဥေရာပသမဂၢ(EU)သည္ ႏိုင္ငံတကာ ပိတ္ဆို႔အေရးယူမႈ(Sanctions)မ်ားကိုေရွာင္ကြင္း ေနသည့္ အီရန္ႏိုင္ငံ၏ အစၥလာမၼစ္ေတာ္လွန္ေရးအ ေစာင့္တပ္(IRGC)အေပၚ စီးပြားေရးအရ အျပင္းထန္ဆုံး ပိတ္ပင္သိမ္းဆည္းမႈမ်ား လုပ္ေဆာင္ရန္ စီစဥ္ေန ေၾကာင္းသိရသည္။ EU သည္ ဥေရာပသို႔ခိုးဝွက္စီး ဆင္းေနသည့္ IRGC ႏွင့္ဆက္စပ္ေနေသာ ဘီလ်ံခ်ီ သည့္ယူ႐ိုေငြေၾကးမ်ား၊ ေ႐ႊတုံးေ႐ႊခဲမ်ားႏွင့္ Crypto­currency ပိုင္ဆိုင္မႈမ်ားကိုသိမ္းဆည္းရန္ စဥ္းစား ေနျခင္းျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။ Blockchain စုံစမ္းေထာက္လွမ္းေရးအဖြဲ႕က IRGC သည္ ၿဗိတိန္ တြင္မွတ္ပုံတင္ထားသည့္ Zedcex ႏွင့္ Zedxion ကဲ့သို႔ေသာ Crypto Exchanges မ်ားမွ တစ္ဆင့္ ေဒၚလာ (၁)ဘီလ်ံမွ (၃)ဘီလ်ံအထိ လွ်ိဳ႕ ဝွက္လႊဲေျပာင္းခဲ့ေၾကာင္းေတြ႕ရွိခဲ့ရသည္ဟုသိရ သည္။
အစၥေရးအာဏာပိုင္မ်ားကလည္း ၿပီးခဲ့သည့္ႏွစ္ကတည္းက IRGC ထိန္းခ်ဳပ္ထားသည့္ ဒီဂ်စ္တယ္ပိုက္ဆံအိတ္ (Wallets) ေပါင္း (၁၈၇) ခုကို အၾကမ္းဖက္မႈရန္ပုံေငြအျဖစ္သတ္မွတ္ၿပီး ပိတ္ပင္ရန္ ႀကိဳးပမ္းခဲ့ဖူးေၾကာင္းသိရသည္။ ႏိုင္ငံတကာက ေဒၚ လာနဲ႔ယူ႐ိုေငြစီးဆင္းမႈေတြကို ပိတ္ဆို႔လိုက္ခ်ိန္တြင္ အီရန္ႏွင့္႐ုရွားကဲ့သို႔ႏိုင္ငံမ်ားသည္ ကမာၻ႔ေ႐ႊေဈး ကြက္(Gold Market)ႏွင့္ ဒီဂ်စ္တယ္ေငြေၾကးမ်ား ဆီ ဦးလွည့္လာခဲ့ေၾကာင္းသိရသည္။
EU ၏ လုပ္ေဆာင္ခ်က္သည္ ဒီဂ်စ္တယ္ ပိုင္ဆိုင္မႈမ်ားကိုသာမက၊ ဥေရာပေျမေပၚတြင္ ရွယ္ယာမ်ား၊ ကုမၸဏီ အတုမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံထားသည့္ IRGC ၏႐ုပ္ပိုင္းဆိုင္ရာ ေ႐ႊမ်ားႏွင့္ယူ႐ိုေငြမ်ားကိုပါ ပစ္မွတ္ထား သိမ္းဆည္းဖြယ္ရွိ ေနေၾကာင္းသိရသည္။ ထို႔ျပင္ IRGC ၏ စစ္ေရးစစ္ရာခ်ဲ႕ထြင္မႈမ်ားႏွင့္ ႏိုင္ငံတကာအၾကမ္းဖက္အဖြဲ႕အစည္းမ်ားကို ေထာက္ပံ့ေန သည့္ေငြေၾကးစီးဆင္းမႈကို ျဖတ္ေတာက္လိုက္သလို မ်ိဳးျဖစ္လာဖြယ္ရွိေနသည္။ EU ၏လုပ္ေဆာင္ခ်က္ သည္ အီရန္တစ္ႏိုင္ငံတည္းကိုသာ ပစ္မွတ္ထားသည္ မဟုတ္ဘဲ ႐ုရွား၏ စစ္ပြဲရန္ပုံေငြအတြက္ အဓိက အသက္ရႉ ေပါက္ျဖစ္ေနသည့္ ႐ုရွားအေျခစိုက္ Crypto Exchange မ်ားႏွင့္ေငြေၾကးလႊဲေျပာင္းမႈအားလုံးကိုပါ အၿပီးတိုင္ ပိတ္ပင္ရန္ တစ္ၿပိဳင္နက္တည္း ျပင္ဆင္ေနျခင္းျဖစ္ေၾကာင္းသိရသည္။ ဥေရာပသမဂၢ(EU)သည္ လက္ရွိအခ်ိန္တြင္ အီရန္၏ IRGC အဖြဲ႕အ စည္းကို အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္သတ္မွတ္ ထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.